ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ ဘယ်လိုနှာခေါင်းစည်းအမျိုးအစားက အကောင်းဆုံးဖြစ်မလဲ

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ ဘယ်လိုနှာခေါင်းစည်းအမျိုးအစားက အကောင်းဆုံးဖြစ်မလဲ

မေ ၉

(၁) သင်တပ်ဆင်တဲ့ နှာခေါင်းစည်းအမျိုးအစားက အရေးပါပါသလား။

ဟုတ်ကဲ့ အရေးပါပါတယ်။ မတူညီတဲ့နှာခေါင်းစည်းအမျိုးအစားတွေက ကာကွယ်မှုအဆင့်အမျိုးမျိုးကိုပေးပါတယ်။ N95 နှာခေါင်းစည်းတွေကတော့ COVID-19 ရောဂါကူးစက်မှုကို တားဆီးနိုင်ပြီး ကာကွယ်မှုအမြင့်ဆုံး ပေးစွမ်းနိုင်ပါတယ်။ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းတွေကတော့ ဒုတိယအဆင့်အနေနဲ့ ကာကွယ်မှုပေးနိုင်ပြီး N95 လောက်တော့ မထိရောက်ပါဘူး။ ဒါပေမယ့် အကုန်အကျများပြီး အရေအတွက် အကန့်အသတ်နဲ့ထုတ်တဲ့ အဆိုပါနှာခေါင်းစည်းတွေဟာ မြေပေါ်စွန့် အမှိုက်သရိုက်ဖြစ်စေပြီး အချိန်အကြာကြီးတပ်ဆင်ထားလို့လည်း အဆင်မပြေပါဘူး။ ဒါကြောင့် နှာခေါင်းစည်းတပ်ဆင်ဖို့လိုတဲ့နိုင်ငံတွေမှာတောင် အဆိုပါနှာခေါင်းစည်းအမျိုးအစား တွေကို ကျန်းမာရေးဝန်ထမ်းတွေ ဒါမှမဟုတ် ရောဂါပြင်းတဲ့သူတွေအတွက် သီးသန့်သုံးဖို့ အကြံပြုထားပါတယ်။

စက္ကူသားနဲ့ပြုလုပ်တဲ့ တစ်ကြိမ်သုံး နှာခေါင်းစည်း ဒါမှမဟုတ် ပြန်လည်အသုံးပြုနိုင်တဲ့ နှာခေါင်းစည်းတွေရဲ့ ရောဂါကာကွယ်နိုင်စွမ်းအားကို ရှင်းရှင်းလင်းလင်းမသိရပေမယ့် အဆိုပါနှာခေါင်းစည်းတွေကလည်း COVID-19 ရောဂါကူးစက်မှုကို လျော့ကျဖို့ အထောက်အကူပြုတယ်လို့ အကြံပြုပြောဆိုထားကြပါတယ်။ အသိပညာတွေမျှဝေတဲ့ Royal Society ရဲ့ပြောပြချက်အရ အိမ်လုပ်နှာခေါင်းစည်းတွေကလည်း ရောဂါကူးစက်မှုသက်သာစေ တယ်လို့ ဆိုပါတယ်။

(၂) စက္ကူသားနဲ့ပြုလုပ်တဲ့ တစ်ခါသုံးနှာခေါင်းစည်းနဲ့ အဝတ်နှာခေါင်းစည်းမှာ ဘယ်ဟာက ပိုကောင်းပါသလဲ။

ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းအပြင် ဘယ်လိုနှာခေါင်းစည်းမျိုးပဲဖြစ်ဖြစ် အတိုင်းအတာတစ်ခုအထိတော့ အကျိုးကျေးဇူးရှိပါတယ်။ ဒါပေမယ့် မျက်နှာနဲ့အံဝင်ခွင်ကျ အတိအကျချုပ်ထားတဲ့ နှာခေါင်းစည်းတွေကတော့ အကောင်းဆုံးပါ။ လည်ပတ်ပဝါအပါအဝင် ဘယ်လိုနှာခေါင်းစည်းအမျိုးအစားပဲဖြစ်ဖြစ် မရှိတာထက်စာရင်တော့ ပိုကောင်းတယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာ (CDC) က အကြုံပြုထားပါတယ်။

ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတို့ရဲ့ စံအရွယ်အစားဖြစ်တဲ့ အချင်း ၀.၃ -  ၁.၀ မိုက်ခရွန်အရွယ်အစားရှိတဲ့ အမှုန်အအမွှားတွေကို ဘယ်လိုအိမ်သုံးပစ္စည်းတွေက အကောင်းဆုံးဖယ်ရှားနိုင်သလဲဆိုတာ လေ့လာခဲ့ကြပါတယ်။ ဖုန်စုပ်အိတ်၊ ချည်ဂွမ်းစ ဒါမှမဟုတ် အလွှာအထပ်ထပ်ပါတဲ့ ပစ္စည်းတွေက ကောင်းမွန်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ခေါင်းစည်းနဲ့လည်စည်းပဝါတွေက ထိရောက်မှုနည်းတယ်ဆိုပေမယ့် အမှုန်အနည်းငယ်ကိုတော့ တားဆီးနိုင်မှာဖြစ်ပါတယ်။

(၃) နှာခေါင်းစည်းကို ဘယ်လိုတပ်ဆင်ပြီး ချွတ်ကြမလဲ။

နှာခေါင်းစည်းမတပ်ခင်မှာ လက်ကို ဆပ်ပြာ ရေတို့နဲ့ စင်ကြယ်အောင်ဆေးပါ။ ပါးစပ်နဲ့နှာခေါင်းကို နှာခေါင်းစည်းနဲ့အုပ်လိုက်ပါ။ မျက်နှာနဲ့နှာခေါင်းစည်းကြားမှာ ကွာဟချက်မရှိပါစေနဲ့။ နှာခေါင်းစည်းတပ်ထားတုန်း လက်နဲ့ သွားမထိပါနဲ့။ ထိမိပါက လက်ကိုဆေးပစ်ပါ။ နှာခေါင်းစည်းက စိုထိုင်းလာရင် နောက်တစ်ခုလဲပါ။ နှာခေါင်းစည်းရှေ့မျက်နှာစာကို မကိုင်ဘဲ ကြိုးကနေကိုင်ပြီး ချွတ်ပါ။ ပြီးရင် အမှိုက်ပုံးထဲကို ချက်ချင်းလွှင့်ပစ်ပါ။ ပြန်အသုံးပြုလို့ရတဲ့ နှာခေါင်းစည်းဆိုရင်တော့ အဝတ်လျှော်စက်ထဲ တိုက်ရိုက်ထည့်လိုက်ပါ။

(၄) နှာခေါင်းစည်းကို ဘယ်နှစ်ကြိမ် လျှော်သုံးသင့်ပါသလဲ။

နှာခေါင်းစည်းတွေကို အသုံးပြုပြီးတိုင်း ပုံမှန်လျှော်သင့်တယ်လို့ CDC က အကြံပြုထားပါတယ်။

(၅) ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်စရာများရှိပါသလား။

ဈေးကွက်မှာရောင်းနေကြတဲ့ နှာခေါင်းစည်းအတော်များများဟာ ပလတ်စတစ်အလွှာနဲ့ပြုလုပ်ထားပြီး တစ်ခါသုံးတွေဖြစ်ပါတယ်။ University College London က သုတေသီတွေရဲ့ လေ့လာချက်အရ ယူကေက လူတိုင်း ဟာ တစ်ခါသုံးနှာခေါင်းစည်းတွေကို တစ်နေ့တစ်ခုနှုန်းနဲ့ တစ်နှစ်ပတ်လုံးအသုံးပြုမယ်ဆိုပါက နောက်ထပ် ညစ်ညမ်းတဲ့စွန့်ပစ်ပစ္စည်း ၆၆ ၀၀၀ တန် စုဆောင်းမိနိုင်တယ်လို့ဆိုပါတယ်။ ပြန်လည်အသုံးပြုနိုင်တဲ့ နှာခေါင်း စည်းတွေကို အသုံးပြုခြင်းအားဖြင့် ပလတ်စတစ်အညစ်အကြေးနဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုကို  သိသိသာသာ လျော့နည်းစေတယ်လို့ ပါမောက္ခ Mark Miodownik ဦးဆောင်တဲ့ UCL အဖွဲ့က ပြောပါ တယ်။ အကောင်းဆုံးသက်သေအထောက်အထားတွေအရ ပြန်လည်အသုံးပြုနိုင်တဲ့ နှာခေါင်းစည်းတွေဟာ စွန့်ပစ်အညစ်အကြေးမဖြစ်စေဘဲ တစ်ခါသုံးနှာခေါင်းစည်းနီးပါး ရောဂါကာကွယ်မှုပေးနိုင်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required