ဖယ်သာဝိတ်တန်း အဆင့်သတ်မှတ်ချက်အပေါ် ဖိုးသော်၏အမြင်နှင့် ရည်မှန်းချက်

ဖယ်သာဝိတ်တန်း အဆင့်သတ်မှတ်ချက်အပေါ် ဖိုးသော်၏အမြင်နှင့် ရည်မှန်းချက်

မေ ၄

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ဟာ ၎င်းတို့ရဲ့သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ပြိုင်ပွဲဝင် အားကစားသမား တွေရဲ့အဆင့် သတ်မှတ်ချက်ကို ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုထုတ်ပြန်လိုက်တာဟာ အားက စားသမားတွေ ကြား ကမ္ဘာ့ချန်ပီယံကို စိန်ခေါ်ခွင့်ရနိုင်ရေး၊ အဆင့်သတ်မှတ်ချက် ပိုမိုမြင့်တက်လာရေး၊ အဆင့် သတ်မှတ်ချက်ထဲ ပာဝင် လာရေးတို့အတွက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာတော့မှာ သေချာပါ တယ်။ ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင်ကို စိန်ခေါ်ထိုးသတ်ခွင့် ရနိုင်ရေးအ တွက် မိမိရဲ့အဆင့်သတ် မှတ်ချက်က ဘယ်လောက်နေရာမှာရှိနေသလဲ၊ အဆင့်သတ်မှတ်ချက်အတွင်း မပါဝင်သေးရင် ပါဝင်လာအောင် ထပ်မံကြိုးစားရဦးမယ်ဆိုတာကို သိရှိနိုင်မှာဖြစ်လို့ အားကစားသမား တစ်ယောက်ချင်းစီတိုင်းအတွက် မရှိမဖြစ်သိထားရမယ့် ထုတ်ပြန် ကြေညာချက်ပဲ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ စင်ကာပူအခြေစိုက် ONE Championship ဟာ ၂၀၂၀ ဧပြီလ ၂၇ ရက်က ကိုယ်ခံပညာသိုင်း ပေါင်းစုံ အားကစား၊ မွေထိုင်း၊ Kickboxing စတဲ့ အားကစားနည်းတစ်ခုချင်းစီအတွက် ဝိတ်တန်းအချို့ရဲ့အဆင့်သတ်မှတ်ချက်တွေကို ထုတ်ပြန်လိုက်တာပါ။ ဝိတ်တန်း အချို့လို့ သုံးနှုန်းလိုက်တာက စတင်ထုတ်ပြန်စဉ်မှာ စတောဝိတ်တန်း၊ ဖလိုင်းဝိတ်တန်း၊ ဘန်တန်ဝိတ် တန်း၊ ဖယ်သာဝိတ်တန်း၊ လိုက်ဝိတ်တန်းတို့သာ ပါဝင်ပြီး ဝယ်သာဝိတ်တန်း၊ မစ်ဒယ်ဝိတ်တန်း၊ လိုက်ဟဲဗီးဝိတ်တန်း၊ ဟဲဗီးဝိတ်တန်း တွေရဲ့အဆင့်သတ်မှတ်ချက်တွေတော့ မပါသေးပါဘူး။ ကျန်နေတဲ့ ဝိတ်တန်းကြီး ၄ ခုအတွက် အဆင့်သတ်မှတ်ချက်တွေကလည်း သိပ် မကြာခင် ထွက်ပေါ်လာဖွယ်ရှိနေပါတယ်။

အဆင့်သတ်မှတ်ချက်တွေ ထုတ်ပြန်ရာမှာ လက်ရှိကမ္ဘာ့ချန်ပီယံကို စိန်ခေါ်နိုင်သူ ၅ ဦးကို အဆင့် ၁ ကနေ ၅ အထိသတ်မှတ်ထားတာ ဖြစ်ပြီး ထိပ်ဆုံးမှာရှိနေသူက လက်ရှိချန်ပီယံနဲ့ ယှဉ်ပြိုင်ခွင့်ရနိုင်မှာပါ။ ဒါကြောင့် အားကစားသမားတစ်ယောက်ချင်းစီတိုင်းအတွက် အ ဆင့်သတ်မှတ်ချက်အတွင်း ရောက်ရှိနိုင်ရေးအတွက် ကနဦးကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်။ အဆင့်သတ်မှတ်ချက်အတွင်း ရောက် လာပြီဆိုရင်လည်း နိုင်ပွဲတွေရရှိဖို့၊ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ဖို့က အရေးကြီးပါတယ်။ ဒါမှသာ အဆင့်သတ်မှတ်ချက်မြင့်တက် ကာ ကမ္ဘာ့ချန်ပီယံတွဲဆိုင်း ယှဉ်ပြိုင်ထိုးသတ်ခွင့်ရနိုင်မှာဖြစ်ပါတယ်။ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားနည်းရဲ့ဖယ်သာဝိတ်တန်းအ ဆင့်သတ်မှတ်ချက်ကို ကြည့်မယ်ဆိုရင် လက်ရှိကမ္ဘာ့ချန်ပီယံ သြစတြေးလျ - ဗီယက်နမ် အားကစားသမား Martin “The Situ-Asian” Nguyen ကို စိန်ခေါ်နိုင်သူ ၅ ဦးရှိနေပါတယ်။

အဆင့် ၁ နေရာမှာရှိနေသူက Nguyen ကို နှစ်ကြိမ်တိုင်ရှုံးဖူးတဲ့ လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စင်ကာပူအားကစားသမား Christian “The Warrior” Lee ဖြစ်ပြီး အဆင့် ၂ နေရာမှာတော့ ဂျပန်အားကစားသမား Koyomi “Moushigo” Matsushima က ရပ်တည်နေပါ တယ်။ သူတို့နောက်မှာတော့ Thanh Le၊ Tatsuya “MMA Fantasista” Yamada၊ Garry “The Lion Killer” Tonon တို့က အစဉ် လိုက် ရပ်တည်လျက်ရှိပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်လျက်ရှိတဲ့ “ဘူရှီးဒိုး” ဖိုးသော်ကတော့ စိန်ခေါ်သူအဆင့်သတ်မှတ် ချက်အတွင်း ပါဝင်လာခြင်းမရှိသေးပေမယ့်လည်း လေ့ကျင့်မှုတွေကို အဆက်မပြတ်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ Team PT အသင်း ရဲ့ပဲ့ကိုင်ရှင် ဖိုးသော်ဟာ ONE Myanmar Featherweight Tournament 2016 ချန်ပီယံဖြစ်ပြီး ၈ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထား ပါတယ်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်က နောက်ဆုံးထိုးသတ်ခဲ့တဲ့ပွဲမှာ တောင်ကိုရီးယား အားကစားသမား Yoon Chang Min ကို ချုပ်ကွက်နဲ့အရေးနိမ့်ထားတဲ့ ၎င်းက ဖယ်သာဝိတ်တန်းအတွက် အဆင့်သတ်မှတ်ချက် ထွက်ပေါ်လာချိန်မှာ မိမိနာမည် ပါဝင်လာ ခြင်းမရှိပေမယ့် စိတ်ပျက်အားငယ်ခြင်းမရှိဘဲ ပါဝင်လာသူတွေအတွက် ဝမ်းသာဂုဏ်ယူမိတယ်လို့ မုဒိတာစကား ဖွင့်ဟပါတယ်။

ONE Championship အနေနဲ့ ဝိတ်တန်းတစ်ခုချင်းစီအတွက် အဆင့်သတ်မှတ်ချက်တွေကို ပြီးစလွယ်ထုတ်ပြန်တာမဟုတ်ဘဲ ကစားသ မားဟောင်းတွေ၊ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအကြောင်း နှံ့စပ်ကျွမ်းကျင်တဲ့ မီဒီယာသမားတွေ၊ ဂျာနယ်လစ်တွေ၊ သတင်းတင် ဆက်သူတွေပါဝင်တဲ့ အဖွဲ့တစ်ခုဖွဲ့စည်းကာ အားကစားသမားတစ်ယောက်ချင်းစီရဲ့အနိုင်အရှုံးမှတ်တမ်း၊ လတ်တလောစွမ်းဆောင် ရည်၊ ပြိုင်ပွဲအရည်အသွေး စတာတွေအပေါ် အသေးစိတ်လေ့လာတွက်ချက်ပြီးမှ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဆိုပါအချက်ကို ဖိုးသော် က လက်ခံပြီး အဆင့်သတ်မှတ်ချက်အတွင်း ပါဝင်လာခြင်းမရှိတဲ့အတွက် မိမိကိုယ်မိမိ လှုံ့ဆော်မှုဖြစ်စေသလို ကြိုးစားချင်စိတ်လည်း ပိုမို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

“ဖယ်သာဝိတ်တန်းမှာ ထွက်လာတဲ့ ranking က တာဝန်ရှိသူတွေ သေသေချာချာ စိစစ်ထုတ်ပြန်ထားတာပေါ့။ ကစားခဲ့တဲ့ ပြိုင်ဘက်တွေ နဲ့ ဘယ်လိုယှဉ်ပြိုင်ခဲ့သလဲဆိုတဲ့ အပိုင်းတွေပါမယ်။ ပြီးတော့ ကစားခဲ့တဲ့ ပြိုင်ပွဲအတွေ့အကြုံနဲ့ သက်တမ်း ဘယ်လောက်ရှိပြီဆိုတာ လည်း ပါမယ်။ ပြိုင်ပွဲယှဉ်ပြိုင်ရာမှာ စွမ်းဆောင်ရည် ဘယ်လောက်ထုတ်ပြနိုင်သလဲ၊ မြေပြင်ချုပ်ကွက်ပိုင်း၊ မတ်တပ်ရပ်ယှဉ်ပြိုင်တိုက် ခိုက်မှုအပိုင်းတွေမှာ ဘယ်အဆင့်အထိရှိသလဲ ဆိုတာတွေအပေါ် စနစ်တစ်ခုသတ်မှတ်ပြီး ရွေးချယ်တာလို့ ကျွန်တော်ထင်ပါတယ်။ အ ဆင့်သတ်မှတ်ချက်ထဲ ပါဝင်လာသူတွေအတွက် ကျွန်တော့်အနေနဲ့ ဝမ်းသာမိသလို ဂုဏ်လည်းယူတယ်။ နောက်ပြီး ကျွန်တော့်ကို လက် ရှိအချိန်ထက် ပိုကြိုးစားရမယ်ဆိုတဲ့စိတ်လည်း ဖြစ်မိတယ်။ ပိုပြီး လေ့ကျင့်ရမယ်ဆိုတာလည်း သဘောပေါက်သွားတယ်” လို့ ဖိုးသော်က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly