အရှေ့တောင်အာရှ၌ နယ်စပ်ပိတ်ထား၍ ရိုဟင်ဂျာ ၁၀၀၀ ခန့် ပင်လယ်အတွင်း သောင်တင်

အရှေ့တောင်အာရှ၌ နယ်စပ်ပိတ်ထား၍ ရိုဟင်ဂျာ ၁၀၀၀ ခန့် ပင်လယ်အတွင်း သောင်တင်
Photo - AFP

မေ ၁၆

ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် အရှေ့တောင်အာရှနိုင်ငံများက နယ်စပ်ကို ပိတ်ထားခြင်းကြောင့် ပင်လယ်ပြင်တွင် အနည်းဆုံး ရိုဟင်ဂျာ(မူရင်း) ၁၀၀၀ သောင်တင်နေသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က သောကြာနေ့၌ ပြောသည်။

၎င်းတို့အား ပင်လယ်အတွင်း အသက် မဆုံးရှုံးစေရန်အတွက် အားချင်း အရေးယူဆောင်ရွက်ရန်လည်း တိုက်တွန်းသည်။

မြန်မာနိုင်ငံမှ မွတ်စလင်လူနည်းစုဝင်များ ဖြစ်သော ရိုဟင်ဂျာများကို သယ်ဆောင်သော လှေနှစ်စင်းသည် အင်ဒိုနီးရှား၊ အာချေးပြည်နယ် ကမ်းလွန်တွင် ရှိနေသည်ဟု တက်ကြွလှုပ်ရှားအုပ်စုများက ယုံကြည်ထားသော်လည်း ရှင်းလင်းသည့် သတင်းအချက်အလက် မရသေးဟု တာဝန်ရှိသူများက ပြောသည်။

ထို လှေများ၏ တည်နေရာကို အတည်ပြုနိုင်ရန် ကြိုးစားနေကြောင်း အင်ဒိုနီးရှား ရေတပ် အနောက်ပိုင်းတပ်ရင်းနှင့်အတူ အာချေးပြည်နယ် သဘာဝဘေးစီမံရေးအေဂျင်စီနှင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့တို့က ရိုက်တာသို့ ပြောသည်။

ဧပြီလလယ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်သို့ အခြား ဒုက္ခသည်လှေနှစ်စီး ဆိုက်ကပ်ခဲ့ပြီး ပင်လယ်ထဲ သီတင်းပတ်များစွာ နေခဲ့ရခြင်းကြောင့် အများစုသည် ဆာလောင်ပြီး ပိန်ချုံးချည့်နဲ့နေသည်။ လှေပေါ်မှာပင် ဒါဇင်များစွာ အသက်ဆုံးရှုံးခဲ့ရသည်ဟု ရှင်ကျန်သူများက ပြောသည်။

ဒုက္ခသည်များသည် အစားအစာနှင့် ရေမရှိဘဲ ပင်လယ်တွင် သီတင်းပတ်အတန်ကြာ သို့မဟုတ် လချီ၍ ရွက်လွှင့်နေခဲ့ဖွယ်ရာ ရှိသည်ဟု လူသားချင်းစာနာထောက်ထားရေးအေဂျင်စီများနှင့် ဌာနေသတင်းများကို ကိုးကားပြီး AI ၏ တောင်အာရှဒေသဆိုင်ရာရုံးမှ ဟာမာဒီက ပြောခဲ့သည်။

ဒုက္ခသည်များအား ပင်လယ်ထဲတွင် အသက်မဆုံးရှုံးစေရန် ကုန်းပေါ်သို့ ဘေးကင်းစွာ ဆင်းသက်ခွင့် ပြုရေးအတွက် ဘာလီလုပ်ငန်းစဉ်ဟု သိထားသော လူမှောင်ခိုမှုများ ဆန့်ကျင့်သည့် ဖိုရမ်ကို သဘာပတိမူထားသော ဩစတြေးလျနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ဟာမာဒီက တိုက်တွန်းသည်။

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်း မှတ်ချက်မပေးနိုင်ကြောင်း ပြောပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက မှတ်ချက်ပေးရန် တောင်းဆိုသည်ကို လက်ငင်း တုံ့ပြန်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required