ဘီတာဒိုင်းမှ ကျန်းမာရေးဝန်ထမ်းများအတွက် စုစုပေါင်း ကျပ်သိန်း (၂၇၀) တန်ဖိုးရှိ ဆေးများ လှူဒါန်း

ဘီတာဒိုင်းမှ ကျန်းမာရေးဝန်ထမ်းများအတွက် စုစုပေါင်း ကျပ်သိန်း (၂၇၀) တန်ဖိုးရှိ ဆေးများ လှူဒါန်း

လက်ရှိတွင် လူပေါင်းများစွာ၏ လူနေမှုဘဝများကို နှောင့်ယှက်ဖျက်ဆီးလာသော ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီးအား ကာကွယ်တိုက်ထုတ်ရန် ကြိုးစားနေကြပြီး ကျန်းမာရေးဝန်ထမ်းများမှလည်း ရှေ့တန်းမှ ရင်ဆိုင်ကာကွယ်နေကြဆဲဖြစ်သည်။ ပြည်သူများအနေဖြင့် အစိုးရ၏လမ်းညွှန်ချက်များကို လိုက်နာပြီး ပူးပေါင်းဆောင်ရွက်ပေးရန်မှာလည်း အလွန်အဓိကကျသော အချက်ဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားသွားသကဲ့သို့ ယခုတိုက်ပွဲမှာ ရေရှည်တိုက်ရမည့် တိုက်ပွဲဖြစ်သောကြောင့် သက်လုံကောင်းရန် အရေးကြီးလှသည်။

ယခုကဲ့သို့ ကပ်ဆိုးကြီးအတွင်းတွင် အသက်ကိုပဓာနမထားပဲ လူနာများအား ကာကွယ်ကုသပေးနေပြီး ရောဂါဆိုးကြီးကို ရင်ဆိုင်နေသော ကျန်းမာရေးဝန်ထမ်းများအား အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက လိုအပ်သည်များကို လစ်ဟင်းမှုမရှိရလေအောင် တတ်နိုင်သမျှ လှူဒါန်းနေကြခြင်းကိုလည်း တွေ့နိုင်သည်။ ပြည်သူများ အားထားရသော ဆေးကုမ္ပဏီတစ်ခုဖြစ်သည့် ဘီတာဒိုင်းမှလည်း တစ်ဖက်တစ်လမ်းမှ တတ်အားသရွေ့အကူအညီပေးသည့်အနေဖြင့် ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးဝန်ထမ်းများအား ဆေးများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်းလည်း ဝမ်းမြောက်စွာ ကြားသိရသည်။

ပြည်သူများရှေ့မှ မားမားမတ်မတ်ကာကွယ်ရပ်တည်ပေးနေသော ကျန်းမာရေးဝန်ထမ်းများအတွက် ဘီတာဒိုင်းမှ ခံတွင်းနှင့် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ပိုးများမဝင်စေရန် ကာကွယ်ပေးနိုင်သော ဆေးများဖြစ်သည့် ပလုပ်ကျင်းဆေးရည်နှင့် နှာခေါင်းဖျန်းဆေး (လူကြီး/ကလေး) များကို လိုက်လံလှူဒါန်းခဲ့ကြောင်း ကြားသိရသည်။ လှူဒါန်းရာတွင် ကျန်းမာရေးဝန်ထမ်းများအတွက် ပလုပ်ကျင်းဆေးရည်နှင့် နှာခေါင်းဖျန်းဆေး (လူကြီး) ကို လှူဒါန်းပြီး မိသားစုလိုက် ကာကွယ်သည့်အနေဖြင့်  ကျန်းမာရေးဝန်ထမ်းများ၏ ကလေးငယ်များအတွက် ဘီတာဒိုင်း နှာခေါင်းဖျန်းဆေး (ကလေး)ကိုပါ တစ်ပါတည်း လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဘီတာဒိုင်းမှ ပြီးခဲ့သော  ဧပြီလ (၄)ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးများရှိ ကျန်းမာရေးဝန်ထမ်းများအတွက် သွားရောက်လှူဒါန်းခဲ့ပြီး ဧပြီလ (၈) ရက်နေ့တွင် ဝေဘာဂီဆေးရုံ၊ သင်္ဃန်းကျွန်း စံပြဆေးရုံကြီး၊  မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊အင်းစိန် ပြည်သူ့ဆေးရုံကြီး နှင့် မန္တလေး ခုတင် (၃၀၀) ဆေးရုံကြီးများအား သွားရောက်လှူဒါန်းခဲ့ကြောင်း ကြားသိရသည်။ ပြီးခဲ့သော တစ်လအတွင်းဘီတာဒိုင်းမှ ဆေးရုံအသီးသီး ကိုသွားရောက်ကာ ဘီတာဒိုင်းဆေးများ စုစုပေါင်း သိန်း ၂၇၀ ဖိုး လှူဒါန်းခဲ့ခြင်းပင်ဖြစ်သည်။ လက်ရှိတွင် ဖော်ပြပါ ဆေးရုံများအား လှူဒါန်းပြီးစီးပြီး နောင်တွင် ဆက်လက်ပြီးတော့လည်း အခြားသော နယ်ဆေးရုံများအထိ လိုက်လံလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သည့် Covid-19 ရောဂါပိုးကို ကာကွယ်ရန် လက်ဆေးခြင်းနှင့် mask တပ်ခြင်းမျှနှင့်ပင် မလုံလောက်ပဲ အသက်ရှုလမ်းကြောင်းနှင့် ခံတွင်းမှတစ်ဆင့် ရောဂါပိုးကူးစက်မှုမရှိအောင် ကာကွယ်ရန်မှာလည်း အဓိကလိုက်နာရမည့်အချက်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly