မလေးရှား၌ ထိန်းသိမ်းခံ ရွှေ့ပြောင်းလုပ်သားများတွင် ကိုရိုနာဗိုင်းရပ်စ် အမြောက်အမြား ကူးစက်

မလေးရှား၌ ထိန်းသိမ်းခံ ရွှေ့ပြောင်းလုပ်သားများတွင် ကိုရိုနာဗိုင်းရပ်စ် အမြောက်အမြား ကူးစက်

မေ ၂၄

မလေးရှားနိုင်ငံတွင် အထောက်အထားမဲ့ ထိန်းသိမ်းခံ ရွှေ့ပြောင်းလုပ်သားများတွင် အမြောက်အမြား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကြောင်း အာဏာပိုင်များက ပြောသည်။

မလေးရှားနိုင်ငံတွင် လော့ဒေါင်းဧရိယာများအတွင်း စီးနင်းမှုများ ပြုလုပ်ပြီး ယခုလအတွင်း ဖမ်းဆီးထားသည့် ရွှေ့ပြောင်းအလုပ်သမားပေါင်း ၂၀၀၀ ကျော်ထက်မနည်း ရှိသည်။

ထိုသို့ စီးနင်းဖမ်းဆီးထားသည့် ရွှေ့ပြောင်းအလုပ်သမားများကို ထားရှိရာ စင်တာများသည် လူပြည့်ကျပ်မှုများလည်း ရှိနေသည်။

ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက ထိုသို့ စီးနင်းဖမ်းဆီးမှုများကို ရပ်တန့်ရန် မလေးရှားအား တောင်းဆိုပြီး ကပ်ဘေးကာလအတွင်း ခုခံစွမ်းနည်းသော ရွှေ့ပြောင်းအလုပ်သမားများအပေါ် ယင်းသို့သော အပြုအမူအတွက် ဝေဖန်ပြစ်တင်ကြသည်။

မလေးရှားနိုင်ငံတွင် လက်ရှိအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၇၁၈၅ ဦးရှိကာ လူ ၁၅၅ ဦး သေဆုံးထားပြီ ဖြစ်သည်။

ကွာလာလမ်ပူမြို့နားက ရွှေ့ပြောင်းအလုပ်သမား ၁၆၀၀ ခန့်ကို ထိန်းသိမ်းထားသော စင်တာတွင် ဗိုင်းရပ်စ်ကူးစက်သူ ၂၁ ဦး တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့၌ ပြောသည်။

အဆိုပါ ကူးစက်မှုသည် ဒုတိယမြောက် ရွှေ့ပြောင်းအလုပ်သမား အများအပြား ဗိုင်းရပ်စ် ကူးစက်ခံရခြင်း ဖြစ်သည်။ ယခု သီတင်းပတ်အစောပိုင်းက ဘူကစ်ဂျာလီအရပ်ရှိ ရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးထားသည့် စင်တာတွင် လူပေါင်း ၆၀ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခဲ့သည်။

အဆိုပါ စင်တာများ၌ ဗိုင်းရပ်စ် ကူးစက်သည့် ရင်းမြစ်ကို မသိရသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဟစ်ရှမ်အက်ဘ်ဒူလက်ရှက်က ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများကို မဖမ်းဆီးခင် စက္ကရင် ဖတ်ခဲ့သော်လည်း ဗိုင်းရပ်စ် ကူးစက်မှုကို မတွေ့ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများအား ယင်း စင်တာများ၌ လအတန်ကြာ ထိန်းသိမ်းထားပြီးနောက် နေရပ် ပြန်ပို့မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required