ဆီးရီးယားသို့ ဒုံးကျည်စနစ်များ ရုရှပေးပို့

ဆီးရီးယားသို့ ဒုံးကျည်စနစ်များ ရုရှပေးပို့

မော်စကို၊ နိုဝင်ဘာ ၅ ။           ။ ရုရှသည် ၎င်း၏တပ်ဖွဲ့ဝင်များကို ကာကွယ်ရန် ဆီးရီးယားသို့ ဒုံးကျည်စနစ်များ ပေးပို့ထားကြောင်း ရုရှလေတပ်အကြီးအကဲက နိုဝင်ဘာ ၅ တွင် ပြောသည်။

ရုရှဂျက်တိုက်လေယာဉ်များသည် ဆီးရီးယားအနီး နိုင်ငံများတွင် ပြန်ပေးဆွဲခံရကာ ရုရှတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာတွင် အသုံးပြုခံရနိုင်ကြောင်း ဗိုလ်ချုပ်ကြီး ဗစ်တာဘွန်ဒါရက်က ပြောကြားသည်။

"ဖြစ်နိုင်ဖွယ်ရာရှိတဲ့ ခြိမ်းခြောက်မှုအားလုံးကို ကျွန်တော်တို့ တွက်ချက်ထားပါတယ်။ ကျွန်တော်တို့ ဂျက်တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေသာမက ဒုံးကျည်စနစ်တွေလည်း ဆီးရီးယားကို ပို့ထားပါတယ်"ဟု ဘွန်ဒါရက်က ကွမ်ဆိုမိုလ်စကာယာပရာဗဒါသတင်းစာသို့ ပြောကြားခဲ့သည်။ "ကျွန်တော်တို့ အသင့်ဖြစ်နေရပါမယ်"ဟု ၎င်းကဆိုသည်။

ဆီးရီးယားတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် ရုရှတို့ပါဝင်လာပြီး စစ်ဆင်ရေးစတင်သည့် စက်တင်ဘာ ၃၀မှ နိုဝင်ဘာ၃အထိ လေယာဉ်ပျံသန်းမှု ၁၆၃၁ကြိမ်ပျံသန်းတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်သမားတို့၏ ပစ်မှတ် ၂,၀၈၄ခုကို ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့သည်ဟု ရုရှလေတပ်မှ ဗိုလ်ချုပ်ကြီး အင်ဒရေကာတာပိုလော့ဗ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly