မီးတောင်ပြာများကြောင့် ဘာလီကျွန်းလေဆိပ် နှစ်ရပ်ပိတ်ခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်

မီးတောင်ပြာများကြောင့် ဘာလီကျွန်းလေဆိပ် နှစ်ရပ်ပိတ်ခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်

အင်ဒိုနီးရှားနိုင်ငံတွင် အနီးနားရှိ မီးတောင်မှ ပြာမှုန့်များ မှုတ်ထုတ်နေ၍ နှစ်ရက်ကြာပိတ်ခဲ့ရပြီး လေယာဉ်ပျံသန်းမှုပေါင်း ရာချီကာ ပယ်ဖျက်ခဲ့ရသည့် ဘာလီကျွန်းလေဆိပ်ကို ပြန်လည်ဖွင့်လှစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

Ngurah Rai နိုင်ငံတကာလေဆိပ် အဝေးနားက မောင့်ရင်ဂျာနီမီးတောင် လှုပ်ရှားကာ ပြာမှုန့်များ မှုတ်ထုတ်နေခဲ့ရာမှ ပထမဆုံးအဖြစ် ကောင်းကင်ကြည်လင်စပြုလာ၍ဖြစ်သည်။

"အင်ဒိုနီးရှားစံတော်ချိန် နေ့လယ် နှစ်နာရီခွဲမှာ လေဆိပ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ လေက တောင်နဲ့ အနောက်တောင်ကို ဦးတည်တိုက်နေပါပြီ။ ဒါကြောင့် ဘာလီကျွန်းဆီ ပြာမှုန့်တွေ လွင့်လာတော့မှာ မဟုတ်ပါဘူး။"ဟု လေဆိပ်တာဝန်ခံ ယူဖရိယာဒီဂိုနာက အေအက်ဖ်ပီသို့ ပြောခဲ့သည်။

လေဆိပ်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်က စတင်ကာ ပိတ်ခဲ့ပြီး တာဝန်ရှိသူများက နိုဝင်ဘာ ၆ ရက်အထိ ပိတ်မည်ဟု ကနဦးက အမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။ သို့သော် ရာသီအခြေအနေ   ပြန်ကောင်းလာ၍ ယခုကဲ့သို့ ပြန်လည်ဖွင့်လာခြင်းဖြစ်သည်။

နိုဝင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၅ ရက်ကြား လေဆိပ်ပိတ်ခဲ့ရချိန်အတွင်း လေယာဉ်ပျံသန်းမှု ခရီးစဉ်ပေါင်း ၇၀၀ နီးပါး ပယ်ဖျက်လိုက်ရသည်။

Ref ; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly