လီဗာပူးလ်တိုက်စစ်မှူးဟောင်း မိုက်ကယ် ရော်ဘင်ဆင် အသက် ၆၁ နှစ်မှာ ကွယ်လွန်

လီဗာပူးလ်တိုက်စစ်မှူးဟောင်း မိုက်ကယ် ရော်ဘင်ဆင် အသက် ၆၁ နှစ်မှာ ကွယ်လွန်
Photo: EPA

စပိန်မှာ အစီအစဉ်တင်ဆက်သူအဖြစ် လူသိများလာခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ အိုင်ယာလန်တိုက်စစ်မှူးဟောင်း မိုက်ကယ် ရော်ဘင်ဆင်ဟာ အသက် ၆၁ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သူ့ရဲ့ မိသားစုက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

ကစားသမားဘဝကနေ အနားယူပြီးနောက် စပိန်မှာ အခြေချခဲ့တဲ့ ရော်ဘင်ဆင်ဟာ မီဒီယာသမားဘဝကို တိုးချဲ့လုပ်ကိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ပထမဆုံး ကင်ဆာရောဂါကို ခံစားခဲ့ပါတယ်။ သူဟာ Marbella မြို့က သူ့ရဲ့နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။

"ကျနော်တို့ အကြီးအကျယ် ဝမ်းနည်းကြေကွဲစာနဲ့ပဲ မိုက်ကယ်ရဲ့ ဆုံးပါးသွားတာကို သတင်းပါးလိုက်ပါတယ်။"လို့ သူ့ရဲ့ မိသားစုက တွစ်တာမှာ ကြေညာခဲ့တာပါ။

ရော်ဘင်ဆင်ဟာ Preston North End အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့မှာ ကစားခဲ့ပြီးနောက် အန်ဖီးလ်ကို မပြောင်းရွှေ့ခင် ဘရိုက်တန်အတွက် ၁၉၈၃ အက်ဖ်အေဖလားဗိုလ်လုပွဲကို ကစားပေးခဲ့ပါတယ်။

သူဟာ လီဗာပူးလ်အသင်းမှာ ၁၉၈၃-၈၄ တစ်ရာသီသာ ကစားခဲ့ပြီး အသင်းနဲ့အတူ အမှတ်ပေးဖလား၊ လိဂ်ဖလားနဲ့ ဥရောပဖလားတွေ ဆွတ်ခူးခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly