ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေတဲ့ အီရန်က IMF ထံမှ အရေးပေါ် ချေးငွေ ဒေါ်လာ ငါးဘီလီယံ တောင်း

ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေတဲ့ အီရန်က IMF ထံမှ အရေးပေါ် ချေးငွေ ဒေါ်လာ ငါးဘီလီယံ တောင်း

ဧပြီ ၉

အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု တိုက်ဖျက်ရေးအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့IMF ထံကနေ အရေးပေါ်ချေးငွေ အမေရိကန်ဒေါ်လာ ငါးဘီလီယံကို အတည်ပြုပေးဖို့ ဗုဒ္ဓဟူးနေ့က တောင်းခံလိုက်ပါတယ်။

“နိုင်ငံတကာအဖွဲ့အစည်းအားလုံးကိုသူတို့ တာဝန် သူတို့ ကျေပွန်ဖို့ ကျွန်တော် တိုက်တွန်းပါတယ်။”လို့ ကက်ဘိနက်အစည်းအဝေးမှာ ရိုဟာနီက ပြောပါတယ်။

“ကျွန်တော်တို့ဟာ IMF အဖွဲ့ဝင်တွေ ဖြစ်တယ်။ ချေးငွေ ချထားပေးရာမှာ အီရန်နဲ့ အခြားနိုင်ငံတွေကြား ခွဲခြားဆက်ဆံတာမျိုး ရှိလာမယ်ဆိုရင် အီရန်ရော၊ ကမ္ဘာကပါ သည်းခံလိမ့်မှာ မဟုတ်ဘူး။”လို့ ရုပ်သံကနေ ထုတ်လွှင့်တဲ့ အဆိုပါ အစည်းအဝေးမှာ ရိုဟာနီက ပြောပါတယ်။

ကမ္ဘာမှာ COVID-19 ကြောင့် သေဆုံးသူအများဆုံး နိုင်ငံထဲမှာ အပါအဝင်ဖြစ်တဲ့ အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အကူအညီပေးဖို့ IMF ထံကနေ ချေးငွေမေတ္တာရပ်ခံထားကြောင်း အီရန်နိုင်ငံဟာ မတ် ၁၂ ရက်က ကြေညာထားတာပါ။

အီရန်နိုင်ငံဟာ ၁၉၆၀ ကနေ ၁၉၆၂ ခုနှစ်ကြား အရေးပေါ်ချေးငွေကိစ္စရပ်တစ်ရပ် ဖြစ်ပွားပြီးနောက်ပိုင်း IMF ထံကနေ အကူအညီတွေ လက်ခံရရှိတော့ခြင်း မရှိကြောင်း IMF စာရင်းဇယားတွေအရ သိရပါတယ်။

IMF ဝက်ဘ်ဆိုက်အရ ညီမျှတဲ့ ချေးငွေချထားပေးမှု အားချင်းလိုအပ်နေတဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးဟာ ရုတ်ခြည်းဘဏ္ဍာရေးထောက်ပံ့မှု ရယူနိုင်မှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အီရန်နိုင်ငံက နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၆၂၅၀၀  ကျော်ရှိပြီး သေဆုံးသူ ၃၈၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် သေဆုံးသူနဲ့ ကူးစက်သူဦးရေ နှုန်းထားအမှန်ဟာ ဒီထက်ပို မြင့်မားနိုင်တယ်လို့ ပြည်ပနိုင်ငံတွေက ထင်ကြေးပေးယူဆလျက် ရှိနေပါတယ်။

“တကယ်လို့ ဒီ အခက်အခဲကာလမှာ သူတို့ဟာ ကိုယ့်တာဝန်ကို မကျေပွန်ဘူးဆိုရင်တော့ ကမ္ဘာက သူတို့ကို မတူညီတဲ့ လမ်းကြောင်းကနေ စီရင်ဆုံးဖြတ်လိမ့်မှာ ဖြစ်တယ်။”လို့ သမ္မတ ရိုဟာနီက ပြောသွားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly