အဒဲလ်၏ Hello တေးသီချင်း ၁ ဒသမ ၁ သန်းကျော် စံချိန်တင် ရောင်းချနိုင်ခဲ့

အဒဲလ်၏ Hello တေးသီချင်း ၁ ဒသမ ၁ သန်းကျော် စံချိန်တင် ရောင်းချနိုင်ခဲ့

ဗြိတိန်အဆိုတော် အဒဲ၏  Hello တေးသီချင်းသည် ပထမသီတင်းပတ် ဒစ်ဂျစ်တယ် သီချင်းများ ရောင်းချရမှုစာရင်းတွင် ၁ ဒသမ ၁ သန်းကျော် စံချိန်တင် ရောင်းချနိုင်ခဲ့ပြီး ဘေလ်ဘုတ်ဇယား တွင် ဒေါင်းလုတ်ဆွဲယူမှု အကြိမ်ရေ ၁ သန်း စံချိန်ကို ချိုးနိုင်ခဲ့သည့် ပထမဆုံး တေးသီချင်း ဖြစ်လာ သည်။

အဒဲလ်သည် ဆယ်ကျော်သက်များ အသည်းစွဲ အဆိုတော် ဂျက်စတင်ဘီဘာ၏ မကြာသေး မီက ထွက်ရှိခဲ့သော Sorry တေးသီချင်းကို ကျော်လွန်ခဲ့ကြောင်းနှင့် ဘီဘာ၏ Sorry တေးသီချင်း သည် ပွဲဦးထွက် သီတင်းပတ်တွင် ဒေါင်းလုတ်ဆွဲယူမှု အကြိမ်ရေ  ၂၇၆၈,၀၀၀ ရှိခဲ့ပြီး ဒုတိယနေရာ တွင် ရပ်တည်လျက်ရှိကြောင်း Nielsen တေးဂီတက ထုတ်ပြန်သော သတင်း အချက်အလက်များအရ သိရသည်။

Hello တေးသီချင်းသည် ယခုလအတွင်း ထွက်ရှိမည့် အဒဲလ်၏ တေးသီချင်း အယ်လ်ဘမ် 25 မှ ပထမဆုံး ထွက်ရှိသည့် တေးသီချင်း ဖြစ်သည်။ Hello တေးသီချင်းသည်  Spotify တေးသီချင်း ဝန်ဆောင်မှုတွင် ကြည့်    ရှုနားဆင်သူ ၄၇ ဒသမ ၅ သန်းရှိခဲ့ပြီး တေးသီချင်း ဝန်ဆောင်မှု သမိုင်းတွင် သီတင်းပတ် တစ်ပတ်အတွင်း နားဆင်မှု အများဆုံး သီချင်းတစ်ပုဒ် ဖြစ်ခဲ့သည်။

Hello တေးသီချင်း ဗီဒီယိုသည် ပြီးခဲ့သည့် သီတင်းပတ်က ထွက်ရှိခဲ့ပြီးနောက် ၂၄ နာရီအ ကြာတွင် ကြည့်ရှုသူ ၂၇ သန်းကျော်ရှိခဲ့ပြီး Vevo.com ဖျော်ဖြေရေး ဝက်ဆိုဘ်တွင် စံချိန် ချိုးခဲ့သည်။ ၂၀၀၉ ခုနှစ်က အမေရိကန်ရက်ပါ ဖလိုရီဒါ၏ Right Round တေးသီချင်းသည် ဒေါင်းလုတ်ဆွဲယူမှုဖြင့် အပုဒ်ရေ ၆၃၆,၀၀၀ ပုဒ် ရောင်းချရခဲ့ပြီး ရောင်းအားအကောင်းဆုံး တေးသီချင်းဖြစ်ခဲ့ကြောင်း Nielsen တေးဂီတက ပြောကြားသည်။

ဘေလ်ဘုတ် ၂၀၀ တေးသီချင်း အယ်လ်ဘမ်ဇယားတွင် သြစတြေးလျ ပေါ့ပ်အဆိုတော်အဖွဲ့ 5 Seconds of Summer အဖွဲ့က မကြာသေးမီက ထွက်ရှိထားသော Sounds Good Feels Good တေးသီချင်း အယ်လ်ဘမ်ဖြင့် နံပါတ်တစ်နေရာတွင် ရပ်တည်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags