ပါတီကြီးတစ်ခု၏ ဝေဖန်မှုကြောင့် မဲစာရင်း အမှန်ဖြစ်မလာဟု ကော်မရှင် ကြေညာ

ပါတီကြီးတစ်ခု၏ ဝေဖန်မှုကြောင့် မဲစာရင်း အမှန်ဖြစ်မလာဟု ကော်မရှင် ကြေညာ

နိုင်ငံရေးပါတီများ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်ကြောင့် မဲစာရင်းအမှန်ဖြစ်မလာဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြစ်တင်လိုက်ပြီး ပါတီကြီးတစ်ခု၏ ဝေဖန်မှုကြောင့် မဲစာရင်းကြည့်ရှုသူ နည်းပါးခဲ့ပြီး မဲစာရင်းများ မမှန်ခဲ့ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

မဲစာရင်းများကို မြို့နယ်အလိုက်ခွဲကာ လေးကြိမ် ကပ်ကြေညာခဲ့သော်လည်း “မဲစာရင်း ကပ်ချိန်တွင် မှားနေသော မဲစာရင်းအား ပြစ်တင်ဝေဖန်ပြီး မဲဆန္ဒရှင်အား မဲစာရင်း မှန်ကန်ရေး ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံရေး ပါတီများမှ ပြောဆိုစည်းရုံးခြင်း မရှိခဲ့သဖြင့် မှန်ကန်သော မဲစာရင်း ဖြစ်မလာပါ” ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ မဲစာရင်းများကို စက်တင်ဘာ ၇ ရက်မှ ၁၄ ရက်အထိ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်း ကပ်ထားကာ ကြေညာခဲ့သော်လည်း “ပါတီကြီး တစ်ခု၏ ဝေဖန်ပြစ်တင်မှုကြောင့် သတ်မှတ်ကာလအတွင်း လာရောက် ကြည့်ရှုခဲ့သူ နည်းပါးခဲ့ပြီး မဲဆန္ဒရှင်များ အတည်ပြုထားသော မဲစာရင်းအမှန်များ မဖြစ်ပေါ်ခဲ့ပါ” ဟုလည်း ထုတ်ပြန်ထားသည်။

အလားတူ ရွေးကောက်ပွဲနေ့တွင် မဲပေးနိုင်ရန် ရည်ရွယ် ထုတ်ပေးလျက်ရှိသည့် သက်သေခံ လက်မှတ်များသည်လည်း မဲစာရင်းတွင် အမည်များ ထပ်နေသူများ ပါရှိနေခြင်းကြောင့် မဲဆန္ဒရှင် သက်သေခံ လက်မှတ်များ ဖေါင်းပွနေသည်ဟုလည်း ကော်မရှင်က ဆိုထားသည်။

သက်သေခံ လက်မှတ်များ ဖေါင်းပွလျက်ရှိသော်လည်း တစ်ကြိမ်ထက် မဲပိုပေးသည်ကို တွေ့ရှိရပါက အရေးယူသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags