ဗိုင်းရပ်စ်ကယ်ဆယ်ရေးရန်ပုံငွေ ဒေါ်လာသန်း ၁၅၀ ကို အသင်းဝင်ဘောလုံးအဖွဲ့ချုပ်တွေဆီ ပေးမယ့် ဖီဖာ

ဗိုင်းရပ်စ်ကယ်ဆယ်ရေးရန်ပုံငွေ ဒေါ်လာသန်း ၁၅၀ ကို အသင်းဝင်ဘောလုံးအဖွဲ့ချုပ်တွေဆီ ပေးမယ့် ဖီဖာ
Photo: EPA

ဖီဖာဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းကူညီပေးဖို့အတွက် ၎င်းရဲ့ အသင်းဝင် ဘောလုံးအဖွဲ့ချုပ်တွေကို ဒေါ်လာသန်း ၁၅၀ (ယူရို ၁၃၉ သန်း) ထုတ်ပေးမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က သောကြာနေ့က ပြောပါတယ်။

ဖီဖာက "COVID-19 ကူးစက်ရောဂါကြောင့် သက်ရောက်မှုရှိခဲ့တဲ့ ဘောလုံးအသိုင်းအဝိုင်းကို ထောက်ပံ့မယ့် ကယ်ဆယ်ရေး အစီအစဉ်တစ်ရပ်ရဲ့ ပထမခြေလှမ်းအဖြစ်" ၂၀၁၉ နဲ့ ၂၀၂၀ အတွက် "လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ရန်ပုံငွေတွေ"ကို လာမယ့် ရက်အနည်းငယ်အတွင်း အသင်းဝင်အဖွဲ့ချုပ်ပေါင်း ၂၁၁ ဖွဲ့အကြား ခွဲဝေပေးသွားမယ်လို့ ပြောပါတယ်။

ပုံမှန်အားဖြင့် ပေးပို႔သွားမှာက "တိကျတဲ့ သတ်မှတ်ချက်တွေ ပြည့်စုံမှု"အပေါ် နိုင်ငံဘောလုံးအဖွဲ့ချုပ်တစ်ဖွဲ့စီဟာ ဒေါ်လာ ၅၀၀,၀၀၀ ကို ရရှိလိမ့်မယ်လို့ ဖီဖာက ပြောပါတယ်။ ဒါပေမယ့်လည်း ဒီရန်ပုံငွေတွေနဲ့ "၂၀၁၉ နဲ့ ၂၀၂၀ အတွက် ကျန်ရှိနေသေးတဲ့ ဘယ်ရပိုင်ခွင့်မဆို"ကို ထုတ်ပေးပါလိမ့်မယ်။

ဖီဖာဥက္ကဋ္ဌ ဂီယာနီ အင်ဖန်တီနိုက ဒီရန်ပုံငွေတွေဟာ ဘောလုံးအသိုင်းအဝိုင်းတစ်ခုလုံးရှိ အရေးပေါ် အခြေအနေကို တုန့်ပြန်နိုင်ဖို့အတွက် ကျနော်တို့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ကယ်ဆယ်ရေး အစီအစဉ်ရဲ့ ပထမခြေလှမ်းဖြစ်တယ်လို့ ပြောပါတယ်။

"ဖီဖာရဲ့ တာဝန်ဟာ အဲဒီမှာ ရှိနေဖို့နဲ့ လိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ အဖွဲ့ချုပ်တွေကို ကူညီဖို့ပါပဲ။"လို့ အင်ဖန်တီနိုက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ "ဒါဟာ ကျနော်တို့ရဲ့ အသင်းဝင်အဖွဲ့ချုပ်တွေကို ချက်ချင်း ငွေရေးကြေးရေးအရ အကူအညီပေးခြင်းနဲ့ စတင်တာပါ။"

ဒီရန်ပုံငွေတွေဟာ ၂၀၁၆ ခုနှစ်က စတင်ခဲ့တဲ့ Forward 2.0 programme ကနေ ရရှိတာဖြစ်ပြီး ၂၀၁၉-၂၀၂၂ ကာလအတွင်း စုစုပေါင်း ဒေါ်လာ ၁.၇၄၆ ဘီလီယံ (ယူရို ၁.၆ ဘီလီယံဝန်းကျင်) ထောက်ပ့ံပေးပါလိမ့်မယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly