အချုပ်အခြာအာဏာကို မထိပါးရန် အမေရိကန်အား တရုတ်သတိပေး

အချုပ်အခြာအာဏာကို မထိပါးရန် အမေရိကန်အား တရုတ်သတိပေး

ပေကျင်း၊ နိုဝင်ဘာ-၄ ။                ။ ပြီးခဲ့သည့် ရက်သတ္တပတ်က တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်ရေတပ်၏ ကင်းလှည့်မှုမှာ တရုတ်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားများကို ခြိမ်းခြောက်နေသောကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်သည့် အန္တရာယ်ကြီးမားသော လုပ်ရပ်များကို မလုပ်ဆောင်သင့်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး ချန်ဝမ်ကွန်က ပြောကြားခဲ့သည်။

ချန်က အင်္ဂါနေ့က ကွာလာလမ်ပူတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ် ကာတာအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၄ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အမေရိကန်ရေတပ်က ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်အတွက်ဟုဆိုကာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်လူလုပ်ကျွန်းများအနီး ၁၂မိုင်နယ်နိမိတ်အတွင်းသို့ ဖျက်သင်္ဘောတစ်စင်းကို စေလွှတ်ခဲ့ရာ တရုတ်ဖက်မှလည်း အငြင်းပွားကျွန်းများပေါ်သို့ ဂျက်တိုက်လေယာဉ်များ စစ်ရေးပြပျံသန်းခြင်းဖြင့် တုန့်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly