ဘာစီလိုနာကွင်းလယ်လူ ဗီဒယ်ရဲ့ စွမ်းအားရှင်ချစ်သူလေး ဆိုနီယာ

ဘာစီလိုနာကွင်းလယ်လူ ဗီဒယ်ရဲ့ စွမ်းအားရှင်ချစ်သူလေး ဆိုနီယာ

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ဗီဒယ်ကိုတော့ ကွင်းအတွင်းမှာ ကြမ်းကြမ်းရမ်းရမ်းနဲ့ ကစားတတ်သူအဖြစ် ပရိသတ် အများစုက လက်ခံထားကြပါတယ်။ သူက ကွင်းလယ်အဖျက် နေရာမှာ ပီပီပြင်ပြင် ကစားနိုင်သူဖြစ်ပြီး ဘောလုံးပျက်ဖို့ကလွဲပြီး တခြားနာကျင်မှုတွေကို မကြောက်တဲ့သူလို့တောင် ခေါင်းစဉ်တပ်နေကြတာပါ။

ဒါပေမယ့် ဗီဒယ်နဲ့ တွဲနေတဲ့ သူ့ရဲ့ချစ်သူကို မြင်လိုက်ရရင်တော့ ဗီဒယ် တစ်ယောက် ကြမ်းတယ်ဆိုတာ သူ့ကောင်မလေးကို မှီပါ့မလားလို့ စဉ်းစားစရာဖြစ်လာမှာပါ။

ဗီဒယ်ရဲ့ ချစ်သူဖြစ်တဲ့ ကြံ့ခိုင်ရေးမော်ဒယ် ဆိုနီယာ အစ်ဆာဇာဟာ အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်ပြီး အင်စတာဂရမ်မှာတော့ အားကစားလေ့ကျင့်ခန်းတွေနဲ့ ပတ်သက်လို့ နာမည်ကြီးတဲ့ မော်ဒယ်တစ်ယောက်အဖြစ် လူသိများပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

Soy mas fuerte que las excusas!! #cheking

A post shared by Sonia Isaza (@niaisazaoficial) on

သူမက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗီဒယ်နဲ့အတူ နေအိမ်အတွင်း ရှိနေချိန်မှာ သူမတို့နှစ်ယောက် တွဲရိုက်ထားတဲ့ ဓာတ်ပုံအချို့ကို အင်စတာဂရမ်မှာ တင်ခဲ့ပြီး သူမရဲ့ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်က ပရိသတ်တွေအတွက် အားကျစရာဖြစ်ခဲ့ရတာပါ။

 
 
 
 
 
 
 
 
 
 
 
 
 

ESPALDITA! . Fueron 4 series de 20 repts @nitrofitoficial

A post shared by Sonia Isaza (@niaisazaoficial) on

သူမက အင်စတာဂရမ်မှာ ပရိသတ် ၃ သန်းကျော် ပိုင်ဆိုင်ထားပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေနဲ့အတူ နာမည်ကြီးနေသူပါ။ သူမရဲ့ ခန္ဓာကိုယ်က လေ့ကျင့်ခန်းတွေကြောင့် မာကျောကျစ်လစ်နေတာကို ဓာတ်ပုံတွေထဲမှာ တွေ့ရမှာဖြစ်ပြီး ဗီဒယ်ကတော့ သူ့ရဲ့ အင်စတာဂရမ်မှာ သူတို့နှစ်ယောက် တွဲရိုက်ထားတဲ့ ဓာတ်ပုံ မှန်သမျှကို ဖျက်ထားတာ မြင်တွေ့ခဲ့ရပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရတော့ သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းက ပြတ်စဲခဲ့ကြပြီး လက်ရှိအချိန်မှာတော့ ပြန်လည်တွဲခုတ်နေကြတာလို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက တရားဝင် ဖြစ်ခဲ့တဲ့ ဗီဒယ်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ကြပြီး လိုက်ဖက်ညီလှတဲ့ ဒီနှစ်ယောက်ကို အားကျခဲ့တဲ့ ပရိသတ်ပေါင်းများစွာ ရှိခဲ့ပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

No pidas una carga ligera, sino una espalda fuerte! y la mía si que está fuerte!!!. Ph: @xue_photos

A post shared by Sonia Isaza (@niaisazaoficial) on

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly