နံရံကို ဘောလုံးနဲ့ကန် လေ့ကျင့်ရင်း ပြတင်းပေါက်မှန် ခွဲမိသွားတဲ့ ဗီလာတိုက်စစ်မှူး

နံရံကို ဘောလုံးနဲ့ကန် လေ့ကျင့်ရင်း ပြတင်းပေါက်မှန် ခွဲမိသွားတဲ့ ဗီလာတိုက်စစ်မှူး

တခြားဘောလုံးသမားတွေက အမှိုက်ပုံးထဲ ဘောလုံးဝင်အောင်၊ အိုးထဲဘောလုံးဝင်အောင် ကန်ပြနေတဲ့အချိန်မှာ ကိုယ့်အိမ်က ပြတင်းပေါက်မှန်ကို ကွဲအောင် ဘောလုံးနဲ့ ကန်မိတဲ့ တိုက်စစ်မှူးတစ်ယောက်လည်း ရှိပါသေးတယ်။

သူကတော့ ဗီလာအသင်းရဲ့တိုက်စစ်မှူး ဟပ်ဘန်း မာဖီပဲဖြစ်ပြီး ဒါဘီအသင်းကို အငှားနဲ့ သွားရောက်ကစားနေတဲ့သူပါ။

မာဖီက သူ့ရဲ့ခြံဝန်းအတွင်းမှာ ဘောလုံးတစ်လုံးနဲ့ လေ့ကျင့်ခန်းဆင်းနေခဲ့တာဖြစ်ပြီး နေအိမ်နံရံကို ဘောလုံးနဲ့ ကန်ပြီး ပြန်ကန်ထွက်လာတဲ့ဘောလုံးကို ခြေထောက်နဲ့ထိန်းဖို့ ကြိုးစားနေခဲ့တာပါ။

ဒါပေမယ့် ဒုတိယမြောက်ကန်ချက်မှာတင် သူ့ရဲ့ ဘောလုံးက နေအိမ်အပေါ်ထပ် ပြတင်းပေါက်ဆီ တည့်တည့်ရောက်သွားခဲ့ပြီး ပြတင်းပေါက်မှန်ကို ခွဲလိုက်သလို ဖြစ်သွားခဲ့တာပါ။

ဟပ်ဘန်းခမျာ သူလုပ်လိုက်တဲ့အဖြစ်ကြောင့် ခဏလောက် ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့ပြီး ခေါင်းပေါ်မှာ လက်တင်ပြီး စိတ်ညစ်သွားတာကို မြင်ခဲ့ရပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

Can’t even get anyone to fix that anytime soon

A post shared by Rush (@hepburnmurphy29_) on

အသက် ၂၁ နှစ်သာ ရှိသေးတဲ့ တိုက်စစ်မှူးလေးဟာ တခြားဘောလုံးသမားတွေလို စိန်ခေါ်မှု တစ်ခုခု ပြုလုပ်ဖို့ ကင်မရာထောင်ပြီး ဘောလုံးလေ့ကျင့်မှု ပြုလုပ်ခဲ့တာဖြစ်ပေမယ့်လည်း သူ့ရဲ့ အဖြစ်က ရယ်စရာနဲ့သာ အဆုံးသတ်သွားခဲ့ရပါတယ်။

ချယ်လ်ဆီးအသင်းတိုက်စစ်မှူး အေဗရာဟမ်ကတော့ မာဖီရဲ့ ဗီဒီယိုအောက်မှာ ရယ်မောနေတဲ့ အီမိုဂျီတွေ အများကြီး လာရောက်ပေးသွားခဲ့ပြီး ရယ်ချင်စိတ်ကို အောင့်မထားနိုင်ဘူးဆိုတဲ့အကြောင်း အသိပေးသွားခဲ့ပါတယ်။

မာဖီရဲ့ ပရိသတ်တွေထဲက တစ်ချို့ကတော့ အခုလို စိတ်မပျော်မရွှင်ဖြစ်နေရတဲ့အချိန်မျိုးမှာ ဒီလို ဗီဒီယိုမျိုးလေး ကြည့်လိုက်ရလို့ ပျော်ရွှင်သွားမိတယ်ဆိုတဲ့အကြောင်း မှတ်ချက်ပေးခဲ့ကြတာပါ။

 
 
 
 
 
 
 
 
 
 
 
 
 

14/03/15

A post shared by Rush (@hepburnmurphy29_) on

ဗီလာအသင်းရဲ့အကယ်ဒမီထွက် ကစားသမားလေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာပဲ ဒါဘီအသင်းဆီ အငှားနဲ့ သွားရောက်ကစားခဲ့ရတာဖြစ်ပြီး ဗီလာအသင်းရဲ့ စီနီယာ ကစားသမားအဖြစ် ပွဲထွက်နိုင်ဖို့ စောင့်ဆိုင်းနေရဆဲပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly