ကိုရိုနာဗိုင်းရပ်စ်က နှလုံး၊ ဦးနှောက်နှင့် အခြားကိုယ်တွင်းအင်္ဂါများအပါအဝင် တစ်ကိုယ်လုံး ကူးစက်နိုင်

ကိုရိုနာဗိုင်းရပ်စ်က နှလုံး၊ ဦးနှောက်နှင့် အခြားကိုယ်တွင်းအင်္ဂါများအပါအဝင် တစ်ကိုယ်လုံး ကူးစက်နိုင်

မေ ၁၆

ကိုရိုနာဗိုင်းရပ်စ်သည် အဆုတ်၊ လည်ချောင်း၊ နှလုံး၊ အသည်း၊ ဦးနှောက်၊ ကျောက်ကပ်နှင့် အူတို့အပါအဝင် တစ်ကိုယ်လုံး ကူးစက်နိုင်ကြောင်း သုတေသနပညာရှင်များက ဗုဒ္ဓဟူးနေ့၌ ထုတ်ပြန်သည်။

သီးခြား ထုတ်ပြန်ချက်နှစ်ရပ်၌ ဗိုင်းရပ်စ်သည် အဆုတ်မှ ကျော်လွန်ကာ အခြားသော ကိုယ်တွင်းအင်္ဂါများကိုပါ ပျံ့နှံ့တိုက်ခိုက်နိုင်ကြောင်း အကြံပြုထားသည်။ ယခု တွေ့ရှိချက်ကြောင့် COVID-19 ကူးစက်မှုကြောင့်ဖြစ်သော ရောဂါလက္ခဏာစု၏ အတိုင်းအတာကို ရှင်းပြရာ၌ အကူအညီ ဖြစ်စေနိုင်သည်။

ကိုရိုနာဗိုင်းရပ်စ် လူနာများတွင် မြင်တွေ့ရသည့် အချို့သော ပဟေဠိဖြစ်ဖွယ် ရောဂါလက္ခဏာများကို  ယခု တွေ့ရှိချက်က ရှင်းပြကောင်း ရှင်းပြလာနိုင်မည် ဖြစ်သည်။ အဆိုပါ ရောဂါ လက္ခဏာစုများမှာ ငယ်ရွယ်သူများတွင် လေသင်တုန်းဖြတ်စေနိုင်သော သွေးခဲခြင်း၊ ကျောက်ကပ်ဆေးခြင်းတွင် တစ်ဆို့မှုဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်သည်။

COVID-19 ကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်အဖြစ် အမျိုးအစား သတ်မှတ်ထားပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ အရည်အစက်အမှုန်အမွှားမှတစ်ဆင့  ကူးစက်သည်။ သို့သော် ယင်းဗိုင်းရပ်စ်ကြောင့် ဝမ်းလျှောခြင်းနှင့် အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါလက္ခဏာများပါ တစ်ခါတစ်ရံ ဖြစ်ပွားနိုင်သည်။

လူနာ၏ မစင်တွင် ဗိုင်းရပ်စ်ရှိသည့် သက်သေများကို သိပ္ပံပညာရှင်များက တွေ့ရှိပြီး ယင်း ဗိုင်းရပ်စ်သည့် စအိုမှတစ်ဆင့်လည်း ကူးစက်နိုင်သည်ဟု သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly