ပြိုင်ကားနဲ့ယှဉ်ပြီး အပြေးပြိုင်ဖို့ ကြိုးစားနေတဲ့ ဒေါက်ဂလပ်ကော်စတာ

ပြိုင်ကားနဲ့ယှဉ်ပြီး အပြေးပြိုင်ဖို့ ကြိုးစားနေတဲ့ ဒေါက်ဂလပ်ကော်စတာ

ဂျူဗင်တပ်စ်အသင်းရဲ့ တောင်ပံကစားသမား ဒေါက်ဂလပ်ကော်စတာကိုတော့ သူ့ရဲ့အသင်းဖော်နဲ့ ပရိသတ်တွေက The Flash လို့ နာမည်ပြောင်ပေးထားပါတယ်။ အကြောင်းရင်းကတော့ ဘောလုံးကွင်းထဲမှာ သူ့ရဲ့ပြေးနှုန်းက အရမ်းမြန်ပြီး ပြိုင်ဖက် နောက်ခံလူတွေ ထိန်းချုပ်ရတာ ခက်တာကြောင့်ပါ။

အခုလည်း ကော်စတာက သူ့ရဲ့ချစ်သူဖြစ်တဲ့ မော်ဒယ် နာတာလီယာ ဖိလစ်နဲ့အတူ ကိုရိုနာဗိုင်းရပ်စ်ကို ရှောင်ရှားနေပြီး သူတို့ အတူ ရှိချိန်လေးမှာ စိန်ခေါ်မှုလေးတစ်ခု လုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။

အဲဒါကတော့ go-kart လို့ ခေါ်တဲ့အသေးစား ပြိုင်ကားလေးနဲ့ ယှဉ်ပြိုင်မှု ပြုလုပ်ဖို့ပါပဲ။ ကော်စတာရဲ့ အင်စတာဂရမ်မှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုထဲမှာတော့ ဖိလစ်က ပြိုင်ကားလေးကို မောင်းနှင်နေပြီး ကော်စတာကတော့ ပြိုင်ကားရဲ့နံဘေးမှာ ပြေးဖို့အတွက် အဆင်သင့်ပြင်နေတာကို တွေ့ရမှာပါ။

 
 
 
 
 
 
 
 
 
 
 
 
 

@douglascosta vs @nathaliafelix Essa semana to imbatível fiiiii  You are next -> @charles_leclerc

A post shared by DC11 Fé Em Deus (@douglascosta) on

သူတို့က သတ်မှတ်ထားတဲ့နေရာကို ဘယ်သူအရင်ရောက်မလဲဆိုတာ အပြေးပြိုင်ကြရမှာဖြစ်ပြီး ကော်စတာဟာ အပြေးဖိနပ်အစား ခြေညှပ်ဖိနပ် ပေါ့ပေါ့ပါးပါးလေးကိုသာ စီးထားခဲ့ပါတယ်။

ဒါပေမယ့် စတင်ပြေးချိန်မှာတော့ ပြိုင်ကားက အရှိန်ယူနေရတုန်း ကော်စတာက ပြေးထွက်သွားခဲ့ပြီး သတ်မှတ်ထားတဲ့နေရာကို အရင်ဆုံးရောက်သွားခဲ့တာပါ။

 
 
 
 
 
 
 
 
 
 
 
 
 

You and me together Through the days and nights @nathaliafelix

A post shared by DC11 Fé Em Deus (@douglascosta) on

သူ့ရဲ့ခြေထောက်မှာ မိုးကြိုးသွားပုံစံ တက်တူးရေးထိုးထားတဲ့ အသက် ၂၉ နှစ်အရွယ် တောင်ပံကစားသမားဟာ ဘယ်လိုပြေးရမယ်ဆိုတာကို ကောင်းကောင်းသိထားပုံပါပဲ။

ဒီ ဗီဒီယိုဖိုင်ကို မြင်ခဲ့ကြတဲ့ ဘရာဇီးအသင်းဖော် နေမာနဲ့ ဒေးဗစ်လုဇ်တို့က ကော်စတာကို လှောင်ပြောင်တဲ့မှတ်ချက်တွေ ပေးခဲ့ကြပြီး နေမာက ဒီကားလေးဟာ ထင်သလောက် မမြန်ပါဘူးလို့ မှတ်ချက်ပေးခဲ့သလို ဒေးဗစ်လုဇ် ကတော့ ရယ်မောနေတဲ့ အီမိုဂျီ လေးတွေကို ကွန်မန့်မှာ လာရောက်ရေးသားခဲ့တာပါ။

ကော်စတာတို့ စုံတွဲဟာ လက်ရှိအချိန်မှာတော့ ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို ရှောင်ရှားဖို့ ရောက်နေကြပြီး မကြာခင် လေ့ကျင့်ခန်းအစီအစဉ်တွေ ပြန်စရတော့မှာမို့ အီတလီမြေကို ရက်ပိုင်းအတွင်း ပြန်လည်ခြေချရတော့မှာပါ။

 
 
 
 
 
 
 
 
 
 
 
 
 

 

A post shared by NATHÁLIA FELIX (@nathaliafelix) on

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly