မိုးစပါး စိုက်ပျိုးမည့် လယ်ယာမြေ ဧက ၂၀၀ နီးပါးတွင် ဆားငန်ရေ ဝင်ရောက်နေ၍ တောင်သူများ အခက်အခဲ ဖြစ်နေ

မိုးစပါး စိုက်ပျိုးမည့် လယ်ယာမြေ ဧက ၂၀၀ နီးပါးတွင် ဆားငန်ရေ ဝင်ရောက်နေ၍ တောင်သူများ အခက်အခဲ ဖြစ်နေ

မြိတ်မြို့နယ် အတွင်းက ကလွင်ရွာမကျေးရွာ အရှေ့ကုန်းရပ်မှာရှိတဲ့ ကလွင်စန္ဒဝတ်တာ ကျိုးပေါက်နေတာကြောင့် ဆားငန်ရေတွေ ဝင်ရောက်နေတဲ့ အတွက် အခုနှစ် မိုးရာသီမှာ မိုးစပါး စိုက်ပျိုးဖို့နိုင် အတွက် တောင်သူတွေ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။

 

မြိတ်မြို့၊ ကလွင်ရွာမကျေးရွာနေ တောင်သူ ဦးမင်းနိုင်က “မိုးဦးထွန်ယက်တဲ့ အချိန်က အခု မေလပိုင်းမှာ ထွန်ယက်မယ်၊ ဇွန်လပိုင်း ကျရင် ပျိုးချမယ်၊ လယ်စိုက်တဲ့ အချိန်မှာ တာတမံ လုပ်လို့မရဘူး၊ မိုးရာသီဆိုရင် မြေတူးစက်တွေ ဆင်းလို့ မရဘူး၊ လယ်သမားတွေလည်း စိုက်ပျိုးလို့ မရတော့ဘူး၊ လယ်ယာ စိုက်ပျိုးတဲ့ အချိန်မှာ တာတမံကြီးကို ကောင်းအောင် လာလုပ်ပေး စေချင်ပါတယ်၊ လယ်သမားတွေ စိုက်ဖို့ အဆင်မပြေတော့ဘူး၊ စိုက်ပျိုး ထွန်ယက်တာ လုပ်ဖို့ ရပ်နား ထားပါတယ်”ဟု ပြောဆို ပါတယ်။

ရိုက်ကူး / တည်းဖြတ် - ဒီမိုးသွေး ( မြိတ် )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly