အမေရိကန်လုပ်ငန်းတွေ ပြန်ဖွင့်သင့်မသင့် သုံးသပ်

19 May 2020
အမေရိကန်လုပ်ငန်းတွေ ပြန်ဖွင့်သင့်မသင့် သုံးသပ်

အမေရိကန်တဝန်းမှာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ရှိမရှိစစ်ဆေးပေးတာ လူဦးရေ ၁၀ သန်းရှိသွားပြီလို့သမ္မတ Trump က ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ပြောလိုက်ပါတယ်။ ဒါဟာ အမေရိကန်လူဦးရေရဲ့ ၃ % သာရှိပါတယ်။ အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေကတော့ အစိုးရအဖွဲ့ အနေနဲ့ ရောဂါပိုးစမ်းသပ်မှုကို အစောပိုင်းကတည်းက မလုပ်ခဲ့တာကြောင့် အခြေအနေ ပိုဆိုးသွားခဲ့ကြောင်းနဲ့ နိုင်ငံအနှံ့  ပြည်နယ် အများစုမှာ  အိမ်မှာပဲနေကြဖို့ ကန့်သတ်ချက်ကို စပြီး ဖြေလျှော့ပေးနေပြီဖြစ်တဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်တွေ အခုထက် ပိုပေးနိုင်ဖို့  တောင်းဆိုနေကြပါတယ်။ ဗွီအိုအေရဲ့ လွှတ်တော် သတင်းထောက် Katherine Gypson ရဲ့သတင်းပေးပို့ချက်ကို မခွါညိုက ပြောပြပါမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required