မှိုရှာသွားသော မြန်မာ ၂ ဦး တောဆင်ရန်ပြုခံရ

မှိုရှာသွားသော မြန်မာ ၂ ဦး တောဆင်ရန်ပြုခံရ

၂၈ရက်နေ့ မေလ ၂၀၂၀

ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့နယ်အတွင်းရှိ  Thong Pha Phum  သစ်တောထဲတွင် မှိုသွားရှာသည့် မြန်မာ နိုင်ငံသား နှစ်ဦးကို ယနေ့ တောဆင်ရိုင်းတကောင်း ရန်ပြုခဲ့ သောကြောင့် ဒဏ်ရာ ရရှိပြီး ဆေးရုံတင်ထားရသည်။

မြန်မာနိုင်ငံသား နှစ်ဦး တောထဲတွင် မှိုရှာပြီး အပြန် လမ်းခုလပ်မှာ ဆင်ရိုင်း၏ ရန်ပြုမှုကို ခံရခြင်း ဖြစ်ကြောင်း ထိုင်းမန်နေဂျာ အွန်လိုင်း သတင်းဌာနတွင် ဖော်ပြထားသည်။

သတင်းအရ ဆင်ရိုင်းရန်ပြုသူများကို ဒေသခံ ရွာသားနှင့် သစ်တော တာဝန်ရှိသူများ၏ အကူအညီဖြင့် ကယ်တင်နိုင်ခဲ့ပြီး Thong Pha Phum ဆေးရုံးကို ပို့ဆောင်းထားကြောင်း သိရသည်။

တစ်ဦးကတော့ နှံရိုးကျိုးပြီး မျက်နှာနှင့် နောက်ကျောမှာ ဒဏ်ရာရရှိကာ ကျန်တစ်ဉီးမှာ ခြေထောက် တဖက် ကျိုးသွားကြောင်း ၎င်း သတင်းအရ သိရှိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly