မန်စီးတီးရဲ့ ဒီဘရိုင်း အဖျားရောဂါကနေ ပြန်လည်သက်သာလာ

မန်စီးတီးရဲ့ ဒီဘရိုင်း အဖျားရောဂါကနေ ပြန်လည်သက်သာလာ

ကီဗင်ဒီဘရိုင်းဟာ အဖျားရောဂါကနေ ပြန်လည်သက်သာလာပြီပေမယ့် မန်ချက်စတာစီးတီးကြယ်ပွင့်က သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိ၊ မရှိဆိုတာ မသေချာသေးဘူးလို့ ပြောပါတယ်။

ဒီဘရိုင်းနဲ့ သူ့ရဲ့ မိသားစုဟာ နှစ်ပတ်ဝန်းကျင်ကြာ အဖျားရောဂါခံစားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟာ ဗိုင်းရပ်စ်ကူးစက်ခံရတလား၊ မကူးစက်ခံရတာလား မသိရပါဘူး။

"ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်အခု ကျန်းမာရေး ကောင်းသွားပါပြီ။"လို့ ဒီဘရိုင်းက Sky Sports ကို ပြောကြားခဲ့ပါတယ်။

"ပထမ နှစ်ပတ်ကြာ ကျနော်တို့ မိသားစုဟာ ဖျားနာခဲ့တာပါ။ ပြီးတော့ အဲဒီအဖျားက အနည်းငယ် တက်လိုက် ကျလိုက်ဖြစ်နေသလိုပါပဲ။ ဒါပေမယ့် ကျနော်တို့အားလုံး အခု ကျန်းမာနေကြပါပြီ။"

"အဲဒီရောဂါ (ကိုရိုနာဗိုင်းရပ်စ်) ရှိ၊ မရှိဆိုတာ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် ကျနော်တို့ အခု ကောင်းနေပြီလို့ ထင်ပါတယ်။"

ဒီဘရိုင်းဟာ ဘောလုံးပွဲတွေ ရပ်နားထားခဲ့ပြီး ပြီးခဲ့တဲ့လက အသွားအလာကန့်သတ်ခဲ့ချိန်မှာ မန်ချက်စတာမှ ရှိနေခဲ့သူဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ပွဲစဉ်တွေကို အကန့်အသတ်မရှိ ဆိုင်းငံ့ထားပေမယ့်လည်း ဒီရာသီမှာ ပြန်လည် ကစားဖို့ အခွင့်အလမ်းရှိနေဆဲဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly