အမေရိကန်နည်းတူ ဥရောပလုပ်ငန်းများ တရုတ်နိုင်ငံမှရွှေ့ပြောင်းနေကြ

အမေရိကန်နည်းတူ ဥရောပလုပ်ငန်းများ တရုတ်နိုင်ငံမှရွှေ့ပြောင်းနေကြ

ဧပြီ ၁၇

ကုန်သွယ်ရေးစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များကို အပြည့်အဝ ပြန်လည်ပုံသွင်းလျက်ရှိပြီး တရုတ်၏ကုန်ထုတ်လုပ်မှုကို ထိခိုက်နစ်နာစေသည်။ ထိုသို့လုပ်ဆောင်ရာ၌ အမှားတစ်စုံတစ်ရာ မပြုလုပ်သင့်ပေ။ အရည်အသွေးထိန်းချုပ်မှုနှင့် ထောက်ပံ့မှုကွင်းဆက်စာရင်းစစ် (Quality Control and Supply Chain Auditor-QIMA) အဖွဲ့၏ စစ်တမ်းအရ တရုတ်မှထွက်ခွာသော အမေရိကန်ကုမ္ပဏီများသည် ၈၀ ရာခိုင်နှုန်းရှိပြီး ဥရောပသမဂ္ဂအခြေစိုက်ကုမ္ပဏီ ၆၇ ရာခိုင်နှုန်းရှိသည်။

ပြည်မကြီးမှ ထုတ်လုပ်သူများသည် အခွန်နှင့်ဆက်နွယ်သော ကုန်ကျစရိတ်များကြောင့် နိုင်ငံခြားမှဖောက်သည်များ ပိုမိုမြန်ဆန်စွာဆုံးရှုံးခြင်း သို့မဟုတ် အခွန်ရှောင်ရန်အတွက် တရုတ်ပြည်ပ၌ ၎င်းတို့၏ ကုန်ထုတ်လုပ်မှု အချို့ကို လုပ်ဆောင်ခြင်းတို့ကြောင့် တရုတ်ပြည်အခြေစိုက်လုပ်ငန်းများ၏ ဝယ်လိုအားမှာ ၁၃ % ကျဆင်းခဲ့သည်။

ဥရောပကုမ္ပဏီများသည် တရုတ်သွင်းကုန်များအပေါ် အကောက်ခွန် မလျှော့သည့်အတွက် ကုန်သွယ်ရေးစစ်ပွဲကြောင့် ထိခိုက်မှုနည်းသည်။  သို့သော် တရုတ်၏ထုတ်လုပ်မှုအပေါ် မှီခိုအားထားမှု လျှော့ချရန် ကိုယ်စီ အကြောင်းပြချက်များရှိသည်ဟု QIMA က ယူဆထားသည်။ ဥရောပကုမ္ပဏီ အများစုသည် အရှေ့တောင်အာရှနှင့် အိမ်နီးချင်းနိုင်ငံများတွင် ရင်းမြစ်ရှာဖွေထုတ်လုပ်နေကြသည်။

လက်ရှိကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် အနှံ့အပြား၌ရှိနေမှုသည် စုပေါင်းရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများစွာဖန်တီးပေးပြီး ဗီယက်နမ်ကဲ့သို့သောနိုင်ငံများတွင် စျေးကွက်သစ်များ ဖြစ်ပေါ် လာစေသည်။

QIMA အဖွဲ့၏ သုံးလပတ်အစီရင်ခံစာကို ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ခဲ့သည်။ အဆိုပါအစီရင်ခံစာတွင် ထောင်ပေါင်းများစွာသောစစ်ဆေးမှုများနှင့် စားသုံးသူထုတ်ကုန်ကဏ္ဍများမှကုမ္ပဏီ ၁၅၀ ကျော်၏ စစ်ဆေးခြင်း များမှတဆင့် ကောက်ယူရရှိသော မြေပြင်အချက်အလက်များကို ပေါင်းစပ်ရေးသားထားသည်။ ကုန်သွယ်ရေးစစ်ပွဲသည် နိုင်ငံမျိုးစုံအခြေစိုက်သော တရုတ်နှင့်အမေရိကန် ကုမ္ပဏီကြီးများကို အထိန်းအကွပ်မဲ့ အခြေအနေ သို့ရောက်ရှိစေခဲ့သည်။ နှစ်နိုင်ငံစလုံးသည် ဗီယက်နမ်နှင့်ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော နိုင်ငံများမှ ကုန်ပစ္စည်းရင်းမြစ်များကို နှစ်ပေါင်းများစွာ ရှာဖွေနေကြသည်။ အထူးသဖြင့် အဝတ်အထည်များတွင် တရုတ်နိုင်ငံတွင် ပြုလုပ်သည် ဟူသော စာတမ်းအစား ဗီယက်နမ်တွင်ပြုလုပ်သည် ဟူသော စာတမ်းများကို တွေ့မြင်ရဖွယ်ရှိသည်။

တရုတ်၏လုပ်အားခများသည် မြင့်တက်လာပြီး အစိုးရကလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများကို အနောက်နိုင်ငံများကဲ့သို့ ကျင့်သုံးလာသည့်အတွက် နိုင်ငံခြားကုမ္ပဏီများထွက်ခွါ ရွှေ့ပြောင်းသွားခြင်းဖြစ်သည်။ အဆိုပါစနစ်မျိုးမရှိသည့် အရှေ့တောင်အာရှနိုင်ငံငယ်များတွင်မူ တရုတ်နိုင်ငံသည် လုပ်အားခသက်သောသော လုပ်သားများနှင့် လုပ်ကိုင်နေကြပြီး ညစ်ညမ်းမှုနှင့် အလုပ်သမားအခွင့်အရေးများကို လျစ်လျူရှုခဲ့သည်။

နောက်ဆုံး QIMA စစ်တမ်းတွင်ပါဝင်ဖြေဆိုသူ အကောက်ခွန်ဒဏ်ခံရသည့် အမေရိကန်ကုမ္ပဏီ  ၇၅ % ကျော်က လုပ်ငန်းအပေါ် အဆိုးရွားဆုံး သက်ရောက်မှုများအနက် ဆက်စပ်ကုန်ကျစရိတ်များသည် တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် စီစဉ်ထားသည်ထက် ပိုမိုဆောလျင်စွာ ရွှေ့ပြောင်းခြင်း ရွှေ့ပြောင်းရန်စီစဉ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ဥရောပနိုင်ငံများသည်လည်း အလားတူပင်ဖြစ်သည်။

EU စီးပွားရေးလုပ်ငန်းများသည် တရုတ်နှင့်ကုန်သွယ်ရေးစစ်ကြောင့် ထိခိုက်မှုနည်းသည်။  စစ်တမ်းတွင် ပါဝင်သူ ၁၄ ရာခိုင်နှုန်းသော ကုမ္ပဏီများက အကောက်ခွန်ကြောင့် တရုတ်ရင်းမြစ်ရှာဖွေမှုကို လျှော့ချနေခြင်း ဖြစ်သည်ဟုဆိုသည်။  သို့သော်အကောက်ခွန်များနှင့် ပတ်သက်၍ ဖိအားနည်း သော်လည်း ပြိုင်ဘက်များက အခြားနေရာများတွင် ရင်းမြစ်ရှာဖွေနေစဉ်မှာ ဥရောပကော်ပိုရေးရှင်းများအနေဖြင့် ၎င်းတို့၏ နှစ်ချို့ထောက်ပံ့ရေး ကွင်းဆက်များကိုသာ တစ်ကျော့ပြန် လုပ်ဆောင်နေသည်။ အချို့ EU ကုမ္ပဏီများမှာ တရုတ်နိုင်ငံမှ ရင်းမြစ်များကို သုံးနေကြဆဲဖြစ်သည်။

အချို့ ဥရောပကုမ္ပဏီများသည် အိမ်နီးချင်းနိုင်ငံများကို မျက်စိကျနေပြီး အထည်ချုပ်လုပ်ငန်းများသည် ယခုနှစ်တွင် ရိုမေးနီးယားနှင့် ပေါ်တူဂီတို့မှ ရင်းမြစ်ရယူများ များပြားလာသည်။ သို့သော် တရုတ်နိုင်ငံမှ ထွက်ခွာခြင်း သည် လွယ်ကူသောအလုပ်မဟုတ်ပေ။

ကုမ္ပဏီများသည် နှစ်ပေါင်း ၂၀ ကျော်မျှ တရုတ်တို့နှင့်လက်တွဲလာခဲ့ပြီး တရုတ်၏ ကုန်ထုတ်လုပ်မှုအရည်အသွေးမှာလည်း များစွာတိုးတက်ပြောင်းလဲခဲ့သည်။  အမေရိကန်ပြည်ထောင်စုရှိ ကမ္ဘာလှည့်ခရီးသွားများ စည်ကားရာ ကမ်းခြေမြို့ရှိ ဆိုင်များတွင် တရုတ်နိုင်ငံထုတ် အမေရိကန်ဒေါ်လာ ၁၀ တန်  ကမ်းခြေထိုင်ခုံများကိုတွေ့ရဆဲဖြစ်ပြီး ဒေါ်လာ ၈၀ တန် ထိုင်ခုံများလည်း ရှိသည်။ တရုတ်နိုင်ငံ၏ မြင့်တက်လာသော တန်ဖိုးကွင်း ဆက်ကို အစားထိုးနိုင်မည့် နည်းပညာ သို့မဟုတ် ကျွမ်းကျင်မှုများသည် အခြားနိုင်ငံများတွင် မရှိချေ။ သို့ရာတွင် Myrtle ကမ်းခြေမှ Tsunami အမည်ရှိ ကမ်းခြေသုံးပစ္စည်းအရောင်းဆိုင်မှ ဒေါ်လာ ၁၀ တန် ကမ်းခြေထိုင် ခုံမှာ အနည်းငယ်ထိုင်ထိုင်ရုံဖြင့် ကျိုးပဲ့နိုင်ပေသည်။

အိန္ဒိယနှင့်ပါကစ္စတန်တို့မှ ထုတ်ကုန်များသည် ပျက်စီးမှုနှုန်း ၃၃ % နှင့် ၃၇% အသီးသီးရှိပြီး ၂၀၁၉ ခုနှစ် အစပိုင်း မှစ၍ တောင်အာရှနိုင်ငံများ၏ ထုတ်ကုန်အရည်အသွေး ယိုယွင်းလာခဲ့သည်ဟု QIMA က သုံးသပ်ပြခဲ့သည်။ ကမ္ဘောဒီးယားတွင်လည်း ဒုတိယသုံးလပတ်တွင် စစ်ဆေးခဲ့သော ကုန်ပစ္စည်းအားလုံး၏ ၄၀ ရာခိုင်နှုန်းကျော်သည် အရည်အသွေးအားဖြင့် လက်ခံနိုင်စရာမရှိပေ။

ဒေသတွင်းထုတ်ကုန်လုပ်ငန်းများသည် ပစ္စည်းသစ်များကို ပမာဏများများနှင့်ထုတ်လုပ်ရန် သို့မဟုတ် သင့်လျော်သောအရည်အသွေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတည်ထောင်ရန် လိုအပ်သော ရင်းမြစ်များနှင့်အချိန် မရရှိနိုင်ပဲ များပြားလာသည့်ဝယ်လိုအားဖြည့်ဆည်းနိုင်ရန် ရုန်းကန်နေကြရသည်။ EU နိုင်ငံများအနေဖြင့် ၎င်းတို့စျေးကွက်အတွက် အိမ်နီးချင်းနိုင်ငံများကို တရုတ်နိုင်ငံအသေးစား ဖြစ်လာအောင် လုပ်ဆောင်ခြင်းက ပိုမိုကောင်းပေလိမ့်မည်။

တရုတ်နိုင်ငံ၏ ထုတ်ကုန်အရည်အသွေးသည် ပိုမိုကောင်းလာပြီး QIMA ၏စစ်တမ်းအရ တရုတ်ကုန်ထုတ်လုပ်ငန်းများသည် ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်တွင် ၁၃ % တိုးတက်မှုရှိကြောင်း ပြသခဲ့သည်။ သို့သော်  လုပ်ငန်း ၂၅ %  ခန့်မှာ အရည်အ‌သွေးပြည့်မီအောင် မထုတ်လုပ်နိုင်ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags