အိန္ဒိယ၌ မေလ ၂၅ မှစ၍ ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲမည်

အိန္ဒိယ၌ မေလ ၂၅ မှစ၍ ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲမည်

မေ ၂၁

အိန္ဒိယလေဆိပ်များအာဏာပိုင်အဖွဲ့ (AAI) သည် မေလ ၂၅ ရက်မှ စတင်၍ ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည်စတင်နိုင်ရန် လေဆိပ်အော်ပရေတာများအတွက် လုပ်ငန်းဆိုင်ရာလုပ်ထုံးလုပ်နည်း (SOP) ကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ခြေရာခံသည့်  Aarogya Setu အက်ပလီကေးရှင်းသည် အသက် ၁၄ နှစ်အောက်ကလေးများအတွက် မလိုအပ်ဟု ပြောကြားခဲ့သည်။

ခရီးသည်များသည် လေဆိပ်အဆောက်အအုံထဲသို့ မဝင်မီ မြို့ဘက်အခြမ်းရှိ သတ်မှတ်ထားသောနေရာတွင် ကိုယ်အပူချိန်စစ်ဆေးရန်အတွက် စစ်ဆေးခြင်းဇုန်ကို မဖြစ်မနေ ဖြတ်လျှောက်သွားရမည်” ဟု AAI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရီးသည်များလေဆိပ်အဆောက်အအုံထဲမဝင်မီ ၎င်းတို့၏ အိတ်များကိုသန့်ရှင်းရေးလုပ်ရန် လေဆိပ်အော်ပရေတာများက  စီစဉ်ပေးရမည်ဟုလည်း မေလ ၂၀ ရက်ထုတ်  SOP တွင် ပါရှိသည်။

AAI သည် တစ်နိုင်ငံလုံးတွင် လေဆိပ်ပေါင်း ၁၀၀ ကျော်ကိုစီမံခန့်ခွဲလျက်ရှိသည်။ သို့သော် ဒေလီ၊ မွန်ဘိုင်း၊ ဘန်ဂါလူရူနှင့် ဟိုက်ဒရာဘတ်ကဲ့သို့သော အဓိကလေဆိပ်များကို ပုဂ္ဂလိကကုမ္ပဏီများက စီမံကြသည်။

 မြို့ပြလေကြောင်းရေးရာဝန်ကြီး Hardeep Singh က မေလ ၂၅ ရက်မှစတင်ကာ ပြည်တွင်းလေကြောင်းဝန်ဆောင်မှုများကို  စံချိန်စံညွှန်းများနှင့်အညီ ပြန်လည်စတင်တော့မည်ဟု ဗုဒ္ဓဟူးနေ့ကကြေငြာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly