အာဖဂန်နစ္စတွင် လင်ငယ်နေသည့် အမျိုးသမီးကို ကျောက်ခဲဖြင့် ထုသတ် သည့် ဗီဒီယို အွန်လိုင်းတွင် ပျံ့နေ

အာဖဂန်နစ္စတွင် လင်ငယ်နေသည့် အမျိုးသမီးကို ကျောက်ခဲဖြင့် ထုသတ် သည့် ဗီဒီယို အွန်လိုင်းတွင် ပျံ့နေ

အာဖဂန်နစ္စတန်တွင် အမျိုးသမီးငယ်တစ်ဦးအား လင်ငယ်နေသည်ဟု စွပ်စွဲကာ ကျောက်ခဲဖြင့် ထုသတ်စီရင်ခံလိုက်ရကြောင်း တာဝန်ရှိသူများက ပြောသည်။

ထိုသို့ ကျောက်ခဲဖြင့် ထုသတ်ကာ အပြစ်ပေးနေသည့် ဗီဒီယိုက အွန်လိုင်းပေါ် ပျံ့နှံ့သွားခဲ့သည်။

စက္ကန့် ၃၀ သာ ကြာသည့် ယင်းဗီဒီယိုတွင် မြေတွင်းထဲက အမျိုးသမီးကို ခေါင်းပေါင်းများ ပေါင်းထားကြသည့် အမျိုးသားတစ်စုက ဝိုင်း၍ ကျောက်ခဲဖြင့် ထုသတ်ကြခြင်းဖြစ်သည်။ လင်ငယ်ဖြစ်သူကိုမူ ကြိမ်ဒဏ်ပေးခဲ့သည်။

ယင်းဖြစ်ရပ်သည် တာလီဘန်များကြီးစိုးရာ ဂေါပြည်နယ် ဖီရိုဇာခို့မြို့တော် အပြင်ဖက်တွင် ကုန်လွန်ခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တိုလို သတင်းဌာနက ဖော်ပြထားသည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly