တရားရုံးအချုပ်ခန်းမှထွက်ပြေးခဲ့သည့် အချုပ်သား ၁၆ ဦးကို ထောင်ဒဏ် (၂) ချမှတ်

တရားရုံးအချုပ်ခန်းမှထွက်ပြေးခဲ့သည့် အချုပ်သား ၁၆ ဦးကို ထောင်ဒဏ် (၂) ချမှတ်
ဓာတ်ပုံ - ထွန်းထွန်းဝင်း

မေ ၂

ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်ရှိ တရားရုံးအချုပ်ခန်းမှ ထွက်ပြေးခဲ့သည့် အချုပ်သား ၁၆ ဦးကို အလုပ်နှင့်ထောင်ဒဏ် (၂) ချမှတ်ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲသူတို့ ကို ထောင်ဒဏ်(၂) ချမှတ်လိုက်တယ် “ ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္စိျမသတင်းဌာနကိုအတည်ပြုပြောကြားသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၁ရက်က လှိုင်သာယာမြို့မရဲစခန်း အချုပ်ခန်း၌ အချုပ်သားဦးရေများပြားနေသည့်အတွက် အချုပ်သား ၆၂ ဦးကို
တရားရုံးအချုပ်ခန်းသို့  ယာယီရွှေ့ပြောင်းထားစဉ် အချုပ်သား ၁၆ ဦးမှ အချုပ်ခန်းတံခါးသော့အား ဖျက်ဆီးကာ ထွက်ပြေးတိမ်းရှောင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

၄င်းတိမ်းရှောင်ခဲ့သည့် အချုပ်သားများကို (ပြစ်မှုများဖြင့် ချုပ်ထားရာမှ ထွက်ပြေးမှု)ဖြင့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် ဧပြီလ ၂၂ ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါထွက်ပြေးတိမ်းရှောင်ခဲ့သည့် အချုပ်သားများမှာ မူးယစ်မှု၊ခိုးမှုနှင့် သက်ငယ်မုဒိမ်းမှုစသည့် ပြစ်မှုများဖြင့် ဖမ်းဆီးအရေးယူခံထားသူများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly