ကမ္ဘာကျော်ဖော့စ်မဂ္ဂဇင်းကြီးက ရုရှ၏ ပူတင်ကို သုံးနှစ်ဆက်တိုက် သြဇာအကြီးဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်

ကမ္ဘာကျော်ဖော့စ်မဂ္ဂဇင်းကြီးက ရုရှ၏ ပူတင်ကို သုံးနှစ်ဆက်တိုက် သြဇာအကြီးဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်

တီဟီရန်၊ နိုဝင်ဘာ-၅ ။            ။ ကမ္ဘာကျော် ဖော့ဘ်စ်(Forbes)မဂ္ဂဇင်းကြီးက ရုရှသမ္မတ ဗလာဒီမီယာပူတင်ကို ကမ္ဘာ့သြဇာအကြီးမားဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ် သုံးနှစ်ဆက်တိုက် တတိယအကြိမ်မြောက် ရွေးချယ်လိုက်သည်။

ပူတင်က ဂျာမန်အဓိပတိ အိန်ဂျလာမာကဲနောက် တတိယနေရာတွင် ရပ်တည်နေသည့် အမေရိကန်သမ္မတ ဘာရက် အိုဘားမားကို ကျော်ဖြတ်ကာ ကမ္ဘာပေါ်တွင် သြဇာအကြီးဆုံး ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာခဲ့သည်ဟု ဗုဒ္ဓဟူးနေ့က ပုံနှိပ်ထုတ်ဝေခဲ့သည့် ဖော့ဘ်စ်မဂ္ဂဇင်းကြီး၏ ခုနှစ်ကြိမ်မြောက် တစ်နှစ်တာ ကမ္ဘာ့သြဇာအကြီးမားဆုံး ပုဂ္ဂိုလ်များစာရင်းတွင် ဖော်ပြထားသည်ဟု ဆိုသည်။

‘ပူတင်ဟာ ကမ္ဘာပေါ်မှာ ကိုယ်လုပ်ချင်တာကို လုပ်နိုင်လောက်အောင် သြဇာကြီးမားတဲ့ ပုရိသအနည်းငယ်ထဲက တစ်ယောက်ဆိုတာကို ဆက်တိုက်သက်သေပြနိုင်ခဲ့ပါတယ်’ဟု မဂ္ဂဇင်းက ပြောကြားခဲ့သည်။

မဂ္ဂဇင်းပါဆောင်းပါးအရ ရုရှနိုင်ငံအတွင်းတွင် ပူတင်၏ လူကြိုက်များမှုနှုန်းမှာ ၈၉ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သောကြောင့် လွန်ခဲ့သည့် ၆နှစ်တာကာလအတွင်း အမြင့်ဆုံးဖြစ်သည်ဟု ဆိုသည်။

အိုဘားမားမှာမူ ထိပ်ဆုံးနှစ်ယောက်စာရင်းတွင် မဝင်သည့် ပထမဆုံး လက်ရှိအမရိကန်သမ္မတဖြစ်လာခဲ့သည်ဟု ဆိုသည်။ ‘အိုဘားမားဟာ သမ္မတသက်တမ်းရဲ့ နောက်ဆုံးနှစ်ထဲကို ဝင်ရောက် လာတာနဲ့အမျှ သြဇာလည်းကျဆင်းလာပြီး အလုပ်တွေပြီးမြောက်ဖို့အတွက် ပိုပြီးတော့လည်း ရုန်းကန်လာရပါတယ်’’ဟု ဖော့ဘ်စ်မဂ္ဂဇင်းက ရေးသားခဲ့သည်။

၂၀၁၅ခုနှစ် ကမ္ဘာ့သြဇာအကြီးဆုံး ၇၃ယောက်စာရင်းတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က စတုတ္ထနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပဉ္စမနေရာ အသီးသီးရပ်တည်နေရာ ရှီကျင့်ဖျင်မှာ ယမန်နှစ်ကနှင့် စာလျှင် နှစ်နေရာ ကျဆင်းသွားခဲ့သည်။

ဤစာရင်းကိုပြုစုရန် ပုဂ္ဂိုလ်လောင်းလျာများ၏ စီးပွားရေးကြွယ်ဝမှု၊ နယ်ပယ်စုံတွင် လူများအပေါ် လွှမ်းမိုးနိုင်မှုနှင့် ထိုလွှမ်းမိုးမှုသြဇာကို တက်ကြွထိရောက်စွာ အသုံးပြုခြင်းရှိမရှိ စသည့်အချက်များကို အခြေခံစဉ်းစားသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly