ရီးယဲလ်အသင်းလေ့ကျင့်ရေးအစီအစဉ် ပြန်စပေမယ့် ခြေကျင်းဝတ်ခွဲစိတ်ရာကနေ ပြန်ကောင်းလာဖို့ အချိန်ပိုလိုအပ်တယ်လို့ ဟာဇက် ဝန်ခံ

ရီးယဲလ်အသင်းလေ့ကျင့်ရေးအစီအစဉ် ပြန်စပေမယ့် ခြေကျင်းဝတ်ခွဲစိတ်ရာကနေ ပြန်ကောင်းလာဖို့ အချိန်ပိုလိုအပ်တယ်လို့ ဟာဇက် ဝန်ခံ
Photos: Real Madrid, EPA, AFP

အီဒင် ဟာဇက်ဟာ သူ့ရဲ့ ရီးယဲလ်မက်ဒရစ်အသင်းဖော်တွေနဲ့ လေ့ကျင့်မှုပြန်လည်ပြုလုပ်ခဲ့ပေမယ့် သူ့အနေနဲ့ ပွဲတွေကို ကစားဖို့အတွက် အဆင်သင့်ဖြစ်အောင် အလုပ်ပိုကြိုးစားလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူက ဝန်ခံခဲ့ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟာ လီဗန်တေးကို ရှုံးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ညာဘက်ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီးနောက် မတ်လအစောပိုင်းက ဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့ပါတယ်။

ဟာဇက်ဟာ သူ့ရဲ့ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ဖို့အတွက် အမေရိကန်သို့ သွားရောက်ကုသမှုခံယူခဲ့ရပါတယ်။ သူ့ရဲ့ ဒဏ်ရာအမျိုးအစားဟာ NBA ဘတ်စ်ကတ်ဘောကစားသမားတွေ မကြာခဏရလေ့ရှိတတ်တဲ့ ပုံစံနဲ့ ဆင်တူတယ်လို့ ခွဲစိတ်ကုပေးတဲ့ ဆရာဝန်တွေက ဆိုပါတယ်။

လာလီဂါအသင်းတွေဟာ ယခုအပတ်မှာ တစ်အုပ်စုကို ကစားသမား ၁၀ ယောက်နဲ့ လေ့ကျင့်မှုပြန်လည်ပြလုပ်ခဲ့ပြီး လိဂ်ဥက္ကဌ တီဘက်စ်က ဘောလုံးရာသီပြန်လည်စတင်မယ့် ရက်အဖြစ် ဇွန်လ ၁၂ ရက်ကို ပစ်မှတ်ထားလျက်ရှိပါတယ်။

"ကျနော့်အသင်းဖော်တွေနဲ့ ကွင်းထဲ ပြန်ပြီး လေ့ကျင့်ရေး အစီအစဉ်တွေ စတင်နိုင်တာက အရမ်းကောင်းမွန်တယ်လို့ ကျနော် ခံစားရပါတယ်။"လို့ ဟာဇက်က တနင်္လာနေ့ရဲ့ လေ့ကျင့်ခန်းအပြီး မက်ဒရစ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကို ပြောခဲ့ပါတယ်။

"အခုတော့ ကျနော်တို့ဟာ ဘောလုံးပွဲတွေလာမယ့် အချိန်ကို စောင့်ဆိုင်းနေကြပါပြီ။ ဒါပေမယ့် ကျနော် အရမ်းပျော်နေတယ်။ ပြိုင်ပွဲတွေကနေ ၂ လကျော် ကင်းကွာပြီးတဲ့နောက်မှာ ကျနော့်မှာ ကာယပိုင်းကြံ့ခိုင်မှု ပိုလုပ်ဖို့ လိုအပ်ပြီး ဘောလုံးလေ့ကျင့်မှုတွေကို လုပ်ရဖို့ လိုပါတယ်။ ကျနော့်အနေနဲ့ လာမယ့်ပွဲအတွက် အသင့်ဖြစ်နေချင်ပါတယ်။

"အခု လေ့ကျင့်ရေးအစီအစဉ်က ပိုကောင်းတယ်။ ကျနော်တို့ဟာ ကိုယ်အလိုရှိတဲ့ ပုံစံအတိုင်း လေ့ကျင့်နိုင်ကြပါတယ်။ ပထမတပတ်ကတော့ ကျနော်တို့အတွက် နည်းနည်း စိမ်းနေခဲ့တယ်။ ဒါပေမယ့် အခုဆိုရင် ကျနော်တို့ အစုလိုက် အစုလိုက် ပြန်ပြီး လေ့ကျင့်လာနိုင်သလို တိုက်စစ်ပုံဖော်ပြီး ဂိုးသွင်းလေ့ကျင့်နိုင်ကြပါပြီ။

""ကျနော်တို့ဟာ အလုံးအတူတကွ ရှိလိုပြီး အုပ်စုတစ်စုလို လေ့ကျင့်ဖို့ ကြိုးစားလိုကြပါတယ်။"

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly