အသတ်ခံရသည့် ပါလက်စတိုင်းများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အစ္စရေးကနုတ်ယူနေဟုဆို

အသတ်ခံရသည့် ပါလက်စတိုင်းများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အစ္စရေးကနုတ်ယူနေဟုဆို

ဂျေရုစလင်၊ နိုဝင်ဘာ-၅ ။           ။ ကျူးကျော်သိမ်းပိုက်ထားသည့် နယ်မြေများတွင် အစ္စရေးတပ်ဖွဲ့များနှင့် အဓိကရုဏ်းအတွင်း အသက်ခံရသည့် ပါလက်စတိုင်းလူမျိုးများ၏ အင်္ဂါအစိတ်အပိုင်းများကို တဲလ်အဗစ်အစိုးရက နုတ်ယူနေသည်ဟု ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီးက ပြောကြားခဲ့သည်။

ပါလက်စတိုင်းသံအမတ်ကြီး ရီယာ့ မန်ဆောက ဗုဒ္ဓဟူးနေ့က ကုလထွေချုပ် ဘန်ကီမွန်းထံသို့ ပေးပို့သည့် စာထဲတွင် အစ္စရေးတပ်ဖွဲ့များက သတ်ပစ်လိုက်သည့် ပါလက်စတိုင်းများ၏ ရုပ်အလောင်းများမှာ မျက်ကြည်လွှာ (သို့မဟုတ်) အခြားသောအင်္ဂါများ ပျောက်ဆုံးလျှက် ပြန်လည်ရောက်ရှိလာသည်ဟု ရေးသားထားသောကြောင့် ကျူးကျော်သည့် အင်အားကြီးအစ္စရေးက အင်္ဂါအစိတ်အပိုင်းနုတ်ယူနေသည်ဟူသည့် ယခင်က သတင်းများကို အတည်ပြုပေးလိုက်သကဲ့သို့ပင် ဖြစ်သည်။

‘အသတ်ခံရပြီး ပြန်ရောက်လာတဲ့ ပါလက်စတိုင်းရုပ်အလောင်းတွေကို ဆေးစစ်ကြည့်တဲ့အခါ အင်္ဂါအစိတ်အပိုင်းတွေ ပျောက်ဆုံးနေတာကို တွေ့ရတယ်’’ဟု မန်ဆောက စာထဲတွင် ရေးသားခဲ့သည်။

ဆက်လက်ပြီး ပါလက်စတိုင်းသံအမတ်ကြီးက ပါလက်စတိုင်းလူမျိုးများအပေါ် အစ္စရေး၏ အမြဲတစေ ရန်လိုနေမှုနှင့် အကြမ်းဖက်အင်အားသုံးဖိနှိပ်မှုများကိုလည်း ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

အစ္စရေးက အင်္ဂါအစိတ်အပိုင်းများ ခိုးယူမှုပြဿနာမှာ ၂၀၀၉ခုနှစ်တွင် ဆွီဒင်၏ စောင်ရေအများဆုံး သတင်းစာဖြစ်သည့် Aftonbladet က ပုံနှိပ်ဖော်ပြလိုက်သည့်အခါတွင် ပထမဆုံးအကြိမ် လူသိထင်ရှားဖြစ်လာခဲ့သည်။

အမေရိကန်၏ နယူးယောက်တိုင်းမ်သတင်းစာကြီးကလည်း ၂၀၁၄ခုနှစ် သြဂုတ်လက အစ္စရေးတွင် ကိုယ်အင်္ဂါအစားထိုးလုပ်ငန်း ပွဲစားများ ငွေဝင်လမ်းဖြောင့်နေကြောင်း ဖော်ပြခဲ့သည်။

၂၀၀၀ခုနှစ်က ကိုယ်အင်္ဂါအစိတ်အပိုင်း မှောင်ခိုကုန်ကူးမှုများအကြောင်း တိုင်းမ်မဂ္ဂဇင်းက ဝေဖန်သုံးသပ်ရာတွင်လည်း အစ္စရေးမှာ ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly