ဒါဂျစ်စတန်မှာ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားနေစဉ် ‘စည်းကမ်း’လိုက်နာကြဖို့ တိုက်တွန်းလိုက်တဲ့ MMA ကြယ်ပွင့်

ဒါဂျစ်စတန်မှာ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားနေစဉ် ‘စည်းကမ်း’လိုက်နာကြဖို့ တိုက်တွန်းလိုက်တဲ့ MMA ကြယ်ပွင့်
Photos: EPA

ရုရှားနိုင်ငံသား MMA ဖိုက်တာ ခါဘစ်က သူ့ရဲ့ဖခင်ဖြစ်သူဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပြီးနောက် အသက်ရှုစက်ပါတပ်ခဲ့ရလို့ သူ့ရဲ့ ဇာတိ ဒါဂျစ်စတန်က နေထိုင်သူတွေကို တားမြစ်စည်းမျဉ်းတွေ လိုက်နာကြဖို့ တောင်းဆိုခဲ့ပါတယ်။

ရှုံးပွဲမရှိ UFC လိုက်ဝိတ်တန်းချန်ပီယံက ရောဂါကူးစက်မှုကာလအတွင်း စည်းကမ်းလိုက်နာပြီး ဆရာဝန်တွေရဲ့ ပြောဆိုမှုတွေကို နားထောင်ကြဖို့ ရုရှားတောင်းပိုင်းက နေထိုင်သူတွေကို တနင်္လာနေ့ကနှောင်းပိုင်းက Instagram ကတဆင့် တိုက်တွန်းလိုက်ပါတယ်။

ဒါဂျစ်စတန်မြို့က ကိုရိုနာဗိုင်းရပ်စ်အခြေအနေကို "ကပ်ဘေး"နေရာအဖြစ် တာဝန်ရှိသူတွေက သတ်မှတ်ထားပြီး အစိုးရအနေနဲ့ အဆုတ်ရောင်ရောဂါကြောင့် လူ ၆၀၀ ကျော်သေဆုံးမှုရှခဲ့တဲ့ အဲဒီဒေသကို အထောက်အကူပစ္စည်းတွေ ပို့ဆောင်ပေးသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

မွတ်စလင်အများစုနေထိုင်ရာ ဒေသဟာ ဒီတနင်္ဂနွေနေ့ ရမ်မဒန်နောက်ဆုံးရက်ကို ဆင်နွှဲဖို့ ပြင်ဆင်နေကြသည့်တိုင် လူတွေ အိမ်မှာပဲ နေကြဖို့ ဆရာဝန်တွေက ပန်ကြားထားတယ်လို့ သူ့ရဲ့ သန်း ၂၀ သော followers တွေကို ဗီဒီယိုဖိုင်ကနေ ပြောခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် ခါဘစ်က "အရမ်းခက်ခဲတဲ့ အခြေအနေပါ။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါ။ ကျနော့်ဆွေမျိုးအယောက် ၂၀ ကျော်လောက် အထူးကြပ်မတ်စောင့်မှုအောက်မှာ ရှိနေပါတယ်။ သူတို့ထဲက အတော်များများတော့ ကျနော်တို့နဲ့ အတူ မရှိနိုင်ကြတော့ပါဘူး။ ကျနော့်ရဲ့ အသိအကျွမ်းအများအပြားလည်း သေဆုံးခဲ့ပြီးပါပြီ။"လို့ ပြောပါတယ်။

သူ့ရဲ့ဖခင်ဖြစ်သူဟာလည်း "အလွန်ဆိုးရွားတဲ့ အခြေအနေမှာ"ရှိနေခဲ့ပါတယ်။

"ဒီဗိုင်းရပ်စ်ရဲ့ အမြင့်ဆုံးအမှတ်က သူမှာ ရှိနေတဲ့ နှလုံးပြဿနာကနေ စတင်ခဲ့တာပါ။"

ခါဘစ်ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးခဲ့တဲ့ ဖခင်ဖြစ်သူ အဗ္ဗဒူလ်မာနက်ဟာ မော်စကိုက ဆေးရုံတစ်ခုမှာ အသက်ရှုစက်အသုံးပြုခဲ့ရတယ်လို့ သတင်းဌာနတွေက တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly