မြိတ်ကျွန်းစု ဒေသထွက် တညင်းသီး ရောင်း/ဝယ်သူများ ယခုနှစ် အရှုံးပေါ်နေ

မြိတ်ကျွန်းစု ဒေသထွက် တညင်းသီး ရောင်း/ဝယ်သူများ ယခုနှစ် အရှုံးပေါ်နေ
ဓာတ်ပုံ - ဒီမိုးသွေး(မြိတ်)

မြိတ်၊ မေ (၅)

COVID-19 ကူးစက်ရောဂါ ကာလ အတွင်း ရန်ကုန်က ကုန်စည်ဒိုင်ပွဲရုံတွေ ပိတ်ထား တာကြောင့် မြိတ်ဒေသထွက် တညင်းသီး ဈေးကွက် အဝယ်ရပ်တန့်နေပြီး အရှုံးပေါ် နေကြောင်း  မြိတ်မြို့က တညင်းသီး လုပ်ကိုင်သူတွေထံမှ သိရ သည်။

မြိတ်မြို့နယ်က ထွက်ရှိသော တညင်းသီးတွေကို ရန်ကုန်က ပွဲရုံတွေကို အများဆုံး တင်ပို့နေရတာ ဖြစ်ကာ ပြီးခဲ့သည့် နှစ်က တညင်းသီး ရာသီပေါ် ဈေးကွက်မှာ အလုံး အကြီးသေးပေါ် မူတည်ပြီး  အလုံးအရေ အတွက် ၂၅၀၀ ကနေ ၃၀၀၀ အထိပါ  တစ်အိတ်ကို ၆ သောင်းကျော်ကနေ ၁ သိန်းနီးပါ အထိ ဈေးကောင်း ရရှိခဲ့ပြီး အခုနှစ်မှာတော့ တစ်အိတ်ကို  ၂ သောင်းကျပ်ကနေ ၂ သောင်းခွဲ အထိသာ ရရှိတော့တယ်ဟု သိရ သည်။

ဓာတ်ပုံ - ဒီမိုးသွေး(မြိတ်)

မြိတ်မြို့၊ အောင်မင်္ဂလာရပ် အုန်းတော်ကျောင်း အနီး တညင်းသီး အဝယ်ဒိုင်မှ ဒေါ်မြင့်ရီက“ဒီနှစ်က တညင်းသီးတွေ အရမ်းထွက်ပေမယ့် ကိုဗစ် ကာလကြောင့် ဈေးတွေ ကျနေသလို အရောင်း/ ဝယ် လုပ်တဲ့ ဒိုင်တွေလည်း အရှုံးပေါ်ကျတယ်”ဟု ပြောဆို သည်။

မြိတ်ကျွန်းစု ဒေသထွက် တညင်းသီးမှာ ပြီးခဲ့သည့် နှစ်က ထက် စာရင် အခုနှစ်မှာ သီးထွက်နှုန်း ပိုများလာသလို ကိုဗစ် ကူးစက်မြန် ရောဂါကြောင့် ရန်ကုန် ပွဲရုံတွေ ပိတ်ထားတာကြောင့် အရောင်း/ အဝယ်တွေ ရပ်တန့် နေသည့် အတွက် အခုလို ဈေးနှုန်းတွေ ကျဆင်း နေကြောင်း သိရ သည်။

အခုနှစ်မှာ တညင်းသီး လုပ်ကိုင်သော ခြံရှင်တွေလည်း အရှုံးပေါ် နေကြကြောင်း ခြံရှင်တွေထံမှ သိရ သည်။

ဓာတ်ပုံ - ဒီမိုးသွေး(မြိတ်)

“တညင်းသီးက ဒီနှစ်မှာ တစ်ခါမှ မကြုံဖူးတဲ့ ဈေးတွေ ကျဆင်း နေတာပါ၊ ခြံရှင်တွေတောင် ဈေးမကောင်းလို့ ကောက်ရောင်းဖို့ အတွက် တင်ခ/ ချခ စာရိတ်တွေ အခက်အခဲ ဖြစ်နေကြတယ်”ဟု ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာနေ ဒေါ်စန်းဝေက ပြောကြား သည်။

မြိတ်ခရိုင် ကျွန်းစုမြို့နယ် အတွင်းက ကတ္တလူကျေးရွာ၊ မရမ်းချောင်းကျေးရွာ၊ ထိန်ချောင်းကျေးရွာ၊ ကဘင်းချောင်းကျေးရွာ၊ ကမ်းကြီးကျေးရွာနှင့် တလာပိုင်းကျေးရွာ စတဲ့ ကျေးရွာတွေမှာ တညင်းသီးကို အများဆုံး ထွက်ရှိကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly