မွေးနေ့ပြီးသွားတဲ့အထိ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေခဲ့တဲ့ ဒယ်လီအယ်လီရဲ့ မွေးနေ့ကိတ်

မွေးနေ့ပြီးသွားတဲ့အထိ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေခဲ့တဲ့ ဒယ်လီအယ်လီရဲ့ မွေးနေ့ကိတ်

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်မှာ စပါးအသင်းကွင်းလယ်ကစားသမား အယ်လီ တစ်ယောက် အသက် (၂၄)နှစ်ပြည့်ခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် နေအိမ်ထဲမှာသာ မွေးနေ့ပွဲကျင်းပခဲ့ရတဲ့ အယ်လီအတွက် သူငယ်ချင်းတွေက ထူးခြားတဲ့ပုံစံ ဖန်တီးထားတဲ့ ကိတ်မုန့်တစ်လုံးကို ပို့ပေးခဲ့တာဖြစ်ပြီး အဲဒီကိတ်မုန့်ဟာ မွေးနေ့ပွဲပြီးလို့ ရက်တွေကြာတဲ့အထိ နာမည်ကြီးနေခဲ့တာပါ။

အယ်လီရဲ့ သူငယ်ချင်းတွေက PlayStation ခလုတ်ပုံစံ ကိတ်မုန့်ကြီးကို မှာယူပေးခဲ့ကြတာဖြစ်ပြီး အဲဒီ ကိတ်မုန့်က တကယ့်ကို ဂိမ်းခလုတ်တစ်ခု အတိုင်းပါပဲ။

 
 
 
 
 
 
 
 
 
 
 
 
 

Turning 24 in isolation wasn’t so bad! Thank you all for the birthday wishes

A post shared by Dele (@dele) on

အင်စတာဂရမ်မှာ ပရိသတ် (၇)သန်းရှိတဲ့ အယ်လီက သူ့ရဲ့ ပရိသတ်တွေသိအောင် ဒီကိတ်မုန့်ကို ပြသသွားခဲ့ပြီး မွေးနေ့ဆုတောင်းတွေအားလုံးအတွက် ကျေးဇူးတင်ကြောင်း ရေးသားသွားခဲ့တာပါ။

အယ်လီဟာ Fortnite ဂိမ်းမှာ နာမည်ကြီးသူ တစ်ယောက်ဖြစ်ပြီး သူဟာ ဆွီဒင်မှာကျင်းပတဲ့ ကမ္ဘာ့ဖလား Fortnite ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်အထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သူပါ။ သူက စပါးအသင်းဖော် ဟယ်ရီကိန်းနဲ့အတူ အမြဲကစားလေ့ရှိပြီး သူတို့နှစ်ယောက်ရဲ့ ဂိမ်းကစားချိန်များလွန်းလို့ သတင်းတွေထဲမှာတောင် ဖော်ပြခံခဲ့ရဖူးပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

Isolation birthday #stayhome

A post shared by Dele (@dele) on

အခုလည်း သူ့အတွက် ဂိမ်းခလုတ်ပုံစံ ကိတ်မုန့်ကြီးရခဲ့လို့ အယ်လီ တစ်ယောက် ကျေနပ်နေပုံပါ။

အယ်လီက သူ့ရဲ့ အင်စတာဂရမ်မှာ မွေးနေ့ကို တစ်ကိုယ်တော်ဖြတ်သန်းနေတဲ့ပုံတွေကို တင်ခဲ့ပြီး တစ်ယောက်တည်း အသားကင်စားလိုက်၊ ကစားနေလိုက်၊ ထိုင်နေလိုက်နဲ့ သီးခြား ဖြစ်နေပုံတွေကို ပြသသွားခဲ့ပါတယ်။

ဗြိတိန်မီဒီယာတွေကတော့ အယ်လီရဲ့ မွေးနေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ စပါးအသင်းနည်းပြ မော်ရင်ဟိုက အိမ်အနီးရောက်လာခဲ့ပြီး အယ်လီကို အိမ်အပြင်ဖက်ကနေ မွေးနေ့ဆုတောင်းပေးသွားခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေမှာတော့ မော်ရင်ဟိုဟာ လမ်းတစ်ဖက်ကနေပဲ သူ့ရဲ့ ကွင်းလယ်လူ ကို စကားတွေ လှမ်းပြောနေတာကို မြင်ခဲ့ရပြီး တစ်ယောက်နဲ့တစ်ယောက် အကွာအဝေးတစ်ခုမှာ ရှိနေဖို့ ဆုံးဖြတ်ခဲ့ပုံပါ။

အဲဒီရက်မတိုင်ခင်ကတော့ မော်ရင်ဟိုဟာ လန်ဒန်မြို့တွင်းက ပန်းခြံတစ်ခုထဲမှာ စပါးအသင်းသားအချို့နဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုဖိုင် ပေါ်ထွက်လာခဲ့လို့ သူ့ရဲ့အပြုအမူအတွက် တောင်းပန်ခဲ့ရပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags