မြစ်ရေစည်းချက် . . . ဧရာဝတီ - (၈)

မြစ်ရေစည်းချက် . . . ဧရာဝတီ - (၈)

သန့်ဇော်(သန်လျင်)

(တစ်မျက်နှာဆောင်းပါး)

စိတ်ကူးကြည့်တဲ့အခါ ဒီလိုအမြဲမပြတ် စီးဆင်းနေတဲ့ ရေထုထည်ကြီးဟာ မြေကြီးထဲကထွက်တဲ့ ကျောက်သံပတ္တမြားတွေလို ဓာတ်သတ္ထုတွေလို အဖိုးတန်နေတာကို တွေးမိပါတယ်။ ရွှေငွေကျောက်သံပတ္တမြား ဓာတ်သတ္ထုဆိုတာ လက်ငင်း လူတွေအသုံးပြုနေကြတော့ မြစ်ရေကို မေ့လျော့နေတယ်လို့ ထင်ရပါတယ်။ တကယ်တန်းမှာတော့ မြစ်ရေစီးကြောင်းကြီးကို စနစ်တကျ အသုံးပြုမယ်ဆိုရင် ‌ရွှေငွေကျောက်သံပတ္တမြား ဓာတ်သတ္ထုတို့ရဲ့တန်ဖိုးထက်မနိမ့်ဘူးဆိုတာ တွေးမိလို့ပဲဖြစ်ပါတယ်။

မြစ်ရေစည်းချက် . . . ဧရာဝတီ (၆)  

ခုဟာက ကချင်ပြည်နယ်ရဲ့ လှပတဲ့မြစ်နှစ်စင်းအနက် တစ်စင်းပဲဖြစ်ပါသေးတယ်။ မြန်မာနိုင်ငံ မြေပုံကို ကြည့်လိုက်ရင် သူနဲ့ ညီအမဖြစ်တဲ့ မြစ်ဆုံမှာ ပေါင်းစည်းမိတဲ့ မလိခမြစ်ဆိုတဲ့ လှပတဲ့မြစ်တစ်စင်းလည်း ရှိပါသေးတယ်။ မလိခမြစ်ကလည်း မြန်မာပြည်မြောက်ဖျား ခါကာဘိုရာဇီတောင်တွေဖက်ကနေ မြစ်ဖျားခံ စီးဆင်းပြီး ရေခဲတောင်တွေ အရည်ပျော်ကာ စီးဆင်းနေတဲ့ မြစ်တစ်စင်းပဲ ဖြစ်ပါတယ်။

မြစ်ရေစည်းချက် . . ဧရာဝတီ (၅)

ဟိုးအရင်တုန်းက တစ်ဆင့်ပြီးတစ်ဆင့် ဒေသခံ ရဝမ်လူမျိုးတွေ ပြောဆို ယုံကြည်ကြတဲ့ ခါကာဘိုရာဇီတောင်ထိပ် မှာ ရေခဲပျော်ချိန် သန့်စင်ပြီး လှပတဲ့ ဆီးနှင်းတွေနဲ့  ပြည့်နှက်နေတဲ့ မှော်ရေအိုင်တွေရှိတယ် လို့ သိရပါတယ်။ သူတို့လည်း မရောက်ဖူးဘဲ ကြားသာကြားဖူးကြောင်း အဲဒီကန်ထဲက ရေတွေဟာလည်း မေခနဲ့ အန်မိုင်ခမြစ်ထဲကို စီးဝင်တာဖြစ်ကြောင်း သူတို့လူမျိုးတွေရဲ့ ဂုဏ်ယူပြောဆိုကြတာကိုလည်း ကြားဖူးပါတယ်။ တစ်ချို့တောင်တွေမှာဆိုရင် နတ်တွေဖန်ဆင်းတဲ့ ရေအိုင်တွေတောင်ရှိတယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။ ဒီရေအိုင်တွေအကြောင်း သီချင်းတောင်ရှိတယ်လို့လည်း သိရပါတယ်။

မြစ်ရေစည်းချက် . . ဧရာဝတီ (၄)

ပူတာအိုကသွားရင် မြောက်ဖက် မန်းခါဘတ်ဒေသ မရောက်ခင် မြစ်နှစ်စင်း ဆုံတဲ့နေရာရှိပါတယ်။ ခါကာဘိုရာဇီ ‌တောင်တန်းတွေဖက်နေ စီးလာတဲ့မြစ်တစ်စင်းရယ်၊ အိန္ဒိယပြည် အီရူနာချေးပရာဒေ့ပြည်နယ်(Arunachal Pradesh)နဲ့ မြန်မာနိုင်ငံထိစပ်တဲ့ တောင်တွေအလွန်ပေါပြီး သွားလာရခက်ခဲကာ ဆီးနှင်းများနဲ့ရေခဲများ ဖုံးလွှမ်းနေတဲ့ဖက်ကနေ မြစ်ဖျားခံ စီးဆင်းလာတဲ့မြစ် သို့မဟုတ် မန်းခါးဘတ် အနောက်ဖက်က စီးလာတဲ့မြစ်တစ်စင်းရယ် ဆုံကြတဲ့နေရာဖြစ်ပါတယ်။ မြစ်နှစ်စင်းစလုံးအနက်  မန်းခါးဘတ် အနောက်ဖက်က စီးလာတဲ့မြစ်က ကျယ်လည်းကျယ် ရေပမာဏကလည်းများလေတော့ မလိခမြစ်အဖြစ် ထင်ရှားပါတယ်။

မြစ်ရေစည်းချက် . . . ဧရာဝတီ (၃)

လူသူအရောက်အပေါက်နည်းပြီး ရွှေရှာတဲ့သူတွေ ၊ သတ္ထုတူးဖော်တဲ့သူတွေသာ တွေ့ရပါတယ်။ မြန်မာပြည်ရဲ့ တောတောင်သဘာဝအလှတွေထဲမှာ အကျည်းတန်တာကတော့ ရွှေရှာတဲ့သူတွေ၊ သတ္ထုတူးဖော်သူတွေ ဆိုတာ အဲဒီနေရာကိုရောက်ဖူးတဲ့သူတွေသာ မျက်ဝါးထင်ထင်တွေ့ရတာပဲ ဖြစ်ပါတယ်။ မြစ်ရဲ့အချို့နေရာတွေ မှာတော့ ရွှေကျင်တဲ့သူအနည်းအကျဉ်းတွေ့ရပြီး အဲဒီဖက်ကနေ မြစ်ရဲ့အောက်ဖက်ကို စုန်ဆင်းလာရင်တော့ မလိခမြစ်ပြင်ဟာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ကြည့်ရတာ အလွန်ကို လှပသာယာတာကိုတွေ့ရပါတယ်။ ကျွန်တော့အနေနဲ့တော့ ဘယ်နေရာကြည့်ကြည့်ကို အံ့မခန်းကိုဖြစ်နေပါတယ်။ မြစ်တို့ရဲ့ထုံးစံပါပဲ မိုးရာသီမှာ မြစ်ပြင်ဟာ ကျယ်ပြန့်နေပြီး အန်မိုင်ခထက် ရေများနေတာကို ကျွန်တော်ရောက်ခဲ့တဲ့ တော်တော်များများနေရာ တွေမှာ တွေ့ခဲ့ရပါတယ်။ မြစ်ပြင်ဟာ ကျယ်ပြန့်နေရုံမက ရေဟာ ပြည့်လျှံပြီး ရေစီးလည်းမြန်တာကို တွေ့ရပါတယ်။ မြစ်ထဲမှာတော့ ငါးရှာနေတဲ့ လှေငယ်လေးအချို့ကိုသာတွေ့ပြီး မြစ်ရေဟာ ကြည်လင်လို့ နေပါတယ်။ မိုးတွင်းဆိုရင် ရွှေရှာ ရွှေကျင်တဲ့သူတွေလည်း မရှိသလောက်နည်းသွားတာ တွေ့ရပါတယ်။

မြစ်ရေ စည်းချက် ဧရာဝတီ - ( ၂ )

 

ကချင်လူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ ကောင်းမှုလုံစေတီပေါ်ကနေ မလိခမြစ်ပြင်ကို အလျားလိုက် ကြည့်မယ်ဆိုရင် ပင်လယ်ပြင်အလား ရေပြင်ကြီးကို တစ်မျှော်တစ်ခေါ်ကို တွေ့ရမှာပဲဖြစ်ပါတယ်။ တစ်ဖက်ကမ်းကို ကြည့်မယ်ဆိုရင်တောင် ကျွန်တော်တို့ ရန်ကုန်နဲ့ ဒလဖက်ကမ်းလို ရေပြင်ကျယ်ဝန်းတာကို တွေ့ရမှာပါ။ ကမ်းကနေ ရေထဲဆင်းကြည့်မယ်ဆိုရင် အေးစက်နေပြီး ပေါင်အလယ်လောက်ထိ မြစ်ကြမ်းပြင်ကို ထင်ထင်ရှားရှား မြင်ရပါတယ်။ မြစ်ရေက အလုံးအရင်းနဲ့စီးဆင်းနေတော့ ရှေ့ဆက်ဆင်းရင် အန္တရာယ်ရှိပါတယ်။

မြစ်ရေစည်းချက် ဧရာဝတီ

မလိခမြစ်ဟာလည်း နွေဖက်ဆိုရင် ရေစီးဆင်းမှုနည်းပြီးနေရာတော်တော်များများမှာ သောင်တွေ ထွန်းနေတာ တွေ့ရမှာပဲ ဖြစ်ပါတယ်။ တချို့နေရာတွေမှာတော့ ရေတံခွန်လိုလို မြစ်ဟာ ကျဉ်းပြီး ရေစီးသန်တာကိုလည်း တွေ့ရပါတယ်။ ပူတာအိုနဲ့ မချမ်းဘော့ ကို ဆက်သွယ်ထားတဲ့  မလိခတံတားပေါ်ကကြည့်ရင် မလိခမြစ်ဟာ လှပသာယာနေတာကိုလည်း တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ သွားတဲ့အချိန်က မြစ်ထဲမှာ ငါးရှာနေတဲ့ လှေကလေး တစ်ဆင်းသာ တွေ့ရလို့ မလိခမြစ်ရယ်၊ မလိခတံတားရယ်က လှေကလေးတစ်စင်းနဲ့ ကဗျာတစ်ပုဒ်လို ခံစားမိ လိုက်ရပါတယ်။ မြစ်တစ်လျောက် ဘယ်နေရာကြည့်ကြည့် မြစ်ရေဟာ ကြည်လင်အေးမြလို့နေပြီး မြန်မာပြည်ရဲ့ တောင်ဖက်ကို တစ်ဖက်သတ် စီးဆင်းမြဲ စီးဆင်းနေတာတွေ့ရပြီး ဒီမြစ်ရေတွေကို တိုင်းပြည်အတွက် ဘယ်လို တန်ဖိုးရှိအောင် အသုံးပြုရမလည်းဆိုတာ စဉ်းစားရင်း . . . . .။   ။

(ဆက်လက်ဖော်ပြပါမည်)

သန့်ဇော်(သန်လျင်)
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly