အင်တာနက်စောင့်ကြည့်ထောက်လှမ်းမှုဥပဒေမှာ ယူကေအတွက် စိတ်ပျက်စရာတစ်ခုဖြစ်လာနိုင်

အင်တာနက်စောင့်ကြည့်ထောက်လှမ်းမှုဥပဒေမှာ ယူကေအတွက် စိတ်ပျက်စရာတစ်ခုဖြစ်လာနိုင်

လန်ဒန်၊ နိုဝင်ဘာ - ၅ ။         ။ တိုရီအစိုးရ၏ စောင့်ကြည့်ရေးဥပဒေအသစ်အရ ဗြိတိသျှထောက်လှမ်းရေးများအား စမတ်ဖုန်းများနှင့် ကွန်ပျူတာများကို တရားဝင်ဖာက်ထွင်းခွင့်ပြုတော့မည်ဖြစ်သည်။

ဆက်သွယ်ရေးကုမ္ပဏီကြီးများအနေဖြင့် ပြည်တွင်းထောက်လှမ်းရေး အေဂျင်စီ MI5နှင့် ပြည်ပထောင်လှမ်းရေးအေဂျင်စီ MI6တို့ကို ကူညီရန် ဖိအားပေးခံရတော့မည်ဖြစ်ပြီး၊ စုံစမ်းထောက်လှမ်းရေး စွမ်းအား ဥပဒေကြမ်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဗြိတိန်၏ အစိုးရဆက်သွယ်ရေးရုံးချုပ်ကလည်း ဖုံးများကို အဝေးမှချိတ်ဆက်ပြီး နားထောင်ကိရိယာသဖွယ် အသုံးပြုမည့် ဂျမ်းစ်ဘွန်းစတိုင် ကိရိယာ ကြားဖြတ်စွက်ဖက်မှု (equipment interference)ကို အသုံးပြုမည်ဖြစ်သည်။

မည်သည့်အနောက်နိုင်ငံထက်မဆို ပိုလွန်သည့် အချက်အလက် အစုဆောင်းနိုင်ဆုံးစွမ်းအားကို စတင်ထူထောင်မှုနှင့်အတူ သံသယရှိသူများထံမှ ဆက်သွယ်ရေးအချက်အလက်ကို ထုနှင့်ထည်နှင့် စုဆောင်းခွင့်ပြုသည့် ဥပဒေဟောင်းတစ်ရပ်ကို MI5က အသုံးပြုနေကြောင်း ပြည်ထဲရေးဝန်ကြီး သရပ်ဆာ မေက ပထမဆုံးအကြိမ်အဖြစ် အတည်ပြုပြောကြားခဲ့သည်။

အတိတ်ကာလတုန်းကမူ တယ်လီကွန်းကုမ္ပဏီများမှာ မိမိတို့ ဆန္ဒအလျောက်သာ ထောက်လှမ်းရေးများကို ဖုန်းများ၊ ကွန်ပျူတာများနှင့် အဝေးချိတ်ဆက်မှုကို ခွင့်ပြုခဲ့သော်လည်း ယခုဥပဒေအသစ်အရ မဖြစ်မနေခွင့်ပြုဖို့ လိုအပ်လာမည်ဖြစ်သည်။

ဥပဒေအသစ်အရ အင်တာနက်ကုမ္ပဏီများအနေဖြင့်လည်း ယူကေဝဘ်သုံးစွဲသူများ၏ တစ်နှစ်စာ ပင်မဘရောက်ဆာသမိုင်းကို မှတ်တမ်းပြုထိန်းသိမ်းထားရမည်ဖြစ်သည်။

သတိပေးချက်လိုအပ်မည်မဟုတ်သော်လည်း ဆိုက်တစ်ခုအတွင်းရှိ တစ်သီးပုဂ္ဂလ ဝဘ်စာမျက်နှာများထက် ပင်မဒိုမိန်းများကိုသာ စာရင်းပြုစုထားရမည်ဖြစ်သည်။

လော်ဘီအုပ်စုများကို အလျှော့ပေးသည့်အနေဖြင့် မေက တရားသူကြီးအဖွဲ့အား ပြည်ထဲရေးဝန်ကြီးက အတည်ပြုလိုက်သည့် ဝရမ်းများကို ပိတ်ဆို့တားဆီးရာတွင် ဥပဒေတံတိုင်းအဖြစ် ရပ်ခံနိုင်ခွင့်ပြု သည့်ကာကွယ်ရေးမူဘောင်များကို ဖွင့်ပြခဲ့သည်။    

ပါလီမန်အမတ်များ၊ အလားတူပုဂ္ဂိုလ်များ၊ ဥရောပ ပါလီမန်အမတ်များနှင့် အခြားနိုင်ငံရေးသမားများကို စောင့်ကြည့်ရန် တရားဝင်ဝရမ်းနှင့် ဝန်ကြီးချုပ်၏ ခွင့်ပြုချက် လိုအပ်မှုနှင့်အတူ မည်သည့် လွှွှတ်တော်အမတ်၏ ဖုန်းကိုမျှ ခိုးဖမ်းခွင့်မပြုသည့် ဝီလ်ဆင်သဘောတရားကို ဥပဒေအခြေံအဖြစ် ပထမဆုံးအကြိမ် အသုံးပြုလာခြင်းပင် ဖြစ်သည်။

လေဘာပါတီ၏ အန်ဒီ ဘန်းဟမ်းက ဥပဒေသစ်မှာ ခိုးကြောင်းခိုးဝှက်ဥပဒေ မဟုတ်သကဲ့သို့ ထုနှင့်ထည်နှင့် စောင့်ကြည့်ထောက်လှမ်းမှုလည်းမဟုတ်ကြောင်း ကြေညာလိုက်ပြီး မြန်မြန်ဆန်ဆန် ကြိုဆိုလိုက်သောကြေင့် အရပ်ဖက်လွတ်လပ်ခွင့်အုပ်စုများမှာ အံ့အားသင့်ခဲ့ကြရသည်ဟု ဆိုသည်။

သို့ရာတွင် အက်ဒွပ်စနိုးဒင်နှင့် ဂလင်း ဂရင်းဝါ့မှသည် ရပ်ခံကာကွယ်ရေးအဖွဲ့ Liberty မှ ရှာမီ ချာခရာဘာတီအထိသော ထိပ်တန်း သတင်းအချက်အလက် ပွင့်လင်းမြင်သာရေး ရပ်ခံအရေးဆို သူများကမူ အစိုးရ၏ ဥပဒေအသစ်မှာ အစဉ်အဆက်မရှိခဲ့ဖူးသည့် ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို ချိုးဖောက်မှုတစ်ရပ်ဖြစ်သည်ဟု သတိပေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly