ရွေးကောက်ပွဲဝင် တစ်သီးပုဂ္ဂလ အမတ်လောင်းများ

ရွေးကောက်ပွဲဝင် တစ်သီးပုဂ္ဂလ အမတ်လောင်းများ

လွှတ်တော်ထဲရှိ တစ်သီးပုဂ္ဂလအမတ်များ၊ ရွေးကောက်ပွဲဝင်မည့် တစ်သီးပုဂ္ဂလ အမတ်လောင်းများနှင့် ပတ်သက်သည့် အချက်အလက်များကို ဖော်ပြလိုက်ပါသည်။

တချို့မှာ နိုင်ငံရေးပါတီတစ်ခု၏ လက်အောက်ခံ မဖြစ်လိုသောကြောင့် တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ခံကြသည်။ တချို့ကလည်း ပါတီအမတ်လောင်းအဖြစ် ရွေးချယ်ခြင်း မခံရသဖြင့် ပါတီ အပြင်ဘက် ထွက်ပြီး တစ်သီးပုဂ္ဂလအဖြစ် ရွေးချယ်ခံကြခြင်း ဖြစ်သည်။

၁။ လွှတ်တော်အသီးသီးမှ ရွေးကောက်ခံအမတ် ၁,၁၂၅ ဦးတွင် တစ်သီးပုဂ္ဂလ  ၆ ဦးရှိ

၂။  တစ်သီးပုဂ္ဂလအမတ် ၆ ဦးတွင် အမျိုးသမီး ၁ ဦးပါဝင်

၃။၂ဝ၁၅ ရွေးကောက်ပွဲအမတ်လောင်း ၆,ဝ၃၉ ဦးတွင် တစ်သီးပုဂ္ဂလ ၃၁ဝ ပါဝင်

၄။ တစ်သီးပုဂ္ဂလအမတ်လောင်း ၃၁ဝ ၏   ပါဝင်မှုကိုအောက်ပါအတိုင်းတွေ့ရသည်။

ပြည်သူ့လွှတ်တော် - ၉ဝ

အမျိုးသားလွှတ်တော် - ၄၂

ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော် -  ၁၇၈

၅။ ၂ဝ၁ဝ ထက် ၂ဝ၁၅ တွင်  တစ်သီးပုဂ္ဂလအမတ်လောင်း  ၄ ဆ ပိုများသည် (၂ဝ၁ဝ - ၈၂ ဦး၊  ၂ဝ၁၅ - ၃၁ဝ)

၆။ တစ်ဦးပုဂ္ဂလကိုယ်စားလှယ်လောင်းများထဲမှ အထင်ကရများ

(၁) ဦးကိုကိုကျော်

ပဲခူးတိုင်း၊ ဖြူးမြို့မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် သမ္မတ၏ ကိုယ်ရေးအရာရှိ ဖြစ်သည်။   ဖြူးမဲဆန္ဒနယ်တွင် သူရဦးရွှေမန်းအပါအဝင် ပြိုင်ဘက် ၆ ဦးရှိသည်။

 (၂)  ဦးခင်လှိုင်

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ရန်ကုန်လူထု၏ ရွေးချယ်ခံ ကော်မတီဝင် ဖြစ်သည်။  ၂ဝ၁ဝ၊ ၂ဝ၁၂ ရွေးကောက်ပွဲတို့တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက် ယှဉ်ပြိုင်သော်လည်း အနိုင်မရခဲ့ပေ။ ဇောတိကကုမ္ပဏီ၊ ဇောတိက သင်္ကန်းဆိုင်များ ပိုင်ဆိုင်သဖြင့် ဇောတိကဦးခင်လှိုင်ဟု ထင်ရှားသည်။

(၃) ဦးစိုးသိန်း

ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် ၉၊ အမျိုးသားလွှတ်တော် သမ္မတ ရုံးဝန်ကြီး တစ်ဦးဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းဆိုင်ရာ အစိုးရ ကိုယ်စားလှယ် အဖြစ်လည်း တာဝန်ယူထားသည်။

(၄)ဒေါ်ညိုညိုသင်း

ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ အထင်ရှားဆုံး လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကပါတီ အမတ်လောင်းအဖြစ် တာဝန်ယူရန် ကမ်းလှမ်းသဖြင့် ပူးပေါင်း ဆောင်ရွက်သော်လည်း နောက်ဆုံးတွင် ပယ်ချခံရပြီး တစ်ဦးပုဂ္ဂလအမတ်လောင်း ဖြစ်လာသည်။

(၅) ဦးဌေးအောင်

ရန်ကုန်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ပြည်သူ့လွှတ်တော် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် ရန်ကုန်လူထု၏ ရွေးချယ်ခံ ကော်မတီဝင် ဖြစ်သည်။ မြန်မာနိုင်ငံ မော်တော်ကားဈေးကွက်၏ အထင်ကရ လုပ်ငန်းရှင်လည်း ဖြစ်သည်။

(၆) ဦးဖုန်းဇော်ဟန်

အောင်မြေသာစံမြို့နယ်အမှတ်(၁) မဲဆန္ဒနယ်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် မန္တလေးမြို့တော်ဝန်အဖြစ် ၇ နှစ်ကျော် ခန့်အပ်ခံရပြီး ယခုအခါ နေပြည်တော် ကောင်စီဝင်အ ဖြစ် တာဝန်ယူလျက် ရှိသည်။

(၇) ဦးနေဝင်းအောင်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြည်သူ့လွှတ်တော် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့နှင့် နီးစပ်သည့် Myanmar National Network ၏ တွဲဖက်အတွင်းရေးမှူး ဖြစ်သည်။

၈။ဦးနိုင်ဝင်းထွန်း(ခ) ဦးနောင်တော်လေး

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊  ပြည်သူ့လွှတ်တော် Myanmar National Network ၏ အထွေထွေအတွင်းရေးမှူး ဖြစ်သည်။

(၉)ဦးဝင်းကိုကိုလတ်

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ပြည်သူ့လွှတ်တော် Myanmar National Network ၏  ဥက္ကဋ္ဌ ဖြစ်သည်။

(၁ဝ)ဦးအောင်မင်း

ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် ၇၊ အမျိုးသားလွှတ်တော် သမ္မတရုံးဝန်ကြီး တစ်ဦးဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းဆိုင်ရာ အစိုးရ ကိုယ်စားလှယ် အဖြစ်လည်း တာဝန်ယူထားသည်။

(၁၁) ဦးအောင်သူ

မန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် ၃၊ အမျိုးသားလွှတ်တော် ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly