ဘောလိဝုဒ် မင်းသားကြီး ရီရှီကပူးရ် ကွယ်လွန်

ဘောလိဝုဒ် မင်းသားကြီး ရီရှီကပူးရ် ကွယ်လွန်
Photo: EPA

ဧပြီ ၃၀

၀ါရင့် ဘောလိဝုဒ် မင်းသားကြီး ရီရှီကပူးရ် (Rishi Kapoor) သည် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ ဆေးရုံတစ်ရုံ၌ ဧပြီ ၃၀ ရက်တွင် ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

ယမန်နေ့က အခြား နာမည်ကြီး ဘောလိဝုဒ် စတားမင်းသားတစ်ဦးဖြစ်သည့် အီဖန်ခန်း (Irrfan Khan) ကွယ်လွန်ခဲ့ပြီး နောက်တစ်နေ့မှာပင် ယခုကဲ့သို့ ၀ါရင့် မင်းသားကြီး ရီရှီကပူးရ်လည်း ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

အသက် ၆၇ နှစ်ရှိ မင်းသားကြီး ရီရှီ ကပူးရ်သည် ဟင်ဒီ ရုပ်ရှင်လုပ်ငန်းကို ကာလကြာ လွှမ်းမိုးထားခဲ့သည့် ကပူးရ် မိသားစုဝင်တစ်ဦးလည်း ဖြစ်သည်။

၎င်းသည် ၁၉၇၃ ခုနှစ်က Bobby ရုပ်ရှင်ဇာတ်လမ်းတွင် အဓိကမင်းသားနေရာကနေ ပထမဆုံးပါဝင်သရုပ်ဆောင်ပြီး စတင်လူသိများခဲ့သူ ဖြစ်သည်။

၎င်းသည် ဆယ်စုနှစ်နှစ်စုကြာ အချစ်ဇာတ်ကားအများအပြားတွင် အဓိက ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယင်းနောက် အခြားသော ဇာတ်ကောင်စရိုက်အခန်းကဏ္ဍများသို့ အောင်မြင်စွာ ကူးပြောင်းသရုပ်ဆောင်နိုင်ခဲ့သူ ဖြစ်သည်။

မင်းသားကြီး ကပူးရ်သည် ၂၀၁၈ ခုနှစ်က ကင်ဆာရောဂါခံစားခဲ့ရပြီး နယူးယော့ခ်တွင် နှစ်ချီနေထိုင်ကာ ကုသမှုခံယူခဲ့ရပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလက အိန္ဒိယသို့ ပြန်လာခဲ့သည်။

၎င်းသည် အသက်ရှုရခက်ခဲသည့် အခြေအနေများပေါ်ပေါက်ခဲ့၍ ဧပြီ ၂၉ ရက် မနက်ပိုင်းက ဆေးရုံတင်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်း၏ အကို ရန်ဟာ ကပူးရ်က ပြောသည်။

ရီရှီကပူးရ်သည် ၁၉၇၀ ပြည့်နှစ်က ၎င်း၏ ဖခင် ရာ ကပူးရ်၏ ရုပ်ရှင်ဇာတ်ကားဖြစ်သည့် Mera Naam Joker ဇာတ်ကားတွင် ကလေးသရုပ်ဆောင်အဖြစ် ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly