အာကာသထဲ၌ ရုပ်ရှင်ရိုက်တော့မည့် မင်းသား တွမ်ခရုဇ်

အာကာသထဲ၌ ရုပ်ရှင်ရိုက်တော့မည့် မင်းသား တွမ်ခရုဇ်
Photo - AFP

မေ ၆

ရုပ်ရှင်မင်းသား တွမ်ခရုဇ်သည် အာကာသအေဂျင်စီနှင့်လက်တွဲ၍ နိုင်ငံတကာအာကာသစခန်း၌ ရုပ်ရှင်ရိုက်ကူးတော့မည်ဖြစ်ကြောင်း NASA အကြီးအကဲက အင်္ဂါနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

တွမ်ခရုဇ်သည် ကမ္ဘာမြေမှ မိုင် ၂၅၀ ကွာဝေးသည့် ပတ်လမ်းကြောင်းရှိ အာကာသစခန်း၌နေကာ ရုပ်ရှင်ရိုက်ကူးသွားမည်ဟု နာဆာပြောရေးဆိုခွင့်ရှိသူတစ်ဦးက CN Business ကို အတည်ပြုပြောကြားခဲ့သည်။

၂၀၀၀ ခုနှစ်ကစ၍ နာဆာအာကာသစခန်းသို့  အာကာသယာဉ်မှူးများ အလှည့်ကျ သွားလာနေခဲ့ကြသည်။

တွမ်ခရုဇ်နောက်ခံစကားပြောထားသည့် 2002 IMAX မှတ်တမ်းရုပ်ရှင်အပါအဝင် အာကာသ၌ရိုက်ကူးထားသည့် ရုပ်ရှင်အနည်းငယ်သာရှိသည်။ ၂၀၁၂ က ထွက်ရှိခဲ့သည့် စိတ်ကူးယာဉ်သိပ္ပံဇာတ်လမ်းဖြစ်သည့် Apogee of Fear ကို အာကာသယာဉ်မှူး၏သားဖြစ်သူ Richard Garriott က အာကာသထဲ၌ ရိုက်ခဲ့ဖူးသည်။ သို့သော် တွမ်ခရုဇ်သည် အာကာသထဲသွားရောက်ရိုက်ကူးမည့် ပထမဆုံးမင်းသားဖြစ်သည်။

“နာဆာ ရဲ့ ရည်မှန်းချက်အစီအစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ မျိုးဆက်သစ်အင်ဂျင်နီယာတွေနဲ့ သိပ္ပံပညာရှင်တွေကို လှုံ့ဆော်ပေးမယ့် အများလက်ခံတဲ့ မီဒီယာလိုအပ်ပါတယ်” ဟု နာဆာအုပ်ချုပ်ရေးမှူး Jim Bridenstine က အင်္ဂါနေ့က တွစ်တာတွင် ရေးသားခဲ့သည်။

အဆိုပါရုပ်ရှင်သည် အာကာသပြင်ပ၌ရိုက်ကူးမည့် ပထမဆုံးနောက်ခံစကားပြော အက်ရှင် စွန့်စားခန်း ရုပ်ရှင်ဖြစ်လာမည်ဟု ဆိုသည်။

အာကာသစခန်းသို့ တွမ်ခရုဇ် သွားရောက်မည့်အချိန်နှင့် လိုက်ပါမည့်သူများကိုမူ မသိရှိရသေးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly