ရုရှနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စံချိန်တင် မြင့်တက်

ရုရှနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စံချိန်တင် မြင့်တက်

မေ ၇

ရုရှနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုသည် လေးရက်ဆက်တိုက် တစ်နေ့ လူ တစ်သောင်းကျော် ကူးစက်လျက် ရှိနေချိန်မှာပင် သမ္မတ ဗလာဒီမာပူတင် အတည်ပြုသည့် နှုန်းထားမှာမူ နည်းပါးကျဆင်းနေသည်။

သမ္မတ ပူတင် အတည်ပြုသော နှုန်းထားသည် ဖြစ်ပွားမှုထက် ၅၉ ရာခိုင်နှုန်း ကျဆင်းကြောင်း ရုရှ၏ ဦးဆောင် လွတ်လပ်‌သော စစ်တမ်းကောက်ယူရေးအဖွဲ့  Levada Center က ဆိုသည်။

နိုင်ငံတစ်လွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၁၆၅၉၂၉ ဦးအထိ မြင့်တက်လာချိန် စင်တာ၏ ယခု အစီရင်ခံချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

ရုရှနိုင်ငံ၏ ကက်ဘိနက်အဖွဲ့ဝင် ဝန်ကြီးသုံးဦးတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသည်။

ဝန်ကြီးချုပ် မီခေးလ်မီရှုစတင်းတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့် သမ္မတ ပူတင်သည် ဒုတိယဝန်ကြီးချုပ် အင်ဒရိုင်းဘီလော့ဆို့ဗ်ကို ယာယီဝန်ကြီးချုပ်အဖြစ် ပြီးခဲ့သည့် သီတင်းပတ်၌ ခန့်အပ်ခဲ့ရသည်။

အသက် ၅၄ နှစ်အရွယ် မစ်ရှုစတင်းသည် ဇန်နဝါရီလအတွင်းက ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ဗိုင်းရပ်စ်ကပ်ဘေးအား ရုရှနိုင်ငံ တုံ့ပြန်ရာ၌ ဦးဆောင်ဦးရွက် ပြုနေသူဖြစ်သည်။ သို့သော် ၎င်းတွင် ဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ကိုယ်တိုင်သီးခြားခွဲနေနေရသည်။

ရုရှနိုင်ငံ၌ အစောပိုင်းက ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုနှုန်းထားသည် အမေရိကန်နှင့် ဥရောပတို့ထက် နှေးကွေးနေခဲ့သော်လည်း နောက်ပိုင်း၌ ဆယ်ရက်တိုင်းလျှင် နှစ်ဆနှုန်း တိုးပွားကူးစက်လာသည်။

ထို့အတွက်ကြောင့် ကမ္ဘာပေါ်တွင် ကူးစက်ဖြစ်ပွားမှု အများဆုံးနိုင်ငံများတွင် ရုရှနိုင်ငံလည်း အပါအဝင် ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required