ကြွေးမြီပမာဏ ပေါင်သန်း ၄၃၀ နီးပါးအထိ မြင့်တက်လာဟု မန်ယူနိုက်တက် ကြေညာ

ကြွေးမြီပမာဏ ပေါင်သန်း ၄၃၀ နီးပါးအထိ မြင့်တက်လာဟု မန်ယူနိုက်တက် ကြေညာ
Photo: EPA

မန်ချက်စတာယူနိုက်တက်က အသင်းရဲ့ နောက်ဆုံးဘဏ္ဍာရေးရှင်းတမ်းအရ သူတို့ရဲ့ ကြွေးမြီပမာဏဟာ ပေါင်သန်း ၄၃၀ နီးပါးအထိ ရောက်ရှိလာခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဥရောပတစ်လွှားဘောလုံးပြိုင်ပွဲတွေ ရပ်နားထားခဲ့မှုနဲ့အတူ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ပရီးမီးယားလိဂ်ကလပ်ရဲ့ ပထမ ၃ လပတ်ဘဏ္ဍာရေးရှင်းတမ်းအရ ၂၀၂၀ ဇန်နဝါရီ ၁ ရက်နေ့ကနေ မတ် ၃၁ ရက်နေ့အတွင်း ရုပ်သံဝင်ငွေ၊ ကွင်းဝင်ကြေးနဲ့ ပစ္စည်းရောင်းချမှုဝင်တွေဟာ ပေါင်သန်း ၃၀ ကျော် ကျဆင်းသွားပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ဝင်ငွေ ၁၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ပေါင် ၁၂၃.၇ သန်းသာ ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် ယူနိုက်တက်ရဲ့ အကြွေးပမာဏဟာ ပေါင် ၁၂၇.၄ သန်း တိုးလာပြီး စုစုပေါင်း ကြွေးမြီ ပေါင် ၄၂၉.၁ သန်းအထိ ရှိလာခဲ့တာဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့နှစ်နောက်ပိုင်း အကြွေးပမာဏ မြင့်တက်လာမှု ၄၂ ရာခိုင်နှုန်းရှိခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်းကြေးနဲ့ ဟယ်ရီ မက်ဂွိုင်ယာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့အပါအဝင် ကစားသမားတွေအတွက်ပေးရတဲ့ ပြောင်းရွှေ့ကြေးတွေကြောင့် အသားတင်ကြွေးမြီ တိုးလာတာဖြစ်ပါတယ်။

အမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝပ်က ကိုရိုနာဗိုင်းရပ်စ် ဖန်တီးတဲ့ "စိန်ခေါ်မှုများ"လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ယူနိုက်တက်ဟာ မတ် ၁၂ ရက်နောက်ပိုင်း ဘောလုံးပွဲတွေနဲ့ ကင်းကွားနေခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly