Oswald the Lucky Rabbit ကာတွန်းကား ၈၇ နှစ်အတွင်း ပထမဆုံးအကြိမ် ပြသမည်

Oswald the Lucky Rabbit ကာတွန်းကား ၈၇ နှစ်အတွင်း ပထမဆုံးအကြိမ် ပြသမည်

Disney ကုမ္ပဏီ၏ ပထမဆုံး ကာတွန်းဇာတ်ကောင် စရိုက်ဖြစ်သော Oswald the Lucky Rabbit ကာတွန်းကားကို ၈၇ နှစ်အတွင်း ပထမဆုံးအကြိမ် ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။
ပြန်လည် ရိုက်ကူးထားသော Sleigh Bells (1982)ကာတွန်းကို လာမည့်လတွင် လန်ဒန်မြို့ရှိ  BFI တွင် ပွဲဦးထွက် ပြသသွားမည် ဖြစ်သည်။ Oswald ရုပ်ရှင်ကားများကို ပြန်လည် ရိုက်ကူးမှုများ ရှိသော်လည်း Sleigh Bells ကာတွန်းကားသည် မူလ ကာတွန်းကား ထုတ်လွှင့်ခဲ့သည့် အချိန်မှစ၍ နောက်ပိုင်းတွင် တွေ့မြင်ရခြင်း မရှိတော့ချေ။

Oswald the Lucky Rabbit ကာတွန်းကားကို မစ်ကီမောက် ဇာတ်ကောင်ကို ဖန်တီး မရိုက် ကူးမီ ၁၉၂၇ ခုနှစ်က Universal ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီမှ ကာတွန်းရေးဆွဲသူ Ub Iwerks  နှင့် ရုပ်ရှင်ထုတ်လုပ်သူ ဝပ်ဒစ်စနေးတို့က ဖန်တီး ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

ပြန်လည် ရိုက်ကူးထားသော Oswald the Lucky Rabbit ဇာတ်ကားကို Walt Disney Animation Studios ကုမ္ပဏီက ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး Disney Christmas အစီစဉ် အစိတ်အပိုင်း တစ်ခုအဖြစ် ဒီဇင်ဘာ ၁၂ ရက်တွင်  BFI Southbank ရုပ်ရှင်ရုံတွင် ပြသသွားမည် ဖြစ်သည်။

Oswald the Lucky Rabbit ကာတွန်းကားသည် Disney ကုမ္ပဏီသမိုင်းတွင် အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း Disney Animation Studios ကုမ္ပဏီ ဥက္ကဋ္ဌ အန်ဒရူးမေးလ်စတိန်း က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly