ကစားသမားများ သက်တောင့်သက်သာဖြစ်စေဖို့ တိုတောင်းတဲ့ပွဲစဉ်တွေ PFA အကြီးအကဲ အကြံပြု

ကစားသမားများ သက်တောင့်သက်သာဖြစ်စေဖို့ တိုတောင်းတဲ့ပွဲစဉ်တွေ PFA အကြီးအကဲ အကြံပြု

အင်္ဂလိပ်ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအသင်း (PFA) ရဲ့ အကြီးအကဲက ရာသီပြန်လည်စတင်နိုင်ပါက ကစားသမားတွေအပေါ် ပိုမိုသက်တောင့်သက်သာဖြစ်စေဖို့ တိုတောင်းတဲ့ ပွဲစဉ်တွေ ကစားတာဖြစ်နိုင်ချေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကစားသမားတွေရဲ့ ကျန်းမာရေးကို အလွန်အမင်း စိုးရိမ်ပူပန်မှုတွေ ရှိနေပေမယ့်လည်း အင်္ဂလိပ်ကလပ်အသင်းတွေဟာ ပြိုင်ပွဲကို အပြီးသတ်ဆောင်ရွက်ဖို့ ဆက်ရှိနေပါတယ်။

ကစားသမားတွေကို တစ်ပတ်ကို သုံးကြိမ် စမ်းသပ်စစ်ဆေးပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ကို ကန့်သတ်ဖို့ သူတို့ရဲ့ မိသားစုတွေနဲ့ ဝေးတဲ့ ဟိုတယ်တွေမှာ ရက်သတ္တပတ်အတော်ကြာ သီးခြားခွဲထားဖို့ တွန်းအားပေးနိုင်ပါတယ်။

ပရီးမီးယားလိဂ်ရာသီမှာ လက်ကျန်ပွဲပေါင်း ၉၂ ပွဲ ကစားဖို့ ရှိနေသေးတဲ့အတွက် ကစားသမားတွေဟာ တစ်ပတ်ကို နှစ်ကြိမ်ကစားဖို့ အလျင်အမြန် ရောက်မလာခင် အုပ်စုလိုက် လေ့ကျင့်ရာမှာ သူတို့ရဲ့ ကြံ့ခိုင်အမှုအပေါ် လုပ်ဆောင်ဖို့အတွက် ပြင်ဆင်ချိန်က အနည်းငယ်သာရှိပါတယ်။

ဖီဖာအနေနဲ့ တစ်ဖက်မှာ ခွင့်ပြုထားတဲ့ လူစားလဲအရေအတွက်ကို သုံးယောက်ကနေ ငါးယောက်အထိ တိုးမြှင့်ဖို့ အဆိုပြုထားပြီး ဒါက ကစားသမားတွေအတွက် ပင်ပန်းနွမး်နယ်မှုနဲ့ ဒဏ်ရာအန္တရာယ်ကို လျှော့ချဖို့လည်းဖြစ်ပါတယ်။

"ဘေးကင်းလုံခြုံရေးက အရေးကြီးဆုံးပါ။"လို့ PFA အမှုဆောင်အရာရှိချုပ် ဂေါ်ဒွန်တေလာက BBC ကို ပြောကြားခဲ့ပါတယ်။

"အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျနော်တို့ မသိနိုင်ပါဘူး။ ကျနော်တို့ သိတာကတော့ ဘယ်အခြေအနေမျိုးတွေမှာ ဘယ်လို အိုင်ဒီယာမျိုးကို တင်သွင်းရမလဲ၊ လူစားဝင်ကစားသမားတွေ တိုးချဲ့ဖို့ ခြေနိုင်ချေနဲ့ ဘောလုံးပွဲတစ်ပိုင်းစီကို ၄၅ မိနစ်အပြည့်ကနေ လျှော့ကစားဖို့ ခြေနိုင်ချေတွေပါ။

"ကြားကွင်းတွေမှာ ကစားဖို့ ဆွေးနွေးတာတွေရှိပါတယ်။ ရှေ့လျှောက် တင်သွင်းစရာတွေ အများကြီးရှိပါတယ်။ ဘာတွေ အဆိုပြုထားတယ်ဆိုတာ ကြိုးစားပြီး စောင့်ကြည့်ရမှာပါ။"

ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွေကို ကွင်းပိတ်ကစားသွားရမှာဖြစ်ပေမယ့် ပရိသတ်တွေ အားကစားကွင်း ပတ်ပတ်လည်မှာ စုရုံးမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်လို့ သိရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly