မြန်မာနိုင်ငံသား ၂ ဦးကို ဘတ်ငွေ ၁၆ သန်းခွဲနှင့်အတူ ထိုင်းရဲဖမ်းဆီး၊ ကုန်သွယ်ရေးထိခိုက်နိုင်ဟု ကုန်သည်ကြီးများအသင်း ပြော

မြန်မာနိုင်ငံသား ၂ ဦးကို ဘတ်ငွေ ၁၆ သန်းခွဲနှင့်အတူ ထိုင်းရဲဖမ်းဆီး၊ ကုန်သွယ်ရေးထိခိုက်နိုင်ဟု ကုန်သည်ကြီးများအသင်း ပြော
( ဓာတ်ပုံ - matichon news ) 

၉ ရက်နေ့ ဧပြီလ ၂၀၂၀

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ထိုင်းရဲများက မြန်မာနိုင်ငံသား နှစ်ဦးနှင့်အတူ ဘတ်ငွေ ၁၆ သန်းခွဲ ကို ဖမ်းဆီးလိုက်ခြင်းနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးကို ထိခိုက်နိုင်ကြောင်း ထိုင်း-မြန်မာ ကုန်သည်ကြီးများ အသင်းနှင့် ထိုင်းရှေ့နေများက ပြောသည်။

ထိုင်းကုန်သည်နှင့် ထိုင်းရှေ့နေတို့က လူနှစ်ယောက် ဘတ်ငွေ သန်းချီ ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မ ရဲစခန်းမှာ မနေ့ က အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက် သတင်းထောက်များကို ပြောကြားသည်။

“တကယ်လို သူတို့ဘက်က ကုန်သွယ်ရေး တံတား ပိတ်လိုက်မယ်ဆိုရင် ကုန်သည်နဲ့ ငါတို့ပဲ ထိခိုင်နိုင်တယ်၊ အဲဒီတော့ ရဲတာဝန်ရှိသူတွေအနေနဲ့ ဥပဒေအတိုင်း မှန်မှန်ကန်ကန် လုပ်ဖို့ တောင်းဆိုချင်တယ်။”ဟု ထိုင်း−မြန်မာ ကုန်သည်ကြီးများအသင်းမှ အကြီးအကဲ နိုင်ကရစ်က ပြောသည်။

မြဝတီမြို့တွင် PTT စွမ်းအင်ဆီဆိုင် လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သည့် ဦးကျော်ဟိန်း၏ အလုပ်သမား နှစ်ဦးသည် ဧပြီလ ၇ ရက် နေ့တွင် ဓါတ်ဆီဖိုးအတွက် ငွေပေးချေရန် ကားနှင့် မဲဆောက်မြို့ကိုအသွား ဟိုင်းဝေးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုင်းသတင်းများဖော်ပြချက်အရ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံဘက်သို့ ယူဆောင်လာသည့် ငွေများသည် တရားဝင်ကြောင်း၊ ထိုင်းအကောက်အခွန်ဦးစီးဌာနမှ ပေးသည့် အထောက်အထား စာရွက်စတမ်းများ မပြသနိုင်တာကြောင့် ဖမ်းဆီးတာဖြစ်ကြောင်း သိရသည်။

ယူဆောင်လာသည့် ငွေနှင့် ပတ်သက်ပြီး ထိုင်းအကောက်အခွန်ဦးစီးဌာနမှ စာရွက်စာတမ်းမရှိပါက ထိုင်း ဥပေဒေအရ ထောင်ဒဏ် ၂ နှစ် ဒဏ်ငွေ ဘတ်ငွေ လေးသောင်း ပေးဆောင်ရမည်ဖြစ်သည်။

ဦးကျော်ဟိန်း၏ ထိုင်းရှေ့နေ နိုင်းချိုင်းဒေ့ကလည်း “အခု ဦးကျော်ဟိန်းလာပြီးတော့ လူပျောက် လာတိုင်ကြားတာပဲရှိတယ်။ ဖမ်းတဲ့ ရဲဝန်ထမ်း လေး-ငါး ယောက်ကို ဘာလုပ်မလဲဆိုတော့ ကျနော် ပြောလိုက်မယ်၊ ဘယ်တော့မှ ရဲတွေကို အကြောင်း မကြားဘူး ဘာဖြစ်လို့လဲဆိုတော့ အတူတူပဲ။”လို့ ပြောသည်။

၎င်းက ဆက်ပြီးတော့ "တံတား ပိတ်တာတွေ ဘာတွေ ဖြစ်လာမှ မင်းတို့သိမှာ" ဟု ပြောသည်။

လတ်တလော မြန်မာနိုင်ငံသား နှစ် ယောက်နှင့်အတူ ကားနှင့်ငွေတို့ကို မဲဆောက် မြို့ ရဲတာဝန်ရှိသူများက ဘန်ကောက်မြို့ရှိ ရာဇဝတ်မှုနှိမ်နင်းရေးနှင့် ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးအဖွဲ့သို့ ပို့ဆောင်ထားကြောင်း ထိုင်းသတင်းများအရ သိ ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required