ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး လာမည့် စက်တင်ဘာလမှာ အသင့်ဖြစ်နိုင်ဟု အောက်စ်ဖို့ဒ် တက္ကသိုလ် သုတေသီအဖွဲ့ ပြော

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး လာမည့် စက်တင်ဘာလမှာ အသင့်ဖြစ်နိုင်ဟု အောက်စ်ဖို့ဒ် တက္ကသိုလ် သုတေသီအဖွဲ့ ပြော

ဧပြီ ၁၁

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုး လာမည့် စက်တင်ဘာလတွင် အသင့်ဖြစ်လာနိုင်သည်ဟု သတင်းတစ်ရပ်အရ သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရှာဖွေရေးပိုင်းတွင် ဦးဆောင်လုပ်ကိုင်နေသော ဗြိတိန် သုတေသနပညာရှင်အဖွဲ့တစ်ခုကို လက်ရှိဦးဆောင်နေသည့် အောက်စ်ဖို့ဒ်တက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်သည့် Sarah Gilbert က  သူမတို့အဖွဲ့၏ လုပ်ဆောင်နေမှုသည် လာမည့် ဆောင်းဦးရာသီတွင် အလုပ်ဖြစ်လာမည်ဟု သူမအနေဖြင့် ၈၀ ရာခိုင်နှုန်း ယုံကြည်မှု ရှိပါကြောင်း ပြောသွားခဲ့သည်။

ယင်းကို ၂၀၂၀ နှစ်ကုန်ထက် နောက်မကျဘဲ ထုတ်လုပ်နိုင်မည်ဟု သူမအနေဖြင့် မျှော်လင့်ထားကြောင်း ယမန်လက ပြောထားခဲ့သော်လည်း လူဖြင့် စမ်းသပ်မှုများကို လာမည့် နှစ်ပတ်အတွင်း စတင်နိုင်မည်ဟု ထင်ရပြီးနောက် Gilbert က အကောင်းမြင်ဆုံးသော ဖြစ်နိုင်ခြေတစ်ခုကို ယခုအခါ အတည်ပြုသွားခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ဆေး ထုတ်ပြီးပြီးချင်း အများပြည်သူထံ ချက်ချင်း ရောက်ရှိစေနိုင်ရန်အလို့ငှာ အလားအလာကောင်းသည်ဟု ကြိုမြင်နိုင်သည့် ကာကွယ်ဆေး dose သန်းပေါင်းများစွာ ထုတ်လုပ်ရန် ငွေကြေးမတည်ထောက်ပံ့မည်ဟု အစိုးရကလည်း ကနဦးပိုင်းက အရိပ်အမြွက် ပြောထားသည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ရန် အချိန် ၁၈ လမျှအထိ ကြာနိုင်သည် ဆိုပြီး ကနဦး သတိပေးမှုများ ရှိနေသော်ငြား အရာအားလုံးသာ အဆင်ပြေ ပြီးပြည့်စုံစွာ ပြီးမြောက်မည်ဆိုပါလျင် လက်ရှိ လုပ်ဆောင်နေသော ထုတ်ကုန်တစ်ခုအတွက် ယုံကြည်မှု အရှိဆုံးသော စိတ်မှန်းခြေ ကာလတစ်ခုက စက်တင်ဘာလဖြစ်ကြောင်း ပါမောက္ခ Gilbert က ပြောသည်။

“ဒီ ကာကွယ်ဆေးအမျိုးအစားနဲ့ ကျွန်မတို့ လုပ်ထားတဲ့ အခြားအရာတွေအပေါ် အခြေတည်ပြီး ဒါက အလုပ်ဖြစ်နိုင်မယ့် မြင့်မားတဲ့အလားအလာတစ်ခု ရှိနေတယ်လို့ ကျွန်မထင်ပါတယ်” ဟု သူမက the Times ကို ပြောသည်။

“ဒါက စိတ်ခံစားချက်တစ်ခုအပေါ် အခြေတည်တဲ့ အိုင်ဒီယာတစ်ခုသက်သက်မဟုတ်ပါဘူး၊ သီတင်းပတ်တွေ ကုန်လွန်သွားတာနဲ့ ကျွန်မတို့ဆီမှာ လေ့လာကြည့်ရှုနိုင်မယ့် ဒေတာအချက်အလက်တွေ ပိုရှိမှာဖြစ်ပါတယ်၊ ကျွန်မကတော့ ၈၀ ရာခိုင်နှုန်း ယုံကြည်ထားပါတယ်၊ ဒါက ကျွန်မရဲ့ ကိုယ်ပိုင်အမြင်တစ်ခုပါ” ပါမောက္ခ Gilbert က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly