ကိုရိုနာဗိုင်းရပ်စ်ကို အီတလီက စံအိမ်ကြီးမှာ လာရောက်ရှောင်တမ်းနေတဲ့ အီကာဒီ

ကိုရိုနာဗိုင်းရပ်စ်ကို အီတလီက စံအိမ်ကြီးမှာ လာရောက်ရှောင်တမ်းနေတဲ့ အီကာဒီ

PSG အသင်း တိုက်စစ်မှူး အီကာဒီကတော့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့အချိန်အတွင်း အီတလီနိုင်ငံကို ပြန်ပြီး မိသားစုနဲ့အတူ အိမ်တွင်းပုန်းနေခဲ့တာပါ။

အီတလီနိုင်ငံမြောက်ပိုင်း လွန်ဘာဒီပြည်နယ်ထဲမှာ အီကာဒီတို့ ဇနီးမောင်နှံဝယ်ထားတဲ့ ပေါင်(၂.၅)သန်းတန် နေအိမ်တစ်လုံးရှိပြီး ကိုမိုရေကန်ကြီးရဲ့နံဘေးမှာ တည်ရှိတဲ့ အိမ်ကြီးပါ။

 
 
 
 
 
 
 
 
 
 
 
 
 

Home

A post shared by Wanda nara (@wanda_icardi) on

ဧကပေါင်း (၃၆၀၀၀)ကျော် ကျယ်ဝန်းတဲ့ ရေကန်ကြီးရဲ့ နံဘေးကနေ အိမ်တွေဟာ လှပတဲ့ ရှုခင်းကို မြင်တွေ့ကြရတာကြောင့် စျေးကြီးတဲ့ အိမ်တွေဖြစ်ကြပြီး ကိုယ်ပိုင်ခြံဝန်းကျယ်နဲ့ ခမ်းနားတဲ့နေအိမ်ကြီးတွေပါ။

 
 
 
 
 
 
 
 
 
 
 
 
 

Esta es la historia de un amor ...

A post shared by Wanda nara (@wanda_icardi) on

ဒီစုံတွဲဟာ ပြင်သစ်ကနေ ကိုရိုနာဗိုင်းရပ်စ်အတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး အီတလီကို ပြန်လာခဲ့ကြပေမယ့် သူတို့ရဲ့ နေအိမ်မှာ ကျန်းကျန်းမာမာပဲ ရှိနေခဲ့ကြပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

El picnic que tanto ama Isabella , en casa buen domingo

A post shared by Wanda nara (@wanda_icardi) on

မီလန်မြို့နဲ့ မိုင်(၄၀)အကွာမှာ ရှိတဲ့ ဒီနေအိမ်ကြီးမှာ အိမ်နီးချင်းအဖြစ် နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ဂျော့ချ်ကလူးနေး နေထိုင်တာဖြစ်ပြီး သူတို့က တကယ့်မိတ်ဆွေကောင်းတွေပါ။

 
 
 
 
 
 
 
 
 
 
 
 
 

#homeschool Mañanas de tareas interminables ... @mauroicardi coki #homework #school #cuarentena.

A post shared by Wanda nara (@wanda_icardi) on

ရေကန်ကို မြင်ရတဲ့ မြင်ကွင်းကြောင့် ခြံထဲမှာပဲ မိသားစုလိုက် အချိန်ကုန်ကြတာများပြီး ကလေးတွေအနေနဲ့လည်း ခြံထဲမှာပဲ ဆော့ကစားကြတာများပါတယ်။

ဒီအိမ်ကြီးကို ၂၀၁၈ ခုနှစ်မှာ အီကာဒီက သူ့ရဲ့ဇနီးဖြစ်သူကို လက်ဆောင်ဝယ်ပေးခဲ့တာဖြစ်ပြီး ကလေး(၅)ယောက်ရှိတဲ့ အီကာဒီတို့ မိသားစုအတွက်တော့ အသင့်တော်ဆုံးပဲလို့ ပြောရမှာပါ။

 
 
 
 
 
 
 
 
 
 
 
 
 

Isi y @mauroicardi

A post shared by Wanda nara (@wanda_icardi) on

နေအိမ်အတွင်းမှာ အိပ်ခန်းကြီး (၃)ခန်းပါပြီး ရေချိုးခန်း (၂)ခန်း၊ မြေအောက်ခန်း၊ အိမ်အကူတွေအတွက် အခန်းတွေပါဝင်ပါတယ်။ အီကာဒီကတော့ မကြာခဏဆိုသလို ရေကန်ကြီးထဲမှာ မော်တော်ဘုတ်တစ်စီးနဲ့ လျှောက်မောင်းနေလေ့ရှိပြီး သူတို့ရဲ့ ကား (၄)စီးကို ထားဖို့အတွက်လည်း သီးသန့်နေရာတစ်ခု ရှိသေးတာပါ။

 
 
 
 
 
 
 
 
 
 
 
 
 

Les deseo a todas un hombre así para pasar la cuarentena

A post shared by Wanda nara (@wanda_icardi) on

ဒီအိမ်က လက်ရှိမှာ ပေါင်(၃.၅)သန်းလောက် တန်ကြေးမြင့်နေပြီဖြစ်ပြီး အိမ်ခြံမြေပွဲစားတွေရဲ့ အကြိုက်ဆုံးနေရာတွေထဲက တစ်ခုဖြစ်တယ်လို့လည်း အီတလီသတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

Merienda

A post shared by Wanda nara (@wanda_icardi) on

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly