Ant Financial Services Group က Wave Money မှာ ဒေါ်လာ ၇၃.၅ သန်း ရင်းနှီးမြုပ်နှံရန်ပြင်

Ant Financial Services Group က Wave Money မှာ ဒေါ်လာ ၇၃.၅ သန်း ရင်းနှီးမြုပ်နှံရန်ပြင်

မေ ၁၈

တရုတ်နိုင်ငံမှ Ant Financial Services Group သည် မြန်မာနိုင်ငံ၏ မိုဘိုင်း ငွေလွှဲဝန်ဆောင်မှုကုမ္ပဏီတစ်ခု Wave Money တွင် အမေရိကန်ဒေါ်လာ ၇၃.၅ သန်း ရင်းနှီးမြုပ်နှံ ပြင်ဆင်နေပြီဖြစ်သည်။

Ant Financial Services Group ကို နာမည်ကျော် အလီဘာဘာအုပ်စုက ပိုင်ဆိုင်ပြီး Wave Money မှာ တယ်လီနောအုပ်စုနှင့် ရိုးမအုပ်စုတို့၏ဖက်စပ်လုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံတဝှမ်း မြို့နယ်ပေါင်း ၂၉၅ မြို့နယ်တွင် ကိုယ်စားလှယ်ပေါင်း ၅၇၀၀၀ ကျော်ရှိသည်။

 ယခုရင်းနှီးမြုပ်နံှမှုကြောင့် မြန်မာနိုင်ငံပြည်သူများအတွက် ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ နည်းပညာစွမ်းအားနှင့် မိုဘိုင်းဘဏ္ဍာရေးဝန်ဆာင်မှုများလုံခြုံရေး ပိုလုပ်လာနိုင်လိမ့်မည်ဟု ရိုးမ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၉ ခုနှစ်အတွင်း Wave Money မှ ငွေလွှဲမှုပမာဏ သုံးဆမြင့်တက်ခဲ့ပြီး ကျပ် ၆.၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံ)ရှိခဲ့သည်။

လူပေါင်း ၂၁ သန်းကျော်သည် Wave Money ဝန်ဆောင်မှုကိုအသုံးပြုကာ ငွေလွှဲခြင်း၊ ဘေလ်များပေးဆောင်ခြင်း၊ ငွေဖြည့်ခြင်းတို့လုပ်ဆောင်ခဲ့ကြသည်ဟုလည်းပါရှိသည်။

" ကိုဗစ်-၁၉ အခြေအနေက ငွေသားမဲ့လူ့အဖွ့ဲအစည်းဆိုတဲ့လမ်းကြောင်းပေါ် အရှိန်တိုးတက်လှမ်းနေပြီး  E-commerce ကြီးထွားလာဖို့ တွန်းပို့နေတယ်" ဟု ရိုးမ၏ စီအီးအို မစ္စတာ Melvyn Pun က ပြောသည်။
 
မြန်မာ နိုင်ငံတွင်း ဘဏ္ဍာရေးအင်စတီကျူးရှင်း ပမာဏအားဖြင့် လက်ရှိ ၄၈ ရာခိုင်နှုန်းမှ ၂၀၂၂ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်းတိုးရန် တိုးပွားရန် အစိုးရက ပြင်ဆင်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required