မီးတောင် ပြာမှုန့်များ မှုတ်ထုတ်နေ၍ အင်ဒိုနီးရှား ဘာလီကျွန်း လေဆိပ်ပိတ်ထားရ

မီးတောင် ပြာမှုန့်များ မှုတ်ထုတ်နေ၍ အင်ဒိုနီးရှား ဘာလီကျွန်း လေဆိပ်ပိတ်ထားရ

အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်တစ်လုံးမှ ပြာမှုန့်များ မှုတ်ထုတ်နေခြင်းကြောင့် နိုင်ငံ၏ အစည်ကားဆုံးနိုင်ငံတကာဆိုက်ရောက်ရာလေဆိပ်ဖြစ်သည့် ဘာလီကျွန်းလေဆိပ်တွင် လေယာဉ်ပျံသန်းမှု ရာပေါင်းများစွာကို ပယ်ဖျက်ကာ ပိတ်သိမ်းထားလိုက်ရပြီဖြစ်သည်။

အပန်ဖြေဘာလီကျွန်းရှိ Ngurah Rai  လေဆိပ်ကို နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းအထိ ပိတ်ထားမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်ပြီးပါမှ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

"စုစုပေါင်း ပယ်ဖျက်ထားရတဲ့ လေကြောင်း ခရီးစဉ်ပေါင်း ၆၉၂ စီးရှိခဲ့ပါတယ်။"ဟု လေဆိပ်တာဝန်ရှိသူများက ထုတ်ပြန်သည်။

ပြီးခဲ့သည့် သီတင်းပတ်မှစကာ မောင့်ရင်ဂျာနီ မီးတောင်က ပြာမှုန့်များ မှုတ်ထုတ်လာခြင်းဖြစ်သည်။

"မီးတောင်က ပြာများ ဆက်လက်မှုတ်ထုတ်နေဆဲပဲဖြစ်ပါတယ်။ ညပိုင်းမှာ ပိုပြီး မီတောင်ကနေ ပြာမှုန့်များ ပိုထုတ်လွှတ်လာနိုင်ခြေလည်း ရှိနေပါတယ်။"ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။

Ref ; CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly