ရာသီပြန်စရင် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို YouTube မှာ အခမဲ့ပြသဖို့ရှိ

ရာသီပြန်စရင် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို YouTube မှာ အခမဲ့ပြသဖို့ရှိ

ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ပိတ်မှုကြား ဘောလုံးရာသီပြန်လည်စတင်တဲ့အခါ ပရီးမီးယားလိဂ်ရဲ့ အချို့သော ပွဲစဉ်တွေကို YouTube မှာ အခမဲ့ပြသသွားဖို့ စီစဉ်ထားရှိတယ်လို့ သိရပါတယ်။

လက်ရှိဆွေးနွေးနေတဲ့ အဆိုပြုချက်အရ လက်ကျန်ပွဲစဉ် ၉၂ ပွဲလုံးကို Sky Sports၊ BT Sport နဲ့ YouTube တို့မှာ ထုတ်လွှင့်ရဖို့ရှိတယ်လို့ သိရတာပါ။

အစီအစဉ်ကတော့ လက်ရှိဘောလုံးရာသီကို ရက်သတ္တပတ် ခုနှစ်ပတ်အတွင်း ပြီးစီးဖို့ဖြစ်ပါတယ်။

ဒါပေမယ့် ပွဲစဉ်တွေဟာ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားသွားဖို့ရှိပြီး ဘောလုံးအကြီးအကဲတွေက ပရိသတ်တွေကို ပွဲစဉ်တိုင်း တိုက်ရိုက်ကြည့်ရှုစေလိုတာဖြစ်ပါတယ်။

အစီအစဉ်တွေအရ ပွဲအများစုကို လက်ရှိထုတ်လွှင့်ခွင့် မူပိုင်ရယူထားတဲ့ Sky Sports နဲ့ BT Sport တို့မှာ ပြသမှာဖြစ်ပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီလက်ကျန် ပွဲစဉ်တွေကို အခပေးရုပ်သံလိုင်းတွေမှာသာ ကြည့်ရှုခွင့်ရမှာဖြစ်ပေမယ့် YouTube ကို အခမဲ့ရုပ်သံလိုင်း ရွေးချယ်မှုအဖြစ် ဆွေးနွေးနေတယ်လို့ The Sun ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပရီးမီးယားလိဂ်ဟာ ပွဲစဉ်တွေကို အခမဲ့ပြသခဲ့တဲ့ နောက်ဆုံးအကြိမ်က ၂၀၁၃-၁၄ ရာသီ အဖွင့်ပွဲစဉ်မှာဖြစ်ပါတယ်။ အဲဒီနေ့က Sky Sports က မန်ယူနဲ့ ဆွမ်ဆီးပွဲစဉ်၊ BT Sport က ပဲလေ့စ်နဲ့ အာဆင်နယ်ပွဲစဉ်တွေကို အခမဲ့ပြသခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဟာ မေ ၁၂ ရက်မှာ လေ့ကျင့်ခန်းပြန်စပြီး ပထမဆုံးပွဲစဉ်တွေကို ဇွန် ၁၂ ရက်မှာ ကစားလိုကြပါတယ်။

ဒီရာသီရဲ့ လက်ကျန် ၉၂ ပွဲကို လက်ရှိသဘောတူစာချုပ်အရ Sky Sports က ၃၉ ပွဲလွှင့်ဖို့ ကျန်နေပြီး BT Sport ကတော့ ၈ ပွဲကျန်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly