ဝင်ငွေအများဆုံးရတဲ့ အမျိုးသမီး အဆိုရှင်အဖြစ် ကေတီပယ်ရီ ထိပ်ဆုံးမှ ရပ်တည်

ဝင်ငွေအများဆုံးရတဲ့ အမျိုးသမီး အဆိုရှင်အဖြစ် ကေတီပယ်ရီ ထိပ်ဆုံးမှ ရပ်တည်

နာမည်ကျော် အဆိုတော် ကေတီပယ်ရီသည် တေးသီချင်းအယ်လ်ဘမ် အများအပြား ရောင်းချခဲ့ရခြင်း မရှိသော်လည်း တေလာဆွဇ်ကို ကျော်လွန်ကာ ယခုနှစ် ဝင်ငွေအများဆုံးရရှိသည့် အမျိုးသမီး အဆိုရှင် ဖြစ်လာခဲ့ကြောင်း ဖော့စ်မဂ္ဂဇင်းက ဖော်ပြထားသည်။

အသက် ၃၁ နှစ်အရွယ်ရှိ ပယ်ရီသည်  Prismatic ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးစဉ်ကြောင့် လွန်ခဲ့သည့် ၁၂ လက အမေရိကန်ဒေါ်လာ ၁၃၅ ဒေါ်လာ ရရှိခဲ့ကြောင်း  Coty ၊ CoverGirl  ကဲ့သို့ သော အလှကုန်ကုမ္ပဏီများနှင့် Forbes မဂ္ဂဇင်းတို့က  ခန့်မှန်းခဲ့ပြီး နိုဝင်ဘာ ၄ ရက်တွင် ယခုကဲ့သို့ ထုတ်ပြန်ခဲ့သည်။

အသက် ၂၅ နှစ်အရွယ်ရှိ ဆွဇ်သည် ၎င်း၏ လူကြိုက်များခဲ့သော 1989 တေးသီချင်း အယ်လ် ဘမ်ရောင်းချရမှု အမေရိကန်ဒေါ်လာ ၈ဒသမ ၆ သန်း ရရှိထားသော်လည်း စုစုပေါင်းဝင်ငွေ အမေရိ ကန်ဒေါ်လာ သန်း ၈၀ ရရှိကာ ဒုတိယနေရာတွင် ရပ်တည်လျက် ရှိသည်။

ပယ်ရီ၏ နောက်ဆုံးတေးသီချင်း အယ်လ်ဘမ် Prismသည် ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့ပြီး နောက်ပိုင်း ကမ္ဘာတစ်ဝှမ်းတွင် အချပ်ရေ လေးသန်းခန့် ရောင်းချခဲရပြီး ပယ်ရီသည် ယခုနှစ်တွင် ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးစဉ် အများဆုံး ပြုလုပ် ကျင်းပခဲ့သည်။

ဗြိတိန်- အမေရိကန် ရော့ခ်တေးဂီတအဖွဲ့ Fleetwood Macသည် အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၅ သန်းရရှိကာ တတိယနေရာတွင် ရပ်တည်လျက်ရှိကာ လေဒီဂါဂါသည်  အမေရိကန်ဒေါ်လာ ၅၉သန်းရရှိကာ စတုတ္ထနေရာတွင် ရပ်တည်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က ဝင်ငွေအကောင်းဆုံး အမျိုးသမီးအဆိုတော်အဖြစ် ထိပ်ဆုံးတွင် ရပ်တည်ခဲ့ သော အဆိုတော် ဘီယွန်စေးသည် အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၅ သန်းရရှိကာ ပဉ္စမနေရာတွင် ရပ်တည်လျက် ရှိသည်။

ဖော့စ်မဂ္ဂဇင်းသည် ၂၀၁၄ ခုနှစ် ဇွန်လမှ ၂၀၁၅ ခုနှစ်ဇွန်ကအထိ တေးသီချင်း အယ်လ်ဘမ် များ၊ ကမ္ဘာလှည့် ဖျော်ဖြေရေး ခရီးစဉ်များနှင့် အခြားသော စီးပွားရေး ကြော်ငြာများမှ ရရှိသော  ဝင်ငွေ များကို ခန့်မှန်း ပြုစုခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly