“တိုင်းရင်းသားတွေရဲ့ မဲ မရဘဲနဲ့ အင်န်အယ်လ်ဒီ သမ္မတ မဖြစ်နိုင်ဘူး”

“တိုင်းရင်းသားတွေရဲ့ မဲ မရဘဲနဲ့ အင်န်အယ်လ်ဒီ သမ္မတ မဖြစ်နိုင်ဘူး”

ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် လွှတ်တော်၊ မာန်အောင် ကျွန်းမဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ရခိုင်အမျိုးသားပါတီသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)တို့ပြီးလျှင် ရခိုင်ပြည်နယ်တွင် အင်အားအကြီးမားဆုံး ပါတီဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် အတွက် ၂၉ နေရာ၊ ပြည်နယ်လွှတ်တော်အတွက် ၃၄ နေရာ ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။

မဲဆွယ်စည်းရုံးရေး အခြေအနေများနှင့် ပတ်သက်၍ Myanmar Now သတင်းထောက် ဆွေဝင်းက အင်္ဂါနေ့တွင် ဆက်သွယ်မေးမြန်းရာ ၎င်းက ရခိုင်အမျိုးသားပါတီသည် NLD ၏ ထိုးနှက်တိုက်ခိုက်မှှု ခံနေရ သော်လည်း ပြည်နယ်အတွင်း မဲဆန္ဒ္ဒနယ်အားလုံး၏ ၉ဝ ရာခိုင်နှှုန်းကျော် နိုင်ရန် သေချာနေပြီး ပြည်နယ် လွှတ်တော်၊ ပြည်နယ်အစိုးရတို့ကို ထိန်းချုပ်၍ ရခိုင်အမျိုးသားတို့၏  ကံကြမ္မာကို ခိုင်ခန့်ရန် တည်ဆောက် ကြိုးပမ်းမည်ဟု ပြောဆိုခဲ့သည်။ 

ဒေါက်တာအေးမောင်ရဲ့ မဲဆန္ဒနယ်မြေမှာ ပြည်သူလူထုရဲ့တုန့်ပြန်မှှုက ဘယ်လိုရှိလဲ။

မာန်အောင်ဟာ သိတဲ့အတိုင်းပဲ မြောက်ပိုင်းက ပိုဖွံ့ဖြိုးတယ်၊ ဘာလို့လဲဆိုတော့ ရေလုပ်ငန်းတွေ ရှိလို့။ တောင်ပိုင်းက ဖွံ့ဖြိုးမှှု နည်းတယ်။ မြောက်ပိုင်းကတော့ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီကို ပိုယုံကြည် စိတ် ချမှှု ရှိတယ်။ ကျွန်တော်ပြိုင်မယ့် နေရာက အမှတ် ၂ နယ်မြေ တောင်ပိုင်းပါ၊ ပညာရေးနိမ့်ကျတယ်၊ ဆက် သွယ်ရေးအားဖြင့် ခုထိ တယ်လီဖုန်း အဆက်အသွယ်မရဘူး၊ လမ်းတွေ မကောင်းဘူး၊ အကြောက်တရား လွှမ်း မိုးမှှုတွေလည်း ရှိနေတယ်။ အကြောက်တရား လွှမ်းမိုးတယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီ အားကောင်းတယ်ပေါ့။

ရခိုင်အမျိုးသားပါတီကို မဲထည့်ရင် ဒေသတွင်း မဲကွဲပြီး ပြည်ခိုင်ဖြိုး အာဏာဆက်ရနေမယ်လို့ NLD  ဘက်က ရခိုင်ပြည်နယ် မြို့နယ်တချို့မှာ ပြောနေတာတွေလည်း ကြားရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။

ကျွန်တော်တို့က ပြည်ခိုင်ဖြိုးကို တိုက်နေတာ၊ NLD ကို မိတ်ဖက်လို သဘောထားတယ်။ ဒါပေမယ့် အောက်ခြေမှာရှိတဲ့ ပါတီဝင်တွေက ကျွန်တော်တို့ကို မိတ်ဖက်လို့ မသတ်မှတ်ဘူး။ ကျွန်တော်တို့ကို မဲပေးခြင်း အားဖြင့် ဒီမဲတွေဟာ သဲထဲရေသွန်ဖြစ်သွားမယ်လို့ သူတို့တွေ ပြောနေကြတယ်။ အဲဒီအခါမှာ ပြည်ခိုင်ဖြိုးက ကောက်စားတာပေါ့။ သို့သော်လည်း ကျွန်တော်တို့ ပြန်တည်ဆောက် ပါတယ်။ ပြန်တည်ဆောက်တဲ့အခါမှာ ကျွန်တော်တို့ ၆ဝ ရာခိုင်နှှုန်းလောက်ကို လူထုထောက်ခံမှှု ရလာတယ်၊ ခု ၇၅ ရာခိုင်နှှုန်းကို ကျော်သွားပြီ။ ဒါ မာန်အောင်ကျွန်းရဲ့အခြေအနေကိုပြောတာ၊ ရခိုင်ပြည်နယ် တစ်ခုလုံးမှာတော့ ကျွန်တော်တို့ပါတီကို ထောက်ခံမှှုက ၉၅ ရာခိုင်နှှုန်း အထက်မှာ ရှိနေတယ်။

မကြာသေးခင်က ရခိုင်ပြည်နယ် မြို့တချို့ကို ဒေါ်အောင်ဆန်းစု ကြည်လာပြီးနောက် အဲဒီဒေသခံ ပြည်သူတွေက NLD ကို ထောက်ခံလာကြပြီလို့ ကြားရတယ်။ ဒါတွေကော ဘယ်လို သဘောရလဲခင်ဗျ။

NLD အောက်ခြေကတော့ အထက်က လူကြီးတွေသိအောင် ကျွန်တော်တို့ နိုင်မယ်ဘာမယ်နဲ့ ဒါပေမယ့်လည်း ဒါဟုတ်ချင်မှ ဟုတ်မှာပေါ့။ အောက်ခြေကတော့ ၁၉၉ဝ မှာလို နိုင်မယ်ထင်လို့ ပြောချင်ပြော မှာပေါ့၊ ဒါပေမယ့် ရခိုင်အမျိုးသားပါတီက ပြည်သူလူထု အောက်ခြေကို ထဲထဲဝင်ဝင် ထိုးပေါက်ထားတဲ့ အခြေ အနေနဲ့ ၂ဝ၁၂ ရခိုင်ဘင်္ဂါလီ အရေးအခင်း နောက်ဆက်တွဲမှာသူတို့ လုံခြုံမှှု စိုးရိမ်ချက်နဲ့ ရခိုင်တွေက သူတို့ရဲ့ ညီညွတ်မှှုအားနဲ့ ပြန်တည်ဆောက်ခဲ့ကြတာဗျ။

NLD အားကောင်းပုံရတဲ့ ရခိုင်တောင်ပိုင်းမှာလည်း ရခိုင်အမျိုးသားပါတီ အားကောင်းတယ်လို့ ဆိုတာ လား။

ဒါပေါ့၊ ဟုတ်တယ်။ ၂ဝ၁၂ အရေးအခင်းဖြစ်ပြီး နောက်ပိုင်းဗျ၊ အဲဒါမတိုင်ခင်ကတော့ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကုတ်မြို့ (မွတ်စလင် ဆယ်ဦး သတ်ဖြတ်ခံရမှု)နဲ့ ပတ်သက်ပြီး လူများစုက လူနည်းစုကို အနိုင်မကျင့်သင့်ဘူးလို့ ပြောဆိုတာရဲ့နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမာခံတွေ နယ်မြေဖြစ်တဲ့ တောင်ပိုင်းတစ်ခုလုံး ပြိုကျသွားတယ်။ Reality (ပကတိအခြေအနေ) ကို ရခိုင်တွေ သဘော ပေါက်သွားတယ်။ သူတို့ရဲ့မျိုးရိုးစဉ်ဆက် ဖြစ်ခဲ့တာတွေကို၊ လူမျိုးတစ်ခုလုံးရဲ့ အနာဂတ်ကို ပြန်လည် သုံးသပ်ပြီး သူတို့ရဲ့ အခြေအနေကို သူတို့ ပြန်လည်တည်ဆောက်မှ ရတော့မယ်ဆိုတာ သူတို့ သဘော ပေါက်သွားကြတယ်။ တောင်ပိုင်းမြောက်ပိုင်းဆိုပြီး အင်္ဂလိပ် လက်ထက်ကတည်းက သွေးခွဲ အုပ်ချုပ်ခံခဲ့ရတဲ့ အခြေအနေမှာ အမျိုးသားရေး ရေချိန်ကို ပြန်ညှိပြီး စည်းလုံးညီညွတ်မှှု ရှာနိုင်ခဲ့ကြတယ်။

NLD နဲ့ မဟာမိတ်ဖွဲ့ဖို့ ကြိုးပမ်းခဲ့တာ ရှိလား။

ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့လည်း အကြံပြုပါတယ်။ မဟာမိတ်ကောင်းကောင်း တည် ဆောက်ပါ၊ တိုင်းရင်းသား ဒေသတွေကို လာခြင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်း သားဒေသတွေနဲ့ ချစ်ကြည်မှှု အရပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ လူထုခေါင်းဆောင်ပါ။ ကျွန်တော်တို့ လည်း ချစ်ပါတယ်။ လေးလည်း လေးစားပါတယ်။ တိုင်းရင်းသားဒေသတွေကို သွားခြင်းသည် မဲဆွယ်ခြင်း မဟုတ်ဘဲ တိုင်းရင်းသားတွေနဲ့ ချစ်ကြည်ရေး သဘောပေါ့ဗျာ။ ကိုယ့်လိုအပ်ချက်အတွက် မဟုတ်ဘဲ အကူအ ညီပေးမယ်၊ အားပေးမယ်၊ ဖက်လဲတကင်း နွေးထွေးစွာပွေ့ ဖက်မယ်။ ပြည်ထောင်စုဆိုတာ ဒါမျိုးဆိုပြီး ရင်ခြင်း နှလုံးသားခြင်း လဲလှယ်မယ်၊ ဒါမျိုးဆိုရင် အင်မတန်ကို လှမယ့် ပွဲကြီးပဲ။ ဒါပေမယ့် သ့ူလူတွေက ပါတီစွဲလေး တွေ ပါလာတော့ ဒီဘက်က လည်း ပြန်တုံ့ပြန်ရတာပေါ့။ ခံစစ်ကြောင်း လုံခြုံအောင် ပြန်လုပ်ရတာပေါ့။ ကျွန်တော် ပြောနေတာ ဒေါ်အောင်ဆန်းစုကြည်ကို ပြောနေတာ မဟုတ်ဘူး၊ သူ့အောက်ခြေက လူ့တွေကို ပြောနေတာပါ။

NLD နဲ့ မဟာမိတ်မဖြစ်ရတာ အဓိက ဘာအကြောင်းတွေ ခံနေလို့လဲ။

ကျွန်တော်တို့ ပြဿနာတက်နေတာ မဟုတ်ဘူး။ ဦးတည်ချက် လမ်းကြောင်း မတူတာ။ ကျွန်တော်တို့ က ပြည်နယ်အစိုးရကို ထိန်းချုပ်ဖို့ ကြိုးစားတာ။ ပြည်နယ်အစိုးရကို ထိန်းချုပ်ဖို့ ရခိုင်ပြည်ဖက်က တက်မယ့် ပြည်ထောင်စု လွှတ်တော်နေရာမှာ အပြည့်လွှမ်းမိုးနိုင်ဖို့ လိုတာပေါ့။ ပြည်ထောင်စု လွှတ်တော်မှာ ရခိုင်အမတ် ရှိမှပဲ ဟိုမှာ Bargaining Power (ဆွေးနွေးရာမှာ ကိုယ့်ဘက်က အားသာချက်)ရှိမှာပေါ့။ ရခိုင်ပြည်နယ် လွှတ်တော်ကို ထိန်းချုပ်ပြီး ရခိုင်ပြည်နယ် အစိုးရကို ဖွဲ့မယ်ဆိုတဲ့ ကျွန်တော်တို့ ပါတီသည် ပြည်ထောင်စု လွှတ်တော်မှာ အမတ်တစ်ယောက်မှ မရှိဘဲ NLD က လူတွေအားလုံး နေရာယူသွားမယ်ဆိုရင် ခင်ဗျားပြန် ကြည့်လေ။ သူတို့ဘက်က လာတာက ပြည်နယ်လွှတ်တော်ကို ရခိုင်အမျိုးသား ပါတီကယူ။  ပြည်ထောင်စု လွှတ်တော်ကို သူတို့ဘက်က(ယူ)။ NLD က မဟာဗျူဟာ မှားတယ်ဗျ။

သူ့မူအရ။ ငါတို့ကအစိုးရကို အရင်ပြောင်းမယ်။ ပြီးမှ စစ်မှန်တဲ့ ပြည်ထောင်စုကိုသွားမယ်။ ဒီကြားထဲ မှာဖြစ်နေတဲ့ အပြောင်းအလဲတွေက တိုင်းရင်းသားတွေမှာ(လွတ်လပ်ရေးရတာ) ၆၈ နှစ်ရှိပြီ၊ စစ်မှန်တဲ့ ပြည်ထောင်စုကို မရဘူး။ ဒီအပြောင်းအလဲမှာ အာမခံချက်နဲ့ တခါတည်း ဖြစ်စေမယ်။ ပြည်ထောင်စု အစိုးရ တောင်မှ ပွင့်ပွင့်လင်းလင်း ပြောရင်ဗျာ ညွန့်ပေါင်းဖြစ်ရမှာပေါ့။ NLD တစ်ဦးတည်း မင်းမူတာ မဖြစ်ရဘူး၊ ပြည်ခိုင်ဖြိုး မင်းမူနေသလိုပေါ့ဗျာ၊ သဘောပြောတာ။ NLD က တိုင်းရင်းသားတွေဘက်က တင်ပေးတဲ့ ၂ဝ ရာခိုင်နှုန်းရလို့ အစိုးရဖွဲ့နိုင်ရင် သူ့ဘက်က ရာခိုင်နှုန်းမြင့်သွားပြီ။ တိုင်းရင်းသားတွေရဲ့ မဲမရဘဲနဲ့ NLD သမ္မတ မဖြစ်နိုင်ဘူး၊ လက်ရှိ အခင်းအကျင်းမှာ။

ဒေါက်တာ အေးမောင်တို့က ပြည်ခိုင်ဖြိုးနဲ့ ကြိတ်ပြီးတော့ မဟာမိတ်ဖွဲ့ဖို့ ဆုံးဖြတ်ထားတယ်၊  ပြီးတော့ NLD ဟာ မွတ်စလင်လိုလားတဲ့ ပါတီဆိုပြီးတော့ မဲဆွယ်ပွဲတွေမှာ ပြောတယ်လို့ စွပ်စွဲနေကြတယ်။

မဟုတ်ပါဘူး။ ပထမတစ်ခုလည်း မဟုတ်၊ ဒုတိယတစ်ခုလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့က ခုခံနေ ကြတဲ့သူပါ။ ရခိုင်တွေ အတိတ်သမိုင်းမှာ ဘယ်လောက် လူဦးရေရှိခဲ့သလဲ။ အင်္ဂလိပ် အုပ်ချုပ်တယ်ဗျာ၊ ရခိုင် တွေ ပျံ့သွားတယ်၊ ဘင်္ဂလားဒေ့ရှ်(ဘက်ကို)လည်းရောက်ကြတယ်၊ အိန္ဒိယလည်း ရောက်ကြတယ်။ ရခိုင်တွေ အလုပ်အကိုင်မရှိ၊ စီးပွားရေးမရှိနဲ့ ချွတ်ခြုံကျပြီးမှ ရခိုင်တွေ ကမ္ဘာကြီးတစ်ခုလုံးကို ပျံ့သွားတာ။ ၂ သန်း လောက်ရှိတဲ့ ရခိုင်တွေ၊ ရခိုင်ပြည်နယ်မှာ ၁ သန်းတောင် မရှိတော့ဘူး။

အဲဒီတော့ လူဦးရေအခြေအနေကို ကြောက်ရတယ်။ တဘက်ကလာတဲ့ တရားမဝင် ဝင်ရောက်လာ သူတွေရဲ့ အင်အားက ၁ သန်းလောက် ဖြစ်လာပြီ။ အင်မတန် ကြောက်စရာကောင်းတဲ့ ခြားနား မှုပေါ့ဗျာ။  (လွတ်လပ်ရေးရတာ)  ၆၈ နှစ်ရှိပြီ၊ ရခိုင်ပြည်နယ်ကို ရခိုင်တို့ကိုယ်တိုင် စီမံခန့်ခွဲ အုပ်ချုပ်ပိုင်ခွင့် မရှိဘူး။ အခု အပြောင်းအလဲကာလမှာ ကျွန်တော် အဲဒါကြောင့် ရခိုင်ပြည်နယ် ပါလီမန်နဲ့ ရခိုင်ပြည်နယ် အစိုးရကို ထိန်းချုပ် ဖို့ လာတာဗျ။

ရခိုင်ပြည်နယ်အစိုးရကို ကျွန်တော်တို့ကိုယ်တိုင် ဖွဲ့မှဖြစ်မယ်။ အဲဒီမှာ NLD က ပြောသလို ရခိုင်ပါတီ ကို မဲပေးရင် သဲထဲရေသွန်ဖြစ်မယ်၊ အင်မတန် အပြောင်းအလဲကာလဗျ။ ရခိုင်ပြည်နယ် ပါလီမန်၊ ရခိုင်ပြည် နယ်အစိုးရကို NLD ဘက်ကတချို့ ဂွ(မြို့)ဘက်ကပုဂ္ဂိုလ်တွေနဲ့ ချုပ်ကိုင်ချင်တဲ့သဘောမျိုး ဖြစ်လာတယ်။ တိုက်စစ်က တော်တော်ပြင်းတယ်ဗျ။ အဲဒီတော့ ကျွန်တော်တို့ဘက်က ပြန်ပြီး ခံစစ်လုံအောင် ထားရတာပေါ့။ ဟုတ်ပြီ ပြည်ထောင်စုအစိုးရက လူ့အခွင့်အရေးကို သေသေချာချာ သဘောပေါက်တဲ့ ဒီမိုကရေစီအစိုးရဖြစ်ပြီ၊ နိုင်ငံတကာ ဖိအားတွေလာပြီ၊ ပြည်ထောင်စု အစိုးရဆိုတာ NLD အစိုးရ၊ သူ့ရဲ့ ဝန်ကြီးချုပ်တို့ဘာတို့က NLD ဘက်က ဖြစ်ခဲ့လို့ရှိရင် ဘာမှခုခံပိုင်ခွင့်ရှိမှာမဟုတ်ဘူး။ သူ့ရဲ့ ပါတီမူဝါဒအတိုင်းပဲလူ့အခွင့်အရေးပေတံနဲ့ တိုင်းကြတော့မှာကိုး။ အဲဒါကြောင့် ကျွန်တော်တု့ိရခိုင်တွေဘက်မှာရွေးစရာမရှိဘူး။ အမြင်တူတဲ့ အစိုးရတရပ် ရှိဖို့လိုတယ်၊ မဟုတ်ရင် ကျွန်တော်တို့ ပျောက်သွားမယ်။ ဒါလေးကို သဘောပေါက်ပေးဖို့ လိုတယ်။

ရခိုင်ပါတီက နိုင်တယ်ထားဦး၊ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်ထောင်စု အစိုးရက တိုက်ရိုက်ခန့်တဲ့ ပေါ်လစီ ဖြစ်နေတာ ဘယ်လို အစိုးရဖွဲ့နိုင်မလဲ၊ ပြည်နယ်မှာ။

အဲဒါ ခင်ဗျားတို့ နားမလည်လို့ပြောတာ။ ကျွန်တော်ပြောတာက တိုင်းရင်းသား power က ၃၁ ရာခိုင် နှုန်းလေ။ ပြည်ထောင်စု လွှတ်တော်မှာရှိမယ့် ၃၁ ရာခိုင်နှုန်းကို ပြည်ထောင်စု အစိုးရကို ဘယ်သူတွေဖွဲ့ဖို့ဆိုတဲ့ မဲလေ။ NLD ဘယ်လောက်ပဲအော် အော်ဗျာ။ တိုင်းရင်းသားမဲ၊ ကျွန်တော်တို့ မဲမပါပဲနဲ့ သမ္မတ မဖြစ်ဘူး။

ကျွန်တော်တို့ကို လာပြီးတော့ ကျွန်တော်တို့ကို မဲပေးပါလို့ ပြောတဲ့ပါတီကြီးတွေကို ကျွန်တော်တို့က မဲပေးရမှာကိုး။ ကျွန်တော်တို့ မဲကို အလကားပေးပါ့မလား။ အဲဒါကို ကျွန်တော်တို့ ပြန်သုံးမှာကိုး။ ပြည်နယ်အ စိုးရမှာ တိုင်းရင်းသားတွေကို ဘယ်နေရာပေးပါ၊  အဲဒီလိုမှမဟုတ်ရင် သမ္မတကို ကျွန်တော်တို့ မခန့်ဘူး။ အပေးအယူပေါ့၊ ခင်ဗျားတို့လိုချင်တဲ့ သမ္မတကြီးတစ်ယောက် ပေးမယ်၊ ကျွန်တော်တို့လိုချင်တဲ့ ဝန်ကြီး၊  ပြည်နယ် ဝန်ကြီးချုပ်နေရာတွေ ပါတီကိုပေး။ ဒါစာချုပ် ချုပ်ရမှာပေါ့။

တိုင်းရင်းသား ကိုယ်စားလှယ်တွေ အကုန်လုံး ရွေးကောက်ပွဲအလွန်မှာ ဒီကိစ္စ ညှိနှိုင်းရမှာပေါ့။ အဲဒါကြောင့် ပြည်ထောင်စု လက်တံမှာ ကျွန်တော်တို့ အားတစ်ခုရှိနေဖို့ လိုတယ်။ ပြည်နယ်လက်တံမှာ အားတစ်ခုရှိဖို့ လိုတယ်။ အဲဒီအားနှစ်ခုနဲ့ ကျွန်တော်တို့ ညှိဖို့အတွက် လုပ်တဲ့အခါမှာ ပြည်ထောင်စု လက်တံ ကြီးကို NLD က ရိုက်ချိုးတာပေါ့။ အဲဒါကို ကျွန်တော်တို့ ဘယ်ခံနိုင်မလဲ။

ရခိုင်ပြည်နယ်ရဲ့ ရွေးကောက်ပွဲရလဒ်ကို ဘယ်လို မျှော်လင့်ထားလဲ။ ရခိုင်တွေပဲ အများဆုံးရမယ်လို့ မျှော်လင့်ထားလား။

ဟုတ်တယ်။ ရလဒ်ကိုအားလုံး ကောင်းမယ်လို့။ ပြန်ကြည့်။ ဂွရယ်၊ သံတွဲရယ်။ တောင်ကုတ်၊ မာန်အောင်။ အားလုံးကောင်းတယ်။ အခု ပြည်ခိုင်ဖြိုးက အခုကြိုတင်မဲတွေ ပေါက်တက်ကရ လုပ်နေတာ ကျွန်တော် သိနေပြီ။ နေရာတိုင်းမှာ။ သူတို့ကအာဏာ အလွှဲအပြောင်းအတွက် တော်တော်လေးကို စဉ်းစား ဆင်ခြင်နေမှာ၊ နည်းအမျိုးမျိုးကို။ အဲဒီအခါမှာ ကျွန်တော်တို့ အတိုက်အခံတွေ ပြန်ကွဲတယ်။ NLD ကျွန်တော် တို့ကို ထိုးစစ်မဆင်ရဘူး။ ကျွန်တော်တို့နဲ့ မိတ်ဖက်ကို နောက်ကွယ်မှာလုပ်ရမှာ။ (ဒေါ်အောင်ဆန်းစုကြည်က) အဲဒီလို လုပ်ပြီးမှာ ဒီထိုးစစ်ကို ရှင်တို့တာဝန်ယူ၊ ဟိုဘက် ရှမ်းဘက်ကို ဦးခွန်ထွန်းဦး တာဝန်ယူ၊ ပြည်မမှာနိုင်ဖို့ ကျွန်မ တာဝန်ယူမယ်။ မဟာဗျူဟာအရ ထိပ်တိုက်ကို ကြပ်ကြပ်မတ်မတ်လုပ်ရမှာ။ ပြည်နယ်ထိုးစစ်ကို ပြည်နယ်ဘက်ကပေါ့။ အာဏာခွဲဝေမှုတွေ၊ တာဝန်တွေကို ခွဲဝေရမှာ။ အခုတော့ လောဘတကြီးနဲ့။ ဒါမျိုးက မလုပ်အပ်ဘူးဗျ။ ပါလီမန်မှာ မဟာမိတ်ချိတ်ဆက်မှု ပြိုကွဲနိုင်တယ်ဗျ။ အဓိက ကိုယ့်အမျိုးသား အကျိုးစီးပွားနဲ့ ဖီလာဆန့်ကျင်ရင် မည်သည့်ပါတီကိုမဆို မထောက်ခံဘူး၊ ဝေဖန်မှာပဲ၊ ပြောမှာပဲ၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းကိုလည်း ပြောမှာပဲ။ ထာဝရတည်တံ့တဲ့ ပြည်ထောင်စုထဲက ပြည်နယ်တစ်ခု ဖြစ်ချင်တယ်၊ ကျွန်တော်တို့လက်ထက်မှာ ပျောက်သွားတာမျိုး မဖြစ်ရဘူး။ အနာဂတ်အတွက် လျှောက်လှမ်းချက်တစ်ခုကို ပြည်ထောင်စုသား အားလုံးနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ ချနိုင်ရမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly