တရုတ်သမ္မတရှီကျင့်ဖျင် ဗီယက်နမ်သို့ သွားရောက်မည်

တရုတ်သမ္မတရှီကျင့်ဖျင် ဗီယက်နမ်သို့ သွားရောက်မည်

ပြီးခဲ့သည့်နှစ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးကြား ရုပ်ပျက်ဖွယ်တင်းမာမှုများ ပေါ်ပေါက်ခဲ့သည့် ဗီယက်နမ်နိုင်ငံသို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က သွားရောက်မည်ဖြစ်ကာ နှစ်ဖက်နိုင်ငံကြား ဆက်ဆံရေးကို နွေးထွေးသည့် ကြိုဆိုမှုခံယူကာ ပြန်လည်တည်ဆောက်ရန်ရှိသည်။

ဗီယက်နမ်နိုင်ငံက သမ္မတရှီကျင့်ဖျင်အား ကော်ဇော်နီခင်းကာ ကြိုဆိုမှုခံယူမည်ဖြစ်ပြီး နိုဝင်ဘာ ၆ ရက် ဟနွိုင်းသို့ ရောက်ရှိလျှင် အမျိုးသားလွှတ်တော်တွင် ပြောကြားမည်ဖြစ်ကြောင်း သိရသည်။ သမ္မတရှီကျင့်ဖျင်အနေဖြင့် ပြီးခဲ့သည့်လအတွင်းကလည်း ဗြိတိန်နိုင်ငံသို့ သွားရောက်ခဲ့ကာ ဘုရင်မကြီး အယ်လိဇဘတ်နှင့် တွေ့ဆုံခဲ့သလို ဝန်ကြီးချုပ်   ဒေးဗစ်ကမ်မရွန်းနှင့် လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

သမ္မတရှီကျင့်ဖျင်၏ ဗီယက်နမ်ခရီးစဉ်ပြီးလျှင် နိုဝင်ဘာ ၇ ရက်တွင် စင်ကာပူသို့ သွားရောက်မည်ဖြစ်ကာ စင်ကာပူတွင် ထိုင်ဝမ်သမ္မတနှင့် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ရာ ၁၉၄၉ ခုနှစ်တွင် တရုတ်စစ်ပွဲ ပြီးဆုံးချိန်မှစ၍ ထိုင်ဝမ်နှင့် တရုတ်ကြား ခေါင်းဆောင်များ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှု ဖြစ်လာမည်ဖြစ်သည်။

Ref ; CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly