ရိုမေးနီးယားတွင် နိုက်ကလပ်မီးလောင်မှုကြောင့် လူထောင်ပေါင်းများစွာက အစိုးရကို ဆန့်ကျင်ဆန္ဒပြလျှက်ရှိ

ရိုမေးနီးယားတွင် နိုက်ကလပ်မီးလောင်မှုကြောင့် လူထောင်ပေါင်းများစွာက အစိုးရကို ဆန့်ကျင်ဆန္ဒပြလျှက်ရှိ

ဘူခါရတ်၊ နိုဝင်ဘာ-၄ ။               ။ အနည်းဆုံး လူ၃၂ဦး သေဆုံးခဲ့ရသည့် ဘူခါရပ်နိုက်ကလပ် မီးလောင်မှုမှ သူရဲကောင်းတစ်ယောက်ကို နိုဝင်ဘာ၃ရက်နေ့က အောက်မေ့ဖွယ်အခမ်းအနားဖြင့်   မြှုပ်နှံခဲ့ရာ လူရာပေါင်းများစွာ တမ်းတငိုကြွေးခဲ့ကြသကဲ့သို့ ရင်နင့်ဖွယ်ဖြစ်ရပ်၏ နောက်ဆက်တွဲအနေဖြင့် အစိုးရကို ဆန့်ကျင်ဆန္ဒပြရန်အတွက် နောက်ထပ် လူ၂၀၀၀၀၀ကျော်ခန့်မှာလည်း မြို့တော်၏ လမ်းများပေါ်သို့ ထွက်ပေါ်လာခဲ့ကြသည်ဟု ဆိုသည်။

ကြင်နာတတ်သည့် နှလုံးသားပိုင်ရှင် မုတ်ဆိတ်ဗရဗြစ်နှင့် ၃၆နှစ်အရွယ် ဓာတ်ပုံဆရာနှင့် ဘလော့ဂါ ကလော့ဒီယူ ပီတာမျာ သောကြာနေ့ညက မိန်းမတစ်ယောက်ကို ကယ်ဆယ်ရန်အတွက်   ကော်လက်တစ်နိုက်ကလပ် မီးလျှံအတွင်းသို့ တစ်ဖန်ပြန်တိုးဝင်သွားခဲ့သည်။ ထို့နောက် မြေအောက်ခန်းကလပ် ငရဲတွင်းထဲသို့ ဝင်သွားပြန်ရာ အသက်ရှင်လျှက် ပြန်မတွေ့ရတော့ပေ။

လုပ်ဖော်ကိုက်ဖက်များနှင့် သူငယ်ချင်းများက ပီတာအား နှုတ်ဆက်ပွဲတွင် သူ၏ နောက်ဆုံးတဒင်္ဂများကို ပြန်ပြောင်းအောက်မေ့ခဲ့ကြသလို  နှစ်နာရီကျော်ကြာမြင့်သည့်  အောက်မေ့ဖွယ် အခမ်းအနားအတွင်း သမ္မတ ကလောက် အိုင်အိုဟန်းနစ်ကလည်း ပီတာ၏ ရဲရင့်မှုနှင့် ကိုယ်ကျိုးစွန့်မှုကို ချီးကျူးဂုဏ်ပြုခဲ့သည်။

မီးပွင့်က မီးလောင်လွယ်သော အမြှုပ်များကို မီးခတ်လိုက်၍ ဟုန်းခနဲ မီးထတောက်လာသည့်အခါတွင် လူများက ကြောက်လန့်တကြားနှင့် တစ်ပေါက်တည်းသော တံခါးဆီသို့ ရုန့်ရင်းဆန်ခတ် ပြေးလွှားခဲ့ကြသည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

ပီတာမှာ အခြားဓာတ်ပုံဆရာတစ်ယောက်၏ မိန်းခလေးသူငယ်ချင်းကို ဒရွတ်ဆွဲကာ ကလပ်အပြင်ဘက်သို့ ထွက်လာသည်ဟုဆိုသည်။ ထို့နောက် မီးလောင်နေသော မြေအောက်ခန်းထဲသို့   နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်သွားသည်ဟု ဆိုသည်။

လောလောဆယ်တွင် နိုက်ကလပ်ပိုင်ရှင် ၃ယောက်ကို စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထိန်းသိမ်းထားပြီး လူ ဒါဇင်ပေါင်းများစွာမှာ ပြင်းထန်သော မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံတွင် တက်ရောက်အကုသခံနေရသည်ဟု ဆိုသည်။

နိုက်ကလပ်မီးလောင်မှုအပေါ် လူထု၏ဒေါသမှာ နိုဝင်ဘာလ ၃ရက်နေ့တွင် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီး အစိုးရအား ဆန့်ကျင်ဆန္ဒပြရန် လမ်းပေါ်သို့ ထွက်လာသည့် ရိုမေးနီးယားနိုင်ငံသား အရေအတွက်မှာ ၂၀၀၀၀ကျော်အထိ ရောက်ရှိလာပြီး ဝန်ကြီးချုပ် ဗစ်တာ ပွန်တာ၊ ပြည်ထဲရေးဝန်ကြီး ဂါဘရီယယ် အော့ပရီရာနှင့် ကော်လက်တစ်ကလပ်တည်ရှိရာ ခရိုင်မှ မြို့တော်ဝန်တို့ကို   နှုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

ရိုမေးနီးယားသမ္မတ ကလောက် အိုင်အိုဟန်းနစ်ကလဘည်း ၎င်းု၏ ဖေ့စ်ဘုတ်တွင် ဆန္ဒပြသူများ မှန်ကန်ကြောင်း၊ တစ်ယောက်ယောက်က တာဝန်ယူရလိမ့်မည်ဖြစ်ကြောင်း ရေးသားခဲ့သည်။

ရိုမေးနီးယားတွင် ကာလအတန်ကြာကပင် အကျင့်ပျက်ခြစားသည်ဟု အများက အမြင်ရှိနေကြသော အစိုးရအပေါ် ဒေါသများ စုပုံလာနေခဲ့ရာ သောကြာနေ့မီးလောင်မှုကြောင့် မကျေနပ်ချက်များ တိုးပွားလာခဲ့ရသည်။ ရဲများနှင့် အခိုက်အတန့် ဝရုံးသုဉ်းကားဖြစ်သွားခဲ့သည့် ဆန့်ကျင်ဆန္ဒပြသူများက နိုင်ငံ၏သမိုင်းတွင် အသေအပျောက် အများဆုံးဖြစ်ခဲ့သည့် မီးလောင်မှုအတွက် တာဝန်ရှိသူများကို အာဏာပိုင်များက အပြစ်ပေးရန် တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly